မာတိကာသို့ ခုန်သွားရန်

သူကြွယ်ငဝမ်းဖြည့်သင် ကျောက်စာ

ဝီကီရင်းမြစ် မှ
သူကြွယ်ငဝမ်းဖြည့်သင်ကျောက်စာ (သက္ကရာဇ် ၆၃၁)
by သူကြွယ်ငဝမ်းဖြည့်သင်
3995သူကြွယ်ငဝမ်းဖြည့်သင်ကျောက်စာသက္ကရာဇ် ၆၃၁သူကြွယ်ငဝမ်းဖြည့်သင်

“ဤကျွန်ကာ ကုပျက်သော ဖုရှာပျက်ေ
သာ နောင်မပျက်မစီစိမ်သောငှာ ဖုရှာကိုဝ်လှူသတေ၊
ထိုဝ်မြိုဝ် စပါ၁၀၀၊ ဤလေအစီအဖွာပ္လုရုယ် သံပုတ်
ဝတ်လှူစိယ်သတေ၊ (မ္လွယ်ကြီပျံ)တွင် ၁ဖန် ကွံသိအပင်
၁၀ ၁၀၀၀၊ ဥန်အပင် ၈၀၊ ဤကာနောင်ကုပျက်သော၊ ဖုရှာ
၁၁ ပျက်သော၊ အထောက်အပင် ဖ္လစ်စိယ်လိုဝ်သောငှာ ဖု
၁၂ ရှာကိုဝ်လှူသတေ၊ ဤသိုဝ်ငာပ္လုသော ကောင်မှုအက္လိုဝ်ကာ၊
၁၃ မိုဝ်နှောင်သံထင်အခာနှိုက်၊ သပ္ပသတ္တဝာခပ်သိမ်သော ဝာ
၁၄ ကိုဝ်၊ ခ္လိယ်ခ္လွတ်ပိယ်တတ်စွာသော မိမိသောကိုဝ်လေအ
၁၅ စီအဖွာသိသော၊ သဖ္ဗညုတညန်မည်သော ဖုရှာဆုကိုဝ်
၁၆ လိုဝ်သတေ၊”

[ဤကျွန်ကား ဂူပျက်သော၊ ဘုရားပျက်သော၊ နောင် မပျက်မစီးစိမ့်သောငှာ ဘုရားကိုလှူသတည်း။ ထိုမြို့ စပါး၁ဝဝ၊ ဤလည်းအစီးအပွားပြု၍ သင်ပုတ်ဝတ် လှူစေသတည်း။ မြွေကြီးပျံတွင် ၁ဖန် ကွမ်းသီးအပင် ၁ဝဝဝ၊ အုန်းအပင် ၈ဝ၊ ဤကား နောင်ဂူပျက်သော၊ ဘုရားပျက်သော အထောက်အပင့် ဖြစ်စေလိုသောငှာ ဘုရားကိုလှူသတည်း။ ဤသို့ငါပြုသော ကောင်းမှုအကျိုး ကား မိုးနှောင်းသံထင်အခါ၌ သဗ္ဗသတ္တဝါခပ်သိမ်းသောကို ချေချွတ်ပေးတတ်စွာသော၊ မိမိသောကိုလည်း အစီး အပ္ပားသိသော၊ သဗ္ဗညုတဉာဏ်မည်သော ဘုရားဆုကို လိုသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.