မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/ဆွမ်းဦးပေးခြင်း

ဝီကီရင်းမြစ် မှ
3354ဝိနည်းဥပဒေတော်ကြီး — ၄၄။ ဆွမ်းဦးပေးခြင်းအရှင်သြဘာသ

၄၄။ ဆွမ်းဦးပေးခြင်း

အမိ, အဘ၊ မိဘတို့၏ အလုပ်အကျွေး၊ မိမိ ဝေယျာဝစ္စဒကာ၊ သပိတ် သင်္ကန်း စီရင်ဆဲ ရှင်လောင်း၊ ဤ ငါးယောက်အား ဆွမ်းဦး ပေးကောင်း၏၊ရှင်လောင်းအားကား သပိတ်ခွက်၌ (ဝါ) ရဟန်းများ သုံးနေကျ ခွက်၌ ထည့်၍လည်း ပေးကောင်း၏၊ ရှင်လောင်းမှ တစ်ပါး မိဘအားသော်လည်း ဤသို့ မပေးကောင်း။ ရဟန်းအသုံးအဆောင်သည် လူတို့အား စေတီထိုက်၏၊ ရဟန်းများ သုံးဆောင်သော ပန်းကန်, ဖျာ, ကော်ဇော စသည်ကို လူတို့အား ခေတ္တ ငှားသော ရဟန်းသည် ထိုလူတို့အား ချီးမြှောက်ခြင်းဖြစ်သလော၊ ချီးမြှောက်၍ ဆောင့်ချခြင်း ဖြစ်သလော၊ မသိရှာသူ လူတို့မှာ သနားဖွယ် ဝန်လေးလေစွ။

ကျောင်းသို့ ရောက်လာသော ဓားပြ, သူခိုး, အစိုးရတို့အားလည်း ဆွမ်းဦး ပေးကောင်း၏၊ အန္တရာယ် ပြုတတ်သောကြောင့်တည်း။

ကျောင်းသို့ ရောက်လာသော ဧည့်သည်, လူဆင်းရဲ, ခိုးသူ, အစိုးရတို့အား သောက်ရေ သုံးရေ ခြေနယ်ဆီ စားသောက်ဖွယ်တို့ကိုလည်း လာဘ်မမျှော်ဘဲ ပေးအပ်၏၊

ဆွမ်းဦးပေးခြင်း ပြီးပြီ။