သူ့ကျေးဇူးကို သိတတ်ပါ
သင်ခန်းစာ (၁၉)
သူ့ကျေးဇူးကို သိတတ်ပါ
[ပြင်ဆင်ရန်]ခင်ပွန်းကြီးဆယ်ပါး
၁။ မြတ်စွာဘုရား
၂။ ပစ္စေကဗုဒ္ဓါ (ဘုရားငယ်)
၃။ ရဟန္တာ
၄။ မြတ်စွာဘုရား၏ တပည့်ကြီးများ
၅။ အမိ
၆။ အဖ
၇။ အလေးအမြတ်ပြုအပ်သောသူ
၈။ သွန်သင်ဆုံးမသောဆရာ
၉။ ပေးကမ်းဖူးသောသူ
၁၀။ တရားဟောပြသူ
ခင်ပွန်းကြီးဆယ်ပါး
[ပြင်ဆင်ရန်]ဘုရားမြတ်စွာ၊ ပစ္စေကာ၊ ရဟန္တာများရယ်။
အဂ္ဂသာဝက၊ ဆရာမိဘ၊ လေးစားရသူ ရယ်။
ဒကာ ဒကာမ၊ ဓမ္မကထိက၊ ကြီးလှ ဂုဏ်သွယ်သွယ်။
ခင်ပွန်းကြီးဆယ်ပါး၊ မြဲမှတ်သား၊ မပြစ်မှားရဘူးကွယ်။ ။
မိဘကို ပြုစုသော လင်းတလေး
[ပြင်ဆင်ရန်]ရှေးလွန်လေပြီးသောအခါက တောအုပ်ကြီးတစ်ခုတွင် လင်းတမိသားစုတစ်စု ရှိလေသည်။ သားလင်း တလေးသည် အသက်အရွယ် အိုမင်းပြီး အစာရှာမစားနိုင်သော မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေသည်။ လင်းတလေးသည် နေ့စဉ်နေ့တိုင်း အစားအသောက်ကောင်းများကို ပင်ပင်ပန်းပန်း ရှာဖွေ၍ သူမစားဘဲ မိဘများကိုသာ ကျွေးမွေးလေ့ရှိသည်။
တစ်နေ့သောအခါ လင်းတလေးသည် မုဆိုးတစ်ယောက်ထောင်ထားသော ကျော့ကွင်း၌ မိလေ သည်။ ထိုအခါ လင်းတလေးသည် မိမိ အသက်သေမည်ကို ဂရုမစိုက်နိုင်ဘဲ ကျန်ရစ်ခဲ့သော မိအိုဖအိုတို့ အတွက် စိုးရိမ်ပြီး ငိုကြွေးနေခဲ့သည်။ ထိုအချိန်တွင် မုဆိုးသည် လင်းတလေးကို သတ်ရန် ရောက်လာခဲ့သည်။ အနီးသို့ရောက်လာသော မုဆိုးသည် “ငါ့မိဘနှစ်ပါးဟာ ငါမရှိရင် အစာရှာကျွေးမယ့်သူ မရှိလို့ ငတ်မွတ်ပြီး သေရတော့မယ်”ဟု ပြောဆိုမြည်တမ်းလျက် ငိုကြွေးနေသည့် လင်းတလေး၏ အသံကို ကြားလိုက်ရသည်။ ကျော့ကွင်းမိနေသော်လည်း မိမိအတွက် မစိုးရိမ် မငိုကြွေးဘဲ မိဘများအတွက်သာ စိုးရိမ်ငိုကြွေးနေသော လင်းတလေးကို မုဆိုးက လေးစားသွားလေသည်။ ထို့ကြောင့် လင်းတလေးကို ကျော့ကွင်းမှ ဖြုတ်၍ ပြန်လွှတ်ပေးလိုက်လေသည်။