သိမ်မျိုးစုံမဟာဋီကာ/ကမ္မဝါစာဝသာန စိစစ်ခန်း
ယင်းအဝိပ္ပဝါသသီမာ သမုဟနနကမ္မဝါစာ၊ သမာနသံဝါသက သမုဟနနကမ္မဝါစာတို့၌ ကမ္မဝါစာအဘယ်မှာဆုံးသနည်း။ သောဘာသေယျ -တွင် ဆုံးသလော။ ဧ၀မေတံ ဓာရယာမိ -တွင် ဆုံးသလောဟု ပုစ္ဆာထုတ်ဖွယ်ရှိ၏။
သံဃာဒိသေသ် ကုလဒူသက သိက္ခာပုဒ်၌ အယူကိုမစွန့်သောရဟန်းမှာ ဉတ်ဆုံးလျှင် ဒုက္ကဋ်အာပတ်သင့်သည်။ ကမ္မဝါစာနှစ်ကြိမ်ဆုံးလျှင် ထုလ္လစ္စည်းအာပတ်သင့်သည်။ သော ဘာသေယျ-၌ ယျအက္ခရာဆုံးလျှင် သံဃာဒိသေသ် အာပတ်သင့်သည်။ ၎င်းအဋ္ဌကထာကိုထောက်၍ ဗန်းမော်ဆရာတော် ကျေးဇူးရှင် ကျီဝန်ဆရာတော် ဘုရားကြီးတို့သည် သော ဘာသေယျတွင် ယျ အက္ခရာမှာ ကမ္မဝါစာဆုံး၏ ယူတော်မူကြသည်။
ငါတို့ကျေးဇူးရှင် မိုင်းခိုင်ဆရာတော်ဘုရားကြီးကား “တသ္မာ တုဏှီ ဧ၀မေတံ ဓာရယာမီတိ ကမ္မဝါစံ ကတွာ"ဟူ၍ စူဠဝါ သမုစ္စယခန္ဓကတွင် သာရတ္ထဒီပနီဋီကာ၌ မိန့်ဆိုသောကြောင့်လည်းကောင်း၊ ပရိဝါ ကမ္မဝဂ် အဋ္ဌကထာ၊ ပရိဝါ ဂါထာ သင်္ဂဏိကဖွင့် အဋ္ဌကထာ၌လည်း “ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ ဝဒတိ-ဟူ၍ ဓာရယာမိ” အဆုံးရှိသည်ကို ဆိုသောကြောင့်လည်းကောင်း၊ သော ဘာသေယျ၌ ယျ အက္ခရာဆုံးလျှင် သံဃာဒိသေသ် သင့်၏ဆိုသောစကားသည် ကမ္မဝါစာဆုံးရာကို ပြသောစကားမဟုတ်၊ အာပတ်သင့်ရာ အခါကာလကိုသာ ပြသောစကား ဖြစ်သောကြောင့်လည်းကောင်း ဓာရယာမိတွင် မိအက္ခရာဆုံးမှ ကမ္မဝါစာဆုံးသည်ဟု အမိန့်တော်ရှိသတည်း။ (ပဇ္ဇုန္နဂတိကနည်း။)
ထိုစကားနှစ်ရပ်တို့တွင် ဒုတိယစကားသည်သင့်၏။ ပါတိမောက္ခတ္ထ ပနက္ခန္ဓက၌ ပါတိမောက်ကို တန့်စေရာ သုဏာတု-ကစ၍ ဥပေါသထံ ကရေယျ -တွင် ယျအက္ခရာ မရောက်မီ ရေအက္ခရာနှင့်တကွ သုဏာတုတိုင် အတွင်းတွင်တားမြစ်မှ၊ ပါတိမောက်တန့်သည် မည်ကြောင်း၊ ယျတိုင်လျှင် တန့်သော်လည်း တန့်သည် မမည်ကြောင်း ပြသောအဋ္ဌကထာစကားသည် ပါတိမောက်တန့်ရာ ခေတ်ကိုပြသော စကားသာတည်း၊ ဥတ်ပြီးဆုံးရာ ကာလကိုပြသော စကားဟုမယူရသကဲ့သို့ ဤမှာလည်း ထို့အတူ ယူသင့်သောကြောင့်တည်း။ ပါတိမောက် ပြရာ နိဒါနုဒ္ဒေသမှာလည်း မိမိသန္တာန်မှာ သင့်ပြီးသော အာပတ်ထင်ရှားရှိလျက် ဥပုသ်မပြုမီ ထင်စွာမပြု၊ သူတပါး မပြောဆိုခဲ့သော် တတ္ထာယသ္မန္တေ ပုစ္ဆာမိ၊ ကစ္ဆိတ္ထ ပရိသုဒ္ဓါ-စသောဝါကျ၌ တတိယမ္ပိ ပုစ္ဆာမိ၊ ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော တသ္မာ တုဏှီ။ ဧဝ မေတံ ဓာရယာမိ - ဟူသော ဝါကျ၌ မိဟူသော အက္ခရာအဆုံး၌ သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပတ်ထပ်၍ သင့်သတည်း။
ထိုစကားမှန်၏။ ဥပေါသထဉတ်မှာ ပါတိမောက္ခံ ဥဒ္ဒိသေယျ ဟူသောဝါကျကို မရွတ်ဖတ်ပဲ အင်္ဂါသုံးပါးမစုံနိုင်။
အင်္ဂါသုံးပါးအရကား –
(၁) ပန္နရသော၊
(၂) သံဃော ဥပေါသထံ ကရေယျ၊
(၃) ပါတိမောက္ခံ ဥဒ္ဒိသေယျ - ပင်တည်း။
ထို့ကြောင့် ကင်္ခါ အဋ္ဌကထာ၌ -
ဒိဝသဝသေန ပန္နရသိကော၊ ကာရကဝသေန သံဃုပေါသ ထော၊ ကတ္တဗ္ဗာကာရဝသေန သုတ္တုဒ္ဒေသောတိ ဧဝံ တိလက္ခဏ သမ္ပန္နော ဥပေါသထော ဣဓ နိဒ္ဒိဋ္ဌောတိ ဝေဒိတဗ္ဗော-ဟု မိန့်သတည်း။
ကမ္မဝါစာဝသာနဋီကာ ပြီး၏။