မာတိကာသို့ ခုန်သွားရန်

သမန်စတာဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
သမန်စတာဘုရား ကျောက်စာ (သက္ကရာဇ် ၇ဝ၅)
by သူကြွယ်သမန်စတာမောင်နှံစုံ
3629သမန်စတာဘုရား ကျောက်စာသက္ကရာဇ် ၇ဝ၅သူကြွယ်သမန်စတာမောင်နှံစုံ

(မျက်နှာဘက်)

[ပြင်ဆင်ရန်]

၂၊၁၊၅၅၊၁။

[ပြင်ဆင်ရန်]
  • “သကရစ် ၅၅၆ ပိသျက်နှစ် စည်သူမင်ကြီ လိယ်သောင် အရပ်နှိုက် ကန်တŸဆည်ရုယ် အရှိယ်လင်မဲဖျာလဝတ ‌ေ
  • ထာင် ကန်စောင်ထာရုယ် နိယ်စိယ်၏၊ ထိုဝ်နှိုက် မနေ ကောင် အရှိယ်ကုန်သိုဝ်ပ္လေါင်ရုယ် နေလေ၏၊ လဝတိုဝ် စွန်ခသော ရွာရကိုဝ်စစ်သူကြီမ
  • င်ကလသိန်ခာ သိမ်သံမိုတ်အံသောငှာ စည်သူမင်ကြီ ရှိယ်တ နွာရယ်ကိုဝ်နိုင်ပေရုယ် ဆုပေ၏၊ လဝတိုဝ် စွန်ခသော ရွာရာကိုဝ် သိမ်သံမိုတ်ခ္လင်ဟု
  • ဆုယူ၏၊ သိမ်လေသံမိုတ်ရ၏၊ လှူတŸမူသော ဖုန်တŸ က္လိုဝ် သ(န်ရိ)ယ်ဝင် ၃ဝခွဲ၊ မုရျင် ငစင်ပု ကန်ကြီကန်ငဲစုံသော ၈၃ခွဲ၊ ဤတွင် ထေရ၄ပဲခွဲသိ
  • မ်တŸမ္လိယ်။ ၀ ။”

[သက္ကရာဇ် ၅၅၆ ဝိသာခါနှစ်၊ စည်သူမင်းကြီး လေးသောင်းအရပ်၌ ကန်တော်ဆည်၍ အရှေ့လင်မဲဖျား လဝတစ်ထောင် ကန်စောင့်ထား၍ နေစေ၏။ ထို၌ မနေကောင်း၊ အရှေ့ကုန်းသို့ ပြောင်း၍နေလေ၏။ လဝတို့ စွန့်ခသော ရွာရာကို စစ်သူကြီး မင်္ဂလသိင်္ခါ သိမ်သမုတ်အံ့သောငှာ စည်သူမင်းကြီးရှေ့တော် နွားရဲကို နိုင်ပေ၍ ဆုပေး၏။ လဝတို့ စွန့်ခသော ရွာရာကို သိမ်သမုတ်ချင်ဟု ဆုယူ၏။ သိမ်လည်းသမုတ်ရ၏။ လှူတော်မူသော ဘုန်းတော်ကျိုး သန်ရေဝင် ၃ဝခွဲ၊ မုရင်း ငစင်ပု ကန်ကြီးကန်ငယ်စုံသော ၈၃ခွဲ၊ ဤတွင် ထေရ၄ပယ်ခွဲ သိမ်တော်မြေ။]

