မာတိကာသို့ ခုန်သွားရန်

အင်းဝရွှေနန်းတည် မော်ကွန်း

ဝီကီရင်းမြစ် မှ
အင်းဝရွှေနန်းတည် မော်ကွန်း
by ရှင်မဟာသီလဝံသ

ပုဂံနယ်ဝန်ထောက်မင်း ဦးတင် ထုတ်သော ကဗျာဗန္ဓသာရကျမ်း စာမျက်နှာနံပါတ် ၂၁၇ မှ ထုတ်နုတ်ချက်

4102အင်းဝရွှေနန်းတည် မော်ကွန်းရှင်မဟာသီလဝံသ

(၁) လက်ယာပေါ်ထွန်း၊ အောင်ချာကျွန်း၊ ကြငှန်းဇမ္ဗူချာ။ ရွှေမြေမင်းနေ၊ အောင်ချာဗွေ၊ ဝရွှေနန်းတည်ရာ။ သုံးဖြာပတ်ရစ်၊ ဆုံသည့်မြစ်၊ ရန်စစ်ပယ်ရှောင်ခွာ။ စဉ်လာမင်းရိုက်၊ ညီညည့်သိုက်၊ စိုးထိုက်နန်းသိင်္ဂါ။ ထက်မြေလွှံ့ချီး၊ မြတ်ဘုန်းကြီး၊ စောဓီး ဧကရာ။ စကြာဖြူဝန်း၊ ထိပ်ခေါင်စွန်း၊ ဖြန့်ဝန်းချဆီးကာ။ သိင်္ဂါကြငှန်း၊ ပွင့်သည့်နန်း၊ လှစ်ထွန်းကျူးသံသာ။

(၂) အောင်မြေကြငှန်း၊ ရွှေဝနန်း၊ ရစ်သန်းသုံးဖြားကျ။ ပတ်လည်ဝန်းယှက်၊ ကျွန်းသန်လျက်၊ အောင်ချက်မြတ်ဌာန။ အင်းဝပြည်ကြီး၊ စည်လပြီး၊ ဝှန်သီးကျွန်းပူရ။ သာလှနှုန်းခင်း၊ တုဘက်ကင်း၊ ပြည်ချင်းနှိုင်းမမျှ။ ထပ်မျှတူနိုး၊ နှုန်းကြခိုး၊ နေမျိုးစောသူရ။ နန်းမဆောက်တည်၊ ပွင့်လင်းစည်၊ နတ်ပြည်မလွန်ကြ။ ဌာနနဂိုရ်၊ ပြည်ဗဟို၊ ဖွံ့ပျိုပြောစည်ဝ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။