ဝိနည်းဥပဒေတော်ကြီး/ဘုရားရှိ မရှိ အာပတ်သုံးမျိုး
ပုံပန်းသွင်ပြင်
၅၇။ ဘုရားရှိ မရှိ အာပတ် ၃-မျိုး
လောဟိတုပ္ပါဒ အဘဗ္ဗပါရာဇိက အာပတ်သည် ဘုရားရှိခိုက်သာ သင့်သည်၊ မထေရ်ကြီးကို “အာဝုသော”ဟု ခေါ်သောကြောင့် သင့်သော အာပတ်သည် ဘုရား မရှိမှသာ သင့်သည်။ ကြွင်းအာပတ်အားလုံးသည် ဘုရားရှိ မရှိ အခါမရွေး သင့်ကုန်၏၊ ထိုတွင် အာဝုသော အာပတ် ကို ဝိနည်း၌ မပညတ်၊ သုတ်မဟာဝါ မဟာပရိနိဗ္ဗာနသုတ်၌ နိဗ္ဗာန်စံလုနီး ပညတ်သွားသည်ကို ရှင်ဥပါလိမထေရ်သည် ပရိဝါပါဠိတော်၌ သွင်း၍ ပြသည်။ [ပြီးပြီ။]