၂၊၁၊၅၅၊၂။

[ပြင်ဆင်ရန်]
  • “သကရစ် ၆၁၈ သူကြွယ်သ္မန်စတာ မစ္ဆိမဒေသအရပ်မှ လါလတ်ရုယ် လက်တŸရာနှိုက် နိယ်လတ်၏၊ စည်သူ မင်ကြီ သိမ်တŸအရှိယ် း
  • မ္လိယ်အရပ်နှိုက် က္လောင်တေည်လိုဝ်ရကာ ဥပလဝန် မဟာထေကိုဝ် အခွင်တောင်၏၊ ငတာယကာသူကြွယ် မှတ်ရာအရပ်လျှင်တည်ဟု အခွင်မူစိ
  • ယ်၏၊ ကူလေတေည်၏ ထေည်ရကိန်စိမ်သောငှာ ကုလါက္လောင်လေပ္လု၏၊ မ္လတ်စွာသော ကောတမဖုရာ သျင်ကိုဝ်စာ ထဝယ်ငာတောင် ကူတွင်ပ္လု
  • ၏၊ မဟာဥပလဝန်ထေနှိုက်ဟိသော သရိရထတ် မဟာပေါဓိကသုကြွယ်ပါသော သရိရထတ် ထတ်၂ ပါကိုဝ်၊ ရှုယ်ကြုတ်တထပ် ငွုယ်ကြုတ်တ
  • ထပ် အပကာ က္လောက်စေတီ ရှုယ်ထီလေဆောင်၏၊ ထိုဝ်မှတပါ သူမ္လတ်တိုဝ်မှရသထတ်ကာ မျာ၏၊ ဖုရာသ္ခိင်
  • ကိုဝ် ရှုယ်အတိလေက္လံ၏၊ မုစလိန်နး
  • ၁၀ ကမင်အရုပ်လေ ရံ၏၊ ရှုယ်အတိရိယ်၏ ရှုယ်တန်စာလေ ဆောင်၏၊ ထွတ်တဝ်ကြာပပ် ရှုယ်အတိ ရှုယ်ထီလေ (ဆာ)ဆောင်၏၊ အဆန်အကြယ်ရု
  • ၁၁ ပ်တိပ္လည်သော တသူမျှလေါက်မ္လောက်သော ကြိယ်ဆမီ တိုင်လေထာ၏၊”

[သက္ကရာဇ် ၆၁၈၊ သူကြွယ်သမန်စတာ မဇ္ဈိမဒေသအရပ် မှ လာလတ်၍ လက်တော်ရာ၌ နေလတ်၏။ စည်သူ မင်းကြီး သိမ်တော်အရှေ့မြေအရပ်၌ ကျောင်းတည်လို ရကား ဥပ္ပလဝဏ်မဟာထေရ်ကို အခွင့်တောင်း၏။ ငါ့ဒါယကာသူကြွယ်မှတ်ရာ အရပ်လျှင်တည်ဟု အခွင့်မူ စေ၏။ ဂူလည်းတည်၏။ ထေရကိန်းစိမ့်သောငှာ ကုလား ကျောင်းလည်းပြု၏။ မြတ်စွာသော ဂေါတမဘုရားရှင် ကိုယ်စား ထက်ဝယ်ငါးတောင် ငူတွင်ပြု၏။ မဟာ ဥပ္ပလဝဏ်ထေရ်၌ရှိသော သရီရဓာတ်၊ မဟာဗောဓိက သူကြွယ်ပါသော သရီရဓာတ် ဓာတ်၂ပါးကို ရွှေကြုတ် တစ်ထပ်၊ ငွေကြုတ်တစ်ထပ်၊ အပကား ကျောက်စေတီ၊ ရွှေထီးလည်းဆောင်း၏။ ထိုမှတစ်ပါး သူမြတ်တို့မှ ရသောဓာတ်ကားများ၏။ ဘုရားသခင်ကို ရွှေအတိ လည်း ကျံ၏။ မုစလိန်နဂါးမင်းအရုပ်လည်းရံ၏။ ရွှေအတိရေး၏။ ရွှေတန်ဆာလည်းဆောင်း၏။ ထွတ် တော် ကြာပပ် ရွှေအတိ ရွှေထီးလည်းဆောင်း၏။ အဆန်းအကြယ် ရုပ်တိပြည့်သော တစ်သူမျှလောက် မြောက်သော ကြေးဆီမီးတိုင်လည်းထား၏။]

(ကျောဘက်)

[ပြင်ဆင်ရန်]

