ဝိသုံဂါမ သီမာဝိနိစ္ဆယ/မြို့တွင်း၌ ဝိသုံဂါမဖြစ်နိုင်ပုံ
ပရဝါဒီသည် ကလေးသူငယ်တို့၏ အသိဉာဏ်မျိုးဖြင့် ကောဠမ္ဗမြို့သည် နဂရဖြစ်၍ ထိုအတွင်း၌ ဝိသုံဂါမ မဖြစ်နိုင်ဟုဆိုပြန်၏။ ထိုသူတို့သည် ဝိနည်းအရာ၌ သနားဘွယ်ရာ နားမလည်သော သူတည်း။
ထိုစကားကို ထင်ရှားအောင် ပြပေအံ့။ ပိဋကတ်တော်၌ ဂါမသဒ္ဒါ သည်မြို့, နိဂုမ်း, ရွာဟူသော အနက်သုံးပါးကို ဟောနိုင်သော သာမညသဒ္ဒါတည်း။ နိဂမသဒ္ဒါသည်ကား မိမိ၏အနက်ဝိသေသကိုသာ ဟောသော ဝိသေသသဒ္ဒါတည်း။ ထိုသဒ္ဒါနှစ်ခုသည် ‘ဓမ္မဝိနယ” သဒ္ဒဒွယကဲ့သို့ သမာသာသမာသအားဖြင့် ယှဉ်တွဲလျက် ပိဋကတ်တော်၌ ကျင်လည်တတ်၏။ ထို့ကြောင့် ပတိယောဂီဒွန္ဒစာရီ သဒ္ဒဒွယဟု ဆိုသင့်ဆိုထိုက်၏။ ထိုတွင် အသမာသအားဖြင့်ကား ဝိနယ၌ “ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿယ ဝိဟရတိ”သည်၊ ဥဒါဟရုဏ်တည်း။ အဘိဓမ္မ (အဘိ၊ ဝိ၊ ၄ဝဝ၊ )၌ “ပုန စပရံ ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော" ဟူသော ခုဒ္ဒကဝတ္ထု ဝိဘင်္ဂပါဠိသည် ဥဒါဟရုဏ်တည်း။ သုတ္တန္တ၌ “ဣဓ ဗျဂပဇ္ဇ ကုလပုတ္တော ယသ္မိံ ဂါမေ ဝါ နိဂမေ ဝါ ပဋိဝသတိ”ဟူသော အဋ္ဌင်္ဂုတ္တရ ဗျဂ္ဃပဇ္ဇသုတ် (အံ၊ ၃။ ၁၀၈။ )သည် ဥဒါဟရုဏ်တည်း။ သမာသအားဖြင့်ကား “ယံ ဇညာ ဂါမနိဂမံ ဣမံ ခေါ မေ ဂါမနိဂမံ သေဝတော အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ” ဟူသော နဝင်္ဂုတ္တရ သမ္ဗောဓိဝဂ် ဆဋ္ဌသုတ် (အံ၊ ၃။ ၁ရရ။) သည် ဥဒါဟရုဏ်တည်း။
ဓမ္မဝိနယသဒ္ဒဒွယ၌ကား “ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော” ဟူသော (ဒီ၊ ၂။ ၁၂၆-ရ။) မဟာပရိနိဗ္ဗာနသုတ်, “ဧဝ ရူပေ ခေါ ဘိက္ခဝေ ဓမ္မဝိနယေ ယော သတ္ထရိ ပသာဒေါ”ဟူသော မူလပဏ္ဏာသ စူဠသီဟနာဒသုတ် (မ၊ ၁။ ၉၆။) စသည်တို့သည် သမာသာသမာသအားဖြင့် ဥဒါဟရုဏ်တို့တည်း။
