မာတိကာသို့ ခုန်သွားရန်

သင်လျင်သိရတ်မောင်နှံ ကျောက်စာ

ဝီကီရင်းမြစ် မှ
သင်လျင်သိရတ်မောင်နှံကျောက်စာ (သက္ကရာဇ် ၆၀၁)
by သင်လျင်သိရတ်မောင်နှံ
3562သင်လျင်သိရတ်မောင်နှံကျောက်စာသက္ကရာဇ် ၆၀၁သင်လျင်သိရတ်မောင်နှံ

(မျက်နှာဘက်)
၁၊၂၊၁၀၄၊၁။
“သင်လျင်သိရတ်နှင္အ် မိယာအုဝ္အ်ပ္လည်သင်နှင္အ်
အကွ ဆိုဝ်ငြယ် ချံသာ ဥစာရှာရုယ်။ ကျွန် ငမ္လျိုဝ်ကိုဝ် ဥစာဝယ်ရ၏
။ကုလက္လောင် ပုရှာရှုယ်ပြီရကာ။ က္လွည်စိမ္အ်သောငှာ လှူသော
ပုရှာကျွန် ငမ္လျိုဝ် ၁ယောက်။ သာ ငသလုမ် ၁ယောက်။ ငသင်ပုန်
၁ ယောက်။ ငတန်လင်မည်သုလေ ၁ယောက်။ ဤယ် ၄ယောက်သကာ
ကုလက္လောင်နှင္အ် ပုရှာသ္ခိင်ကိုဝ် အခာမ္လင်မ္လယ် က္လွည်ရစ်စိမ္အ် သော=
ငှာ လှူသတေ။”

[သင်လျင်သိရတ်နှင့် မယားတို့ပြည်သင်နှင့်အကွ ဆင်းရဲ ချမ်းသာ ဥစ္စာရှာ၍ ကျွန်ငမျိုးကို ဝယ်ရ၏။ ကုလား ကျောင်း ဘုရားရွှေပြီးရကား ကျွေးစိမ့်သောငှာ လှူသော ဘုရားကျွန် ငမျိုး ၁ယောက်၊ သား ငသလုံ ၁ယောက်၊ ငသင်ပုန်း ၁ယောက်၊ ငတန်လင်းမည်သူလည်း ၁ ယောက်၊ ဤ ၄ယောက်သည်ကား ကုလားကျောင်းနှင့် ဘုရားသခင်ကို အခါမြင့်မြဲ ကျွေးရစ်စိမ့်သောငှာ လှူသတည်း။]

၁၊၂၊၁၀၄၊၂။
“ဤယ်ငာလှူရသောအက္လိုဝ်ဖ္လင္အ်ကာ။ ဆိုဝ်ငြယ်မတု
ယ္အ် ငြယ်မလာ။ လူတေဖ္လစ်ကာ စက်ကြဝတိယ်မင်၏ စည်စိမ်
၁၀ ခံစရလိုဝ်သတေ။ နတ်တေဖ္လစ်ကာ သကြာနတ်မင်၏ စည်စိမ် ခံစ
၁၁ ရလိုဝ်သတေ။”

[ဤငါလှူရသောအကျိုးဖြင့်ကား ဆင်းရဲမတွေ့ ငရဲ မလား၊ လူတည်းဖြစ်ကား စကြဝတေးမင်း၏စည်းစိမ် ခံစားရလိုသတည်း။ နတ်တည်းဖြစ်ကား သိကြား နတ်မင်း၏စည်းစိမ် ခံစားရလိုသတည်း။]

၁၊၂၊၁၀၄၊၃။
၁၁“ဤယ်ကံဖာတွင်နှိုက် မိတ်တြျာ မိတ်တြျာမည်သော ပုရှာသ္ခိင် မိတ်တြျာ ဖ္လ
၁၂ စ်လတ်တံ။ ထိုဝ်ပုရှာသ္ခိင်ထံနှိုက် သဟပတိသံဖိတာနှင္အ် အကွ ဆင်ထ
၁၃ လျက်သော မ္လတ်သောအရဟန်တာဆု မလွယ်လျှင် ရလိုဝ် သတေ။”
[ဤကမ္ဘာတွင်၌ မေတ္တေယျမည်သော ဘုရားသခင် ဖြစ်လတ္တံ့။ ထိုဘုရားသခင်ထံ၌ သဟပဋိသမ္ဘိဒါနှင့်အကွ ဆင်ထလျက်သော မြတ်သောအရဟန္တာဆု မလွဲလျှင် ရလို သတည်း။]

၁၊၂၊၁၀၄၊၄။
၂၁“။ဝာခောင်သတင် ဗုတ္တဟောနိယ္အ် ပုရှာသ္ခိင်တာယကာ။
၂၂ အိုဝ္အ်ပ္လည်သင် နှောင်လှူတုံသော။ အိုဝ္အ်ပ္လ ္အ ည်မည်သောကျွ ္အ
၂၃ န် ၁ယောက်။ သမီ သံဖရာ ၁ယောက်။ အိုဝ္အ်ဝံ ၁ ယောက်
၂၄ ။ငကံကူ ၁ယောက်။ ဤယ္က်ာ နှောင်တချက် လှူတုံသော တေ”

[ဝါခေါင်သီတင်း ဗုဒ္ဓဟူးနေ့ ဘုရားသခင် ဒါယကာ ထို့ပြည့်သင် နှောင်းလှူတုံသော နို့ပြည့်မည်သော ကျွန် ၁ယောက်၊ သမီး သံဖရာ ၁ယောက်၊ အို့ဝံ ၁ယောက်၊ ငကံ့ကူ ၁ယောက်၊ ဤကား နှောင်းတစ်ချက် လှူတုံ သတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.