၂၊၁၊၅၆၊၁။

[ပြင်ဆင်ရန်]
  • ၁၄“သကရစ် ၇၀၅ ခု က္လစွာ မင်တုံတွင်ပုန်သော မင်ကြီရှုယ်တောင်တက်ထိုဝ်ရုယ် သုံယူခ၏၊ သမန်စ
  • ၁၅ တာဖုရာအထံ၎္တနှိုက် တဲ၎္တမူရုယ်၊ ယောက်ဖသတိုဝ်ကြီ၊ က္လစွာမဲကိုဝ်၎္တကြီ က္လစွာမင်ခြိယ်၎္တအနာဟိရုယ် ဖုရာထံ၎္တသိုဝ် မဝင်တတ်
  • ၁၆ ရကာ သာ၎္တ၏ဖျင်၎္တလေ ဖုရာကိုဝ်လွှမ်၏၊ ငသာက္လစွာ အသက်လေမသိယ် အနာလေပျောရုယ် မင်အဖ္လစ်ရောက်မူကာ၊ ကြီစွာသောကောင်
  • ၁၇ မှုမူအံဟု ပန်နက်၏၊ တောင်သောဆုအတိုင် မင်ကြီမ္လောက်၏၊ မင်၏မယ်၎္တ မိဖုရာကြိလေ ရှုယ်၎္တ ၁ဝပိယ်ရုယ် ရှုယ်အတိလျှင် သမန်စတာ
  • ၁၈ ဖုရာသ္ခိင်ကိုဝ်ရိယ်၏၊ ငီ၎္တစဝ်မင်ရယ် မီမီအချင် အနန္တသူရ စဝ်သံပျင် ရန်ထဖရစ်ငပြေါင်လက်ဝယ် ငဖရင်ကိုဝ်၊ ဆီတပွတ်နှင်မှောက်၎္တ
  • ၁၉ ဝပ်စိယ်၏၊ က္လစွာမင်ကြီဆိုဝ်၎္တမူ၏၊ ငာဆုတောင်ပန် နက်ခသော သမန်စတာဖုရာနှိုက် သင်ပုတ်ဆမိဝတ် ဖ္လစ်လိယ်စိယ်ဟု၊ စန်တရဖာ
  • ၂၀ ၎္တမြုန်မ္လိယ်ကိုဝ် ရိယ်စင်၎္တခ္လ၏၊ ဆီတပွတ်ကိုဝ်လေ လက်ဆောင်၎္တခံပြီသော၊ ဆမိငှိလေဟု မင်ကြီကိုဝ်တိုင်နှင် ဆမိစာနှင်ပေလို
  • ၂၁ က်၏၊”

[သက္ကရာဇ် ၇ဝ၅ ခု၊ ကျစွာမင်းတုန်းတွင်ပုန်းသော မင်းကြီးရွှေတောင်တက် ထိုး၍ သုံ့ယူခ၏။ သမန်စတာ ဘုရားအထံတော်၌ တဲတော်မူ၍ ယောက်ဖသတိုးကြီး၊ ကျစွာမယ်ကိုယ်တော်ကြီး၊ ကျစွာမင်းခြေတော် အနာ ရှိ၍ ဘုရားထံတော်သို့ မဝင်တတ်ရကား သားတော်၏ ဖျင်တော်လည်း ဘုရားကိုလွှမ်း၏။ “ငါ့သားကျစွာ အသက်လည်းမသေ အနာလည်းပျော(က်)၍ မင်းအဖြစ် ရောက်မူကား ကြီးစွာသောကောင်းမှုမူအံ့” ဟု ပန်နက် ၏။ တောင်းသောဆုအတိုင်း မင်းကြီးမြောက်၏။ မင်း၏ မယ်တော် မိဖုရားကြီးလည်း ရွှေတော် ၁ဝပေး၍ ရွှေအတိလျှင် သမန်စတာဘုရားသခင်ကိုရေး၏။ ညီတော် စောမင်းရဲ မိမိအချင်းအနန္တသူရ၊ စောသံပျင် ရန်ထဖရစ် ငပြောင်လက်ဝယ် ငဖရင်ကို ဆီတစ်ပွတ်နှင့်မှောက်တော် ဝပ်စေ၏။ ကျစွာမင်းကြီး ဆိုတော်မူ၏။ “ငါ ဆုတောင်း ပန်နက်ခသော သမန်စတာဘုရား၌ သင်ပုတ်ဆီမီးဝတ် ဖြစ်လေစေ”ဟု စန်တရဖာတောခြုံမြေကို ရေစင်တော် ချ၏။ ဆီတစ်ပွတ်ကိုလည်း လက်ဆောင်တော်ခံပြီးသော် ဆီမီးညှိလေဟု မင်းကြီးကိုယ်တိုင်(နှင်း?) ဆီမီးစာ နှင်းပေလိုက်၏။]