ထို့ကြောင့် ဂါမသဒ္ဒါသည် မိမိချည်း တည်နေသောအခါ ဂါမ, နဂရ, နိဂမဟူသော အနက်သုံးပါးကိုဟော၏။ နိဂမဟူသော သဒ္ဒါတစ်ပါးနှင့် ယှဉ်သောအခါ ဂေါဗလီဗဒ္ဒနျာယအားဖြင့် ယှဉ်ဘက် ပတိယောဂီသဒ္ဒါ၏အနက်မှ တပါးသောဂါမ, နဂရဟူသော အနက်နှစ်ပါးကို ဟော၏။ ဂေါဗလီဗဒ္ဒနျာယဟူရာ၌ အဓိပ္ပါယ်ကား ဂေါသဒ္ဒါသည် မိမိချည်းတည်နေသောအခါ နွားအားလုံးကိုဟော၏၊ ဗလီဗဒ္ဒသဒ္ဒါနှင့် တွဲစပ်သောအခါ ယှဉ်ဘက်ပတိယောဂီသဒ္ဒါသည် ဟောအပ်သော ဝန်ဆောင်နွားဟူသော အနက်မှတစ်ပါးသော ဝစ္ဆ, ဝစ္ဆတရ, ဒမ္မ, ဇရဂ္ဂဝ, ဂါဝီတို့ကိုဟော၏။ ဥဒါဟရုဏ်ကား “ဓမ္မော စ ဝိနယော စ ဒေသိတော” စသည်တည်း။ ဤ၌ ဓမ္မသဒ္ဒါသည် သဒ္ဒါတပါးနှင့် မတွဲမဘက် မိမိချည်းသက်သက် တည်နေသော “ပဒသော ဓမ္မံ ဝါစေယျ” စသောအရာ၌ သုတ္တ, အဘိဓမ္မ, ဝိနယသုံးပါးကိုဟော၏။ ဤ၌ကား ဝိနယဟူသောသဒ္ဒါတပါး နှင့် ယှဉ်သောကြောင့် ယှဉ်ဘက်ပတိယောဂီသဒ္ဒါ၏ အနက်မှ တစ်ပါးသော သုတ္တ အဘိဓမ္မဟူသော အနက်နှစ်ပါးကိုဟော၏။
ထို့အတူ “ယံ ဂါမံ ဝါ နိဂမံ ဝါ”ဟူရာ၌ ဂါမသဒ္ဒါသည် နိဂမသဒ္ဒါနှင့်ယှဉ်သောကြောင့် ယှဉ်ဘက် ပတိယောဂီသဒ္ဒါ၏ နိဂုမ်း ဟူသော အနက်မှကြွင်းသော မြို့, ရွာဟူသော အနက်နှစ်ပါးကို ဟော၏။ ထို့ကြောင့် အဋ္ဌကထာ၌ “ဂါမဂ္ဂဟဏေန စေတ္ထ နဂရမ္ပိ ဂဟိတမေဝ ဟောတိ” ဟုမြို့ကို ဂါမသဒ္ဒါ၏ အနက်တွင်းသို့သွင်း၍ ဘွင့်တော်မူ၏။ (ဤ၌ ပရဝါဒီကဲ့သို့ “ဝါသဒ္ဒေန”ဟု မဆိုမူ၍ “ဂါမဂ္ဂဟဏေန” ဟု အဋ္ဌကထာဆိုသည်ကို သတိပြု။) နိဂမသဒ္ဒါနှင့် မယှဉ်မူ၍ မိမိချည်းသက်သက် တည်နေသောအခါ မြို့ နိဂုမ်း, ရွာဟူ သော အနက်သုံးပါးလုံးကို ဟော၏၊ ထို့ကြောင့် “ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ”ဟူသော အဝိပ္ပဝါသ ကမ္မဝါစာပါဠိ (ဝိ၊ ဋ္ဌ၊ ၃။ ၃၃၁၊)၌ “ဧတ္ထ စ နိဂမနဂရာနမ္ပိ ဂါမေနေဝ သင်္ဂဟော ဝေဒိတဗ္ဗော”ဟူ၍၎င်း။ “ဂါမာ ဝါ အရညာ ဝါ”ဟူသော အဒိန္နာဒါန သိက္ခာပဒပါဠိ၌ “ဣမသ္မိဉ္စ သိက္ခာပဒေ နိဂမောပိ နဂရမ္ပိ ဂါမဂ္ဂဟဏေနေဝ ဂဟိတိန္တိ ဝေဒိတဗ္ဗံ”(ဝိ၊ ဋ္ဌ၊ ၁။ ၂၅၉။ ) ဟူ၍၎င်း အဋ္ဌကထာဆရာ ဘွင့်တော်မူ၏။
အထူးကား “ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ” ဟူသောပါဠိ, “ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ” ဟူသော အဓိပ္ပဝါသ ကမ္မဝါစာ, “ဂါမာ ဝါ အရညာ ဝါ အဒိန္နံ ထေယျသင်္ခါတံ အာဒိယေယျ” ဟူသော အဒိန္နာဒါန် သိက္ခာပုဒ်စသည်၌ ဂါမဗ္ဘန္တရဝိဟာရ, ဂါမန္တ ဝိဟာရတို့သည် ဂါမသို့ဝင်ကုန်၏၊ “ယော ပန ဘိက္ခု သန္တံ ဘိက္ခု အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ”စသော သိက္ခာပုဒ်တို့၌ ကျောင်းတိုက်သည် ဂါမသို့ မဝင်ဟုမှတ်အပ်၏။
ပရဝါဒီဆိုတိုင်း နဂရကို ဂါမသဒ္ဒါဖြင့် မယူနိုင်ပါမူ အဝိပ္ပဝါသ ကမ္မဝါစာ၌ နဂရ, နိဂမသဒ္ဒါမပါသောကြောင့် မြို့ နိဂုမ်း တို့၌၎င်း , အန္တောဂါမဝိဟာရတို့၌၎င်း ထိုသိမ်သက်၏ဟူ၍၎င်း၊ အဒိန္နာဒါနသိက္ခာပုဒ်၌ “ဂါမာ ဝါ အရညာ ဝါ”ဟုသာ ဟောတော်မူခြင်းကြောင့် မြို့ နိဂုမ်းတို့မှသော်၎င်း, ဂါမန္တဝိဟာရမှသော်၎င်း အဘိုးထိုက် ဝတ္ထုကိုပင်ခိုးသော်လည်း ပါရာဇိကအာပတ်မသင့်ဟူ၍၎င်း၊ “ယော ပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ” ဟူသော သိက္ခာပုဒ်၌ ဂါမသဒ္ဒါကိုသာ ဟောတော်မူခြင်းကြောင့် မြို့တွင်းသို့မူ ထိုသိက္ခာပုဒ်ကို မကျင့်ဘဲ သွားသင့်၏ဟူ၍၎င်း၊ ဤသို့ စသည်ဖြင့် များစွာသော အနဋ္ဌပ္ပသင်္ဂတို့သည် ဝင်ရောက်လာကုန်၍ ဝိနည်း ပိဋကတ်တော်တစ်ခုလုံးကို ဖျက်ဆီးပစ်ရာ ရောက်လတံ့။ (ပါတိမောက်၏ အဓိပ္ပါယ်ကိုမျှ နားမလည်ဘဲလျက် ဝိနယဓရ ပြုလုပ်နေခြင်းသည် ထိတ်လန့်ဘွယ်ကောင်းလေစွ၊ လင်္ကာကျွန်း၌ ဝိနယသာသနာ တိုးပွားပါစေသတည်း။)
ဤ၌ပြဆိုခဲ့ပြီးသော ပါဠိ အဋ္ဌကထာ သာဓကတို့ဖြင့် ဂါမသဒ္ဒါသည် မြို့ရွာ, နိဂုမ်းဟူသော အနက်သုံးပါးကို ဟောနိုင်သောကြောင့် ကောဠမြို့တွင်း၌ ဝိသုံဂါမသိမ် ဖြစ်နိုင်၏ဟု စင်စစ် မုချမှတ်အပ်၏။
ပရဝါဒီသည် “ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ” ဟူသောပါဠိကို တစ်ပါးသော ပါဠိအဋ္ဌကထာတို့ကိုလည်း မထောက်ဆတတ်၊ အသင့်ယုတ္တိ ရှိ မရှိကိုလည်း မဆင်ခြင် မစဉ်းစားတတ်သောကြောင့် သဗ္ဗသင်္ဂါဟကအနဝသေအပရိယာဒါန စကားထင်ပြီးလျှင် အသမ္မတာယ သီမာယ အဋ္ဌပိတာယ ယံ ဝိသုံ ဂါမံ ဥပနိဿာယ ဝိဟရတိယာ တဿ ဧကူပေါသထာ”ဟု ဗျတိရေကပါဠိကို စီလုပ်၍ ရဟန်းမှီ နေလောက်အောင် အိမ်, လယ်, ယာရှိမှ ဝိသုံဂါမဟု ယံ ဝါ တံ ဝါ မုခါရုဠှ စကားကိုဆိုပြန်၏၊ ထို “ယံ ဂါမံ ဝါ” စသော ပါဠိကား သဗ္ဗသင်္ဂါဟက အနဝသေသပရိယာဒါန စကားမဟုတ်၊ လောကပ္ပသိဒ္ဓိ ဂါမနိဂမတို့ကိုရည်၍ ဟောတော်မူအပ်သော စကားတော်သာတည်း။ ထိုအကြောင်းကို နဒီ, သမုဒ္ဒ, ဇာတဿရတို့၌ရှိသော ကျောက်ဆောင်, ကျွန်း, တောင်တို့ကို မနုဿဂေါစရ မနုဿူပစာရအတွင်းသို့ ကျရောက်ရုံမျှနှင့် အိမ်, လယ်,ယာမရှိသော်လည်း ဂါမသီမာဟု အဋ္ဌကထာ၌ဆိုသောကြောင့်၎င်း၊ ပါရာဇိကကဏ္ဍ ပါဠိတော်၌ “ဂါမောနာမ ဧကကုဋိကောပိ ဂါမော ဒွိကုဋိကောပိ ဂါမော’ ဟု ဧကကုဋိကဂါမ (တစ်အိမ်သာရှိသောရွာ)ကို ဟောတော်မူခြင်း ကြောင့်၎င်း သိအပ်၏။
ထိုပါဠိ၏အဓိပ္ပါယ်ကို ထင်စွာပြဥုးအံ့။ “ဧကကုဋိကောပိ ဂါမော၊”ဟု သာမညအားဖြင့် ဟောတော်မူခြင်းကြောင့် လယ်လုပ် ယောက်ျား၏အိမ်သာ ဂါမမည်သည်ဟု မမှတ်အပ်၊ ကောသမ္မကက္ခန္ဓက (ဝိ၊ ၃။ ၄၉ရ။) ၌၎င်း မူလပဏ္ဏာသ စူဠဂေါသိင်္ဂသာလဝနသုတ် (မ၊ ၁။၂၆၆။) စသည်၌၎င်း “အဒ္ဒသ ခေါ ဒါယ ပါလော ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တေ”ဟုလာသော ပါစီနဝံသဒါယမည်သော တော၏ တောစောင်ကဲ့သို့သော တောစောင့်၏ တစ်ခုတည်းသော အိမ်သည်လည်း ဂါမမည်၏။ အဒိန္နာဒါနသိက္ခာပုဒ်စသည်၌ ဂါမ, ဂါမူပစာရ အရကို “ပရိက္ခိတ္တဂါမဖြစ်အံ့ ပရိက္ခေပ၏အတွင်းသည် ဂါမ၊ ပရိက္ခေပ မှ ပြင်ပခဲတစ်ကျသည် ဂါမူပစာရ”ဟု, “အပရိက္ခိတ္တဂါမဖြစ်အံ့၊ ဃရူပစာရမှ ပြင်ပ ခဲတစ်ကျသည် ဂါမ၊ ထိုမှပြင်ပ ခဲတစ်ကျသည်ဂါမူပစာရ”ဟု ယူအပ်သကဲ့သို့ ထို့အတူ ဤသီမာဝိနိစ္ဆယအရာ၌ မယူအပ်။ ဤ၌ကား “ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ”ဟူသောပါဠိတော်၌ “ဂါမူပစာရောတိ ပရိက္ခိတ္တဿ ပရိက္ခေပေါ အပရိက္ခိတ္တဿ ပရိက္ခေပေါ ကာသော၊”ဟု (ဝိ၊ ဋ္ဌ၊ ၃။ ၃၃၁။) အဋ္ဌကထာဆရာ ဘွင့်ခြင်းကြောင့်၎င်း၊ ဝဇီရဗုဒ္ဓိဋီကာ(ဝဇိရ၊ ၄၅၆။) ၌ “ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ ဌပေတွာ၊ ကေစိ “ပရိက္ခိတ္တံ သန္ဓာယ ဂါမန္တိ ဝုတ္တံ၊ အပရိက္ခိတ္တံ သန္ဓာယ ဂါမူပစာရ ‘န္တိ ဝဒန္တိ၊ တံ ပန အဋ္ဌကထာယ ဝိရုဇ္ဈတိ၊ တသ္မာ နိဝေသန ရစ္ဆာယော သန္ဓာယ ဂါမံ, ပရိက္ခေပါရဟဋ္ဌာနာနိ သန္ဓာယ ဂါမူပစာရန္တိ စ ဝုတ္တံ”ဟု ဆိုခြင်းကြောင့်၎င်း, အိမ်, လမ်းစသော ရွာတွင်းကို ဂါမဟု, ပရိက္ခေပရှိလျှင် ပရိက္ခေပ, မရှိလျှင် ပရိက္ခေပါရဟဋ္ဌာနကို ဂါမူပစာရဟု ယူအပ်၏၊ ထို့ကြောင့် ဒါယပါလ၏ အိမ်တံစက်မြိတ် အတွင်းကိုဂါမ၊ ထို၏ပရိက္ခေပပရိက္ခေပါရဟဋ္ဌာနကို ဂါမူပစာရဟု မှတ်အပ်၏။ ၎င်း၏အိမ်သည် ကျယ်ဝန်းလှပါမူ ဆယ်တောင် ပတ်လည်ရှိရာ၏၊ ထိုအိမ်၏ ပရိက္ခေပသည်လည်း ဝန်းကျင်ပတ်လည် ဆယ်တောင်စီ ရှိရာ၏၊ ထိုအတွင်း ၎င်း၏ သုံးဆောင်ရန် ရေတွင်း ဟင်းရွက်ဟင်းသီးခင်းတို့သည်လည်း ရှိကုန်ရာ၏၊ ထိုပတ်လည် အတောင်သုံးဆယ်လောက် ရှိသော ဒါယပါလ၏ ဂါမ၌ ရဟန်း၏ ကျောင်းဆောက်မှီနေလောက်အောင် အရပ်အကွက် မရှိသောကြောင့် ပရဝါဒီ၏အလိုအားဖြင့် ထိုဒါယပါလ၏ ဧကကုဋီက ဂါမသည် ဂါမမမည်သင့်ဟူသော အနိဋ္ဌပသင်္ဂရောက်၏။ ထို့ကြောင့် “ယံ ဂါမံ ဝါ နိဂမံ ဝါ” စသော ပါဠိကိုသဗ္ဗသင်္ဂါဟက အနဝသေသ ပရိယာဒါန စကားမဟုတ် လောကပသိဒ္ဓ ဂါမ နိဂမတို့ကိုရည်၍ ဟောတော်မူ အပ်သောစကားဟုသာ မှတ်အပ်၏။
တစ်နည်းလည်း “ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ"ဟူသောစကားကို ဝိနည်းကံနှင့် စပ်သောအရာ၌ ဟောတော်မူအပ်သောကြောင့် ဝိနည်းကံပြုခြင်းငှါ အကြင်ဂါမသိမ်၌ ရဟန်းသည် နေ၏၊ ထိုဂါမသိမ်ကို ရည်၍ ဟောတော်မူအပ်၏၊ ကျောင်းထိုင်၍၎င်း, ဆွမ်းခံ၍၎င်း မှီနေအပ်သောရွာကိုရည်၍ ဟောတော်မမူအပ်။ ထိုကိုရည်၍ ဟောတော်မူအပ်သည်ဟု ပရဝါဒီက ဆိုငြားအံ့၊ ရဟန်းသည်ကျောင်းထိုင်၍၎င်း, ဆွမ်းခံ၍၎င်း မမှီနေအပ်သော ဂါမ နိဂမတို့သည် ထိုရဟန်း၏ သမာနသံဝါသ ဧကူပေါသထ သိမ်မဟုတ်သောကြောင့် ထို၌သွား၍ တစ်စုံတစ်ခုသောဝိနည်းကံကို မပြုကောင်းဟူသော အနိဋ္ဌပသင်္ဂရောက်၏။
“ဂါမသီမာ’ပုဒ်ကို “ဂါမဿ သီမာ ဂါမသီမာ'ဟု ဝိဂ္ဂဟပြု၍ အိမ်နှင့်တကွသော ရွာနယ်ကို၎င်း၊ ပြဆိုခဲ့ပြီးသော အဋ္ဌကထာနည်းဖြင့် အိမ်ပင်မရှိသော်လည်း မနုဿူပစာရဖြစ်၍ ဂါမဟု လောက၌ လူတို့သည် ပညတ်အပ်သော အရပ်ကို၎င်းယူ။ ထိုကဲ့သို့သော တပ္ပုရိသ် သမာသ်ကို ဗျာကရုဏ်းဆရာတို့က “အဇဟမာနသကတ္ထဝုတ္တိ’ ဟု ဆိုကုန်၏။ (အဇဟမာနာနိ ပဒါနိ သကတ္တံ ယဿာ သာ အဇဟမာန သကတ္ထာ၊ သာ စ သာ ဝုတ္တိ စာတိ အဇဟမာနသကတ္ထဝုတ္တိ ဟု ဝိဂ္ဂဟပြု။) ဝိမတိဝိနောဒနီဋီကာ, ဝိနယာလင်္ကာရဋီကာတို့၌ကား ဆိုခဲ့ပြီးသောနည်းဖြင့် တပ္ပုရိသ်သမာသ်ပြုလျှင် ပါဠိတော်နှင့်ပင်ညီသော်လည်း အနက်ကို အသိခက်သောကြောင့် ကင်္ခါဝိတရဏီအဋ္ဌကထာ(ကင်္ခါ၊ ၁၁၄) ၌ “အတ္ထံ ဟိ နာထော သရဏံ အဝေါစ၊ န ဗျဉ္ဇနံ လောကဟိတော မဟေသိ၊ တသ္မာ အကတွာ ရတိမက္ခေရေသု၊ အတ္ထေ နိဝေသေယျ မတီ ပုတီမာ”ဟု ဆိုအပ်သော အဋ္ဌကထာဆရာ၏ အနုသာသနီကိုနှလုံးသွင်း တော်မူ၍ “ဂါမော ဧဝ သီမာ ဂါမသီမာ” ဟု အနက်ကို သိလွယ်စေ ခြင်းငှါ ဝိသေသနသမာသ် ပြုကြကုန်၏။
ထို့ကြောင့် ဝိမတိဝိနောဒနီဋီကာ (ဝိမတိ၊ ၂။ ၁၅၆။) ၌ “ယာ တဿ ဂါမဿ ဝါ ဂါမသီမာတိ ဧတ္ထ ဂါမသီမာပရိစ္ဆေဒဿ အန္တော စ ဗဟိ စ ခေတ္တ ဝတ္ထုအရညပဗ္ဗတာဒိကံ သဗ္ဗံ ဂါမခေက္ခတ္တံ သန္ဓာယ “ဂါမဿာ”တိ ဝုတ္တံ၊ န အန္တရဃရမေဝ၊ တသ္မာ တဿ သကလဿ ဂါမက္ခေတ္တဿ သမ္ဗန္ဒနီယာ ဂါမသီမာတိ ဧဝမတ္ထော ဝေဒိတဗ္ဗော၊ ယော ဟိ သော အန္တရဃရခေတ္တာဒီသု အနေကေသု ဘူမိဘာဂေသု “ဂါမော”တိ ဧကတ္တေန လောကဇနေဟိ ပညတ္တော ဂါမဝေါဟာရော၊ သောဝ ဣဓ “ဂါမသီမာ"တိပိ ဝုစ္စတီတိ အဓိပ္ပါယော၊ ဂါမော ဧဝ ဟိ ဂါမသီမာ” ဟု ဆိုတော်မူ၏။
(အလွန်များမည်စိုးသောကြောင့် ဝိနယာလင်္ကာရဋီကာ ပါဌ်ကိုမဆောင် အပ်သတည်း။)
ထို့ကြောင့် ရဟန်းတို့ မှီခိုနေထိုင်လောက်အောင် အိမ်,လယ်, ယာတို့နှင့်ပြည့်စုံသော ရွာသီးသည်သာ ဝိသုံဂါမသီမာဟုဆိုသော ပရဝါဒီ၏စကားကို စွန့်ပစ်အပ်၏။
အချို့သူတို့သည် တောင်ကာလုတရ, မြောက်ကာလုတရ’ ဟူသကဲ့သို့ လောက၌ ထင်ရှားအောင် နှစ်ရွာတွဲမှ ဝိသုံဂါမဟု အခြေအမြစ်မရှိသော စကားကို ဆိုကုန်၏။ ထိုသူတို့သည် ဂါမိက ဗာလဇနတို့၏အသိကို ပမာဏပြုသော သူတို့သာတည်း။ ထိုသူတို့၏ အလိုအားဖြင့် အောက်၌ပြဆိုခဲ့ပြီးသော နဒီ, သမုဒ္ဒ, ဇာတဿရအတွင်းရှိ ကျောက်ဖျာ, ရေတွင်း, ဘူး, သခွားခင်းတို့သည် လူအပေါင်းတို့က တစ်ခုသောဂါမဟု မသိကြသောကြောင့် ဝိသုံဂါမဖြစ်ရာ။
ထို့ပြင် မင်းက နယ်သီးမပြုအပ်သော်လည်း လောကဝေါဟာရအားဖြင့် နှစ်ရွာတွဲလျှင်ပင် ဝိသုံဂါမ ဖြစ်ရာ၏။ ထိုကဲ့သို့ကား မဖြစ်ချေ။ ထိုစကားမှန်၏။ အချို့ရွာသည် အလယ်၌ရှိသော ချောင်းငယ်,မြောင်းငယ်ကိုမျှစွဲ၍ အရှေ့ရွာ, အနောက်ရွာဟု လောက၌ ထင်ရှား၏။ အချို့ရွာသည် ရှေးအဘို့၌ ရွာငယ်နှစ်ခုဖြစ်၍ နောက်တဖြည်းဖြည်း စည်ကားလာပြီးလျှင် တစ်ရွာတည်းကဲ့သို့ဖြစ်နေ၏။ ရွာသူရွာသားတို့၏ အမှတ်အသားမျှဖြင့်သာ ပိုင်းခြားနိုင်၍ တစ်စပ်တည်း ဖြစ်နေ၏။ အမည်အားဖြင့်ကား “ဤမည်သောရွာ' ဤမည်သောရွာ'ဟု ကွဲပြား၏။ ရွာသူ ရွာသားတို့ကလည်း မိမိတို့သည် “ဤမည်သောရွာသား , ဤမည်သောရွာသား'ဟု ခွဲခြား၍ပင် ပြောဆိုကြကုန်၏။ သို့သော်လည်း ထိုနှစ်ရွာကို အုပ်ချုပ်သောသူကြီးမှာ တစ်ဥုးတည်းဖြစ်၍ ရာဇပဏ္ဏဟူသော အစိုးရ ၏မြေပုံ၌လည်း တစ်ရွာတည်း, တနယ်တည်းသာဟု ပိုင်းခြားလျက်ရှိ၏။ ထိုကဲ့သို့သောရွာသည် လောကဝေါဟာရအားဖြင့် နှစ်ရွာဟု သိခြင်း မသိခြင်းသည်၎င်း၊ အခွန်အတုတ်ရခြင်း , မရခြင်းသည်၎င်း၊ မြေနယ်အကျဉ်းအကျယ်သည်၎င်း ပမာဏမဟုတ်၊ ရာဇပဏ္ဏဟူသော အစိုးရ၏မြေပုံ၌တင်၍ ခွဲခြမ်းပေးကမ်း ခြင်းသည်သာ ပမာဏဟု သန္နိဋ္ဌာန်ကျ မှတ်အပ်၏။