မာတိကာသို့ ခုန်သွားရန်

အနန္တပကြံ ကျောက်စာ

ဝီကီရင်းမြစ် မှ
အနန္တပကြံ ကျောက်စာ (သက္ကရာဇ် ၇ဝ၃)
by အနန္တပကြံ
4184အနန္တပကြံ ကျောက်စာသက္ကရာဇ် ၇ဝ၃အနန္တပကြံ

(ကျောဘက်)

[ပြင်ဆင်ရန်]

၂၊၁၊၄၈၊၁။

[ပြင်ဆင်ရန်]
  • “ဤငာလှုရသ ကောင်မှုအက္လိုဝ်ဖ္လင် ၄ကောင်၊ က္လောင်
  • အရံတန်တိုင် ပိတကတ်ပ္လုရသ ကောင်မှုအာဖ္လင် ၄ကောင် ငာ
  • တောင်သဆုကောင် မပ္လည်သေသရှုယ်ကာ လုလျှင် ဖ္လေဿာ၄ လု
  • ၁၀ ခပင်၏ အစီအဖွာချံသာကိုဝ် ကျင်တတ်နိုင်သ လုကောင်
  • ၁၁ လျှင် ဖ္လစ်လိယ်ချင်သတေ၊ နတ်လျှင်ဖ္လစ်၄ သု၎္တတိုဝ်မု
  • ၁၂ သ ကောင်မှုကိုဝ် ခိပင်နိုင်သ ဖုန်တန်ခိုဝ်အဟိန်စŸ ကြိသ
  • ၁၃ နတ်ကောင်လျှင် ဖ္လစ်၄ချင်သတေ၊ ငမျာ ငသာ ငဆွေ က္လေ
  • ၁၄ ကျွန်၄ ရစပါစေသတေ၊” ကျွန်

[ဤငါလှူရသော ကောင်းမှုအကျိုးဖြင့်လည်းကောင်း၊ ကျောင်းအရံတံတိုင်း ပိဋကတ်ပြုရသော ကောင်းမှ အားဖြင့်လည်းကောင်း ငါတောင်းသော ဆုကောင်း မပြည့်သေးသရွေ့ကား လူလျှင် ဖြစ်သောလည်း လူခပင်း၏ အစီးအပွားချမ်းသာကို ကျင့်တတ် နိုင်သော လူကောင်းလျှင် ဖြစ်လေချင်သတည်း။ နတ်လျှင်ဖြစ်လည်း သူတော်တို့မူသော ကောင်းမှုကို ချီးပင့်နိုင်သော ဘုန်းတန်ခိုး အရှိန်စော်ကြီးသော နတ်ကောင်းလျှင် ဖြစ်လေချင်သတည်း။ ငါ့မယား၊ ငါ့သား၊ ငါ့ဆွေ၊ ကျေးကျွန်လည်း ရစပါစေသတည်း။]

၂၊၁၊၄၈၊၂။

[ပြင်ဆင်ရန်]
  • ၁၄“ဤငာမုသကောင်မှုကိုဝ် ခိပင်
  • ၁၅ ပါသသုကာ ငာနှင်ထပ်တုလျှင် ရစပါစေသတေ၊ ထိုဝ်၏
  • ၁၆ မြိုဝ်၄ အထက္က်ာဘဝက်တိုင်ဩင် ဩက္က်ာအဝစေရောက် ဩ
  • ၁၇ င်၊ ထုတ်ခ္လင်ကာအန္တစက္ကြဝလါနှိုက်နေသော လုနတ္တကာ သဗ္ဗသ
  • ၁၈ တ္တဝါခပင်၄ ရစပါစေသတေ၊ ဤငကောင်မှုကိုဝ် ဖျက်ဆိသ
  • ၁၉ သုကာ ဤလုတွင်လျှင် ဆဲပါသအပ္လစ်တွင် တပါ၂ မလွတ်မုရု
  • ၂၀ ယ် မျာသာ အဆွေအဝါ ပြုန်တိပျက်စီစေသတေ၊ မင်ဖေ(ခိုဝ်)
  • ၂၁ (သုဖေ မိဖေ) ရေဖေလျှင် သင်စေသတေ၊”

[ဤငါမူသောကောင်းမှုကို ချီးပင့်ပါသသူကား ငါနှင့် ထပ်တူလျှင်ရစပါစေသတည်း။ ထို၏မြို့လည်း အထက် ကား ဘဝဂ်တိုင်အောင်၊ အောက်ကား အဝီစိ ရောက်အောင်၊ ထုတ်ချင်းကား အနန္တစကြဝဠာ၌ နေသော လူနတ်တကာ သဗ္ဗသတ္တဝါခပင်းလည်း ရစ ပါစေသတည်း။ ဤငါ့ကောင်းမှုကို ဖျက်ဆီးသသူကား ဤလူတွင်