၂၊၁၊၅၆၊၂။

[ပြင်ဆင်ရန်]
  • ၂၃“မ္လိယ်မြုန်ကိုဝ်ထွင်ရုယ် လယ်ရျာဖ္လစ်ကြောင် ပ္လု၏၊ အန်တရဲမူလတ်သော
  • ၂၄ သူကိုဝ်လေ တာယကာမောင်နှံစုံ အပေအကံမူရုယ် ကောင်မှုဖ္လစ်စိယ်၏၊ တာယကာမောင်နှံစုံ စာရင်ပ္လုသနေနှိုက် ခွဲဝုယ်၏၊ ငသျင်မင်ကြီ
  • ၂၅ နှင် ငတိုဝ်ပ္လုသော ကောင်မှုအခွန်ကာ၊ ဖုရာတဖိုဝ် ဖုရာကိုဝ်လုပ်က္လွိယ်သော မဟာထေတဖိုဝ်၊ အရျာ ၂ဖိုဝ်ဟု
  • ရျင်၏၊”

[မြေမြုံကို ထွင်၍ လယ်ယာဖြစ်ကြောင်း ပြု၏။ အန္တရာယ်မူလတ်သောသူကိုလည်း ဒါယကာမောင်နှံစုံ အပေးအကမ်းမူ၍ ကောင်းမှုဖြစ်စေ၏။ ဒါယကာ မောင်နှံစုံ စာရင်းပြုသောနေ့၌ ခွဲဝေ၏။ ငါ့ရှင်မင်းကြီး နှင့် ငါတို့ပြုသော ကောင်းမှုအခွန်ကား ဘုရားတစ်ဖို့၊ ဘုရားကို လုပ်ကျွေးသော မဟာထေရ်တစ်ဖို့၊ အရိယာ ၂ဖို့ဟု ရင်၏။]

၂၊၁၊၅၆၊၃။

[ပြင်ဆင်ရန်]
  • ၂၅ ...“ဤငာပ္လုသော ကောင်မှု
  • ၂၆ ကိုဝ် အတုတ်အခွန် မရကြောင် ဖျက်သသူကာ၊ တေဝတတ်၏ခံခြင် ဥခောင်ကနှက်သော သံတံက္လင်ကာ ဖင်ဝခ္လင်ရုယ် မ္လိယ်တွင်ဝင်လိယ်၊ ေ
  • ၂၇ နာက်ကနှက်သော သံတံက္လင်ကာ ရှိယ်သိုဝ်ခ္လင်လေ၊ နံတောင်တဖက်နှက်သော သံတံက္လင်ကာ တဖက်ခ္လင်ရုယ် မလုံမလျန် ငရယ်ခံသော တေဝ
  • ၂၈ တတ်၏ခံခြင် ခံစိယ်သတေ၊ ဤကောင်မှုကိုဝ် ခီပင်ပါသော သူမ္လတ်တိုဝ်ကာ လူကောင် နတ်ကောင်ဖ္လစ်ရုယ် ငတိုဝ်နှင်ထပ်တူ နေရပန်
  • ၂၉ ဆုလျှင် ရစိယ်သတေ။ ။”

[ဤငါပြုသောကောင်းမှုကို အတုတ်အခွန်မရကြောင်း ဖျက်သသူကား ဒေဝဒတ်၏ခံခြင်း ဦးခေါင်းကနှက်သော သံတံကျင်ကား ဖင်ဝချင်း၍ မြေတွင်းဝင်လေ၊ နောက်က နှက်သော သံတံကျင်ကား ရှေ့သို့ချင်းလေ၊ နံတောင်း တစ်ဖက်နှက်သော သံတံကျင်ကား တစ်ဖက်ချင်း၍ မလုံမလျန် ငရဲခံသော ဒေဝဒတ်၏ ခံခြင်း ခံစေသတည်း။ ဤကောင်းမှုကို ချီးပင့်ပါသောသူမြတ်တို့ကား လူကောင်း နတ်ကောင်းဖြစ်၍ ငါတို့နှင့်ထပ်တူ နေရပန်ဆုလျှင် ရစေသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.