သွေးသောက်ကြီးခန့်အမိန့်တော်
ပုံပန်းသွင်ပြင်
ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ရေမြေအသျှင် ဆဒ္ဒန်ဆင်မင်းသခင် ဆင်ဖြူများရှင် လက်နက်စကြာသခင်အသျှင် ဘဝရှင်မင်းတရားကြီးဘုရား သက္ကရာဇ် ၁၂၄၀ ခု၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့ ငပဲကိုဝ် ဘုန်းတော်တိုးအစု ဇီးပင်ကြီးသွောက်ကြီး ခန့်တော်မူသည်။ ဘုန်းတော်တိုးအစု ဘုန်းတော်တိုးသေနတ်အစု ဆီးပင်ကြီးသွောံပါ အကြပ်အမှုထမ်းတို့ ဆီးပင်ကြီးသွောံကြီး ငပဲဆင့်ဆိုရာ နာခံထမ်းရွက်ကြရမည်။ ဆီးပင်ကြီးသွောံကြီး ငပဲလည်း ခန့်ထားကျရောက်သည့် မင်းမှုတော်ရပ်များကို ဆိုင်ရာဆင့်ဆိုရာနာခံ၍ အမိန့်တော်မြတ်ရင်းနှင့်အညီ ပြေကုန်အောင် ထမ်းရွက်ရမည်။
ဝန်မင်းများစာ။