မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/ဘိက္ခုနီပါတိမောက် (မြန်မာသက်သက်)

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၁၂။ ဘိက္ခုနီပါတိမောက် (မြန်မာသက်သက်)
3372ဝိနည်းဥပဒေတော်ကြီး — ၁၂။ ဘိက္ခုနီပါတိမောက် (မြန်မာသက်သက်)အရှင်သြဘာသ

၁၂။ ဘိက္ခုနီပါတိမောက် (မြန်မာသက်သက်)

မှတ်ချက်။ ။ ဘိက္ခုနီပါတိမောက်၌ ပါရာဇိက (၈)ပါး, သံဃာဒိသေသ် (၁၇)ပါး, နိဿဂ္ဂိယပါစိတ် (၃၀), သုဒ္ဓပါစိတ် (၁၆၆)ပါး, ပါဋိဒေသနီယ (၈)ပါး, သေခိယ (၇၅)ပါး, အဓိကရဏသမထ (၇)ပါးအားဖြင့် သိက္ခာပုဒ်ပေါင်း (၃၁၁)ပါး ရှိသည်။

သိက္ခာပုဒ် (၃၁၁)ပါး ရှိသော်ငြားလည်း ဘိက္ခုပါတိမောက်၌ ရေးသား ထားသော နိဒါန်း, ခရေပွင့် (*) အမှတ်အသားဖြင့် ပြထားသော ‘သာဓာရဏ’ သိက္ခာပုဒ် (၁၈၁)ပါးနှင့် ပါရာဇိကအခန်း, သံဃာဒိသေသ်အခန်း စသော အခန်း အသီးအသီးတို့၏ နိဂုံးတို့သည် ဘိက္ခုနီပါတိမောက်၌လည်း အကျုံးဝင်နေသည် ဖြစ်၍ ၎င်းတို့ကို ဖယ်ထုတ်လိုက်လျှင် ကျန်သော သိက္ခာပုဒ် (၁၃၀)တို့ကိုသာ ကျက်မှတ်ဖို့ လိုသည်။ [၎င်းတို့ကား ပါရာဇိက (၄)ပါး, သံဃာဒိသေသ် (၁၀)ပါး, နိဿဂ္ဂိယ ပါစိတ် (၁၂)ပါး, သုဒ္ဓပါစိတ် (၉၆)ပါး, ပါဋိဒေသနီယ (၈)ပါးအားဖြင့် ပေါင်း (၁၃၀) ဖြစ်သည်။ ၎င်းတို့ကို ‘အသာဓာရဏ’ သိက္ခာပုဒ်များဟု ခေါ် သည်။] ဘိက္ခုနီပါတိမောက် တစ်စောင်လုံးကို ရေးဖို့ မလို၍ ‘အသာဓာရဏ’ သိက္ခာပုဒ် (၁၃၀)တို့ကိုသာ ရေးသားပါအံ့။

သိက္ခာပုဒ်များကို အာဂုံပြန်ဆိုရာ၌ ‘ပါရာဇိကအခန်း’စသော ခေါင်းစဉ် အမည်များကိုထည့်၍ ဆိုရန်မလို။ သို့ရာတွင် ‘လသုဏ’စသော ဝဂ်အမည် များကို ထည့်၍ ဆိုပါ။ [မှတ်ချက်တို့၌ လာသော စကားများကို အာဂုံဆောင်ရန် မလို။ သိက္ခာပုဒ်အဆုံး၌ ["] ဤအမှတ်အသားဖြင့် ပြထားသော စကားလုံး များကိုလည်း ထည့်၍ဆိုရန် မလိုပါ။]