မာတိကာသို့ ခုန်သွားရန်

သမန္တကုံထံလင်မယား ကျောက်စာ

ဝီကီရင်းမြစ် မှ
သမန္တကုံထံလင်မယားကျောက်စာ (သက္ကရာဇ် ၆၀၅)
by သမန္တကုံထံလင်မယား
3628သမန္တကုံထံလင်မယားကျောက်စာသက္ကရာဇ် ၆၀၅သမန္တကုံထံလင်မယား

“။ ဝ ။ သကရစ် ၆၀၅ ခု စိတ်သနှစ်။ တပိုဝ်ထွယ် လဆန် ရရျက်
ကြာသပတိယ်နိယ်။ ဖုန်မ္လတ်သဝိနေည်ဓိုရ် က္လောင်တောင် ထောင်နှိုက်။
အရပ်အသီတည်သော။ သဒ္ဓါ ပြညာ ဖုန်ကြီသော။ အပိယ်ကြီစွာသော။ တ
ကာကြီနှမ မင်မိယ်မနှင်။ မင်ဥစ္စနာ ဥရီသံမျင်သမန် တကုံထံ လင်မျာ။
ကူပုရှာ ပိတကတ် တြျာဣမ် ဓမ္မသာ။ က္လောင် စင်ကြံတန်တိုင်။ တန်တို
င်တထပ်တွင် စာသင်က္လောင်၂၀။ ဤယ်မျှပ္လုရုယ်။ လွှတ်စံသောအာ
ပုရှာ တြျာ သင်္ဃာ ရတနာ ၃ပါသောကိုဝ် သာသနာ ၅၀၀၀ အဆုံရောက်ဩင်
တည်စိယ်ခ္လျင်ရကာ။”

[သက္ကရာဇ် ၆ဝ၅ ခု ဇေဋ္ဌနှစ်၊ တပို့တွဲလဆန်း ၇ရက်၊ ကြာသပတေးနေ့ ဘုန်းမြတ်သောဝိနည်းဓိုရ် ကျောင်း တောင်ထောင့်၌ အရပ်အသီးတည်သော၊ သဒ္ဓါပညာ ဘုန်းကြီးသော၊ အပေးကြီးစွာသော တကာကြီးနှမ မင်းမိန်းမနှင့် မင်းဥစ္စနာ ဦးရီး၊ သံပျင်သမန္တကုံထံ လင်မယား ဂူဘုရား၊ ပိဋကတ်တရားအိမ်၊ ဓမ္မသာ၊ ကျောင်း၊ စင်္ကြံ၊ တံတိုင်း၊ တံတိုင်းတစ်ထပ်တွင် စာသင် ကျောင်း ၂ဝ၊ ဤမျှပြု၍ လွှတ်ဝံ့သောအား ဘုရား တရား သံဃာ ရတနာ ၃ပါးသောကို သာသနာ ၅ဝဝဝ အဆုံးရောက်အောင် တည်စေချင်ရကား။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.