အင်းဝမြို့ တန်ဆောင်မုန်းလဘွဲ့ လူးတား
ပုံပန်းသွင်ပြင်
သာစွလေ၊
ရစ်ခွေပတ်လှည့် မိုးလပြည့်နှင့်၊
တူယှဉ်ပြိုင်လာ၊ ကြတ္တိကာတည့်၊
ဗြိစ္ဆာရာသီ ၊ နာရီညဥ့်တိုး၊
နတ်လည်းနိုး၍၊ သံမိုး ကုန်စဲ၊
နှင်းသေးဖွဲသည်၊ ခဝဲပွင့်တုန်း၊
တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊
တိုင်ထွတ်ဖျားတွင် ငါးပါးကျိုးရှိ၊
မီးပွင့်ညှိ၍ ပြည်ကြီးဖွယ်ရာ
သဒ္ဓါအားကြိုး၊ မသိုးသင်္ကန်း၊
လှူရွှင်လန်းသည်၊ ရဟန်းသံဃာ၊
အရိယာတို့၊ သစ္စာလေးစုံ၊
ရွှေစည်းခုံဝယ်၊ ကြည်ယုံလှလျှင်
ပွဲပုံယင်လျက်၊ အောက်ထက်ကျော်ရှိန်
ပြည်ကုချိန်သည်၊ ကထိန်လှူသင်္ကန်းတည့်လေး၊
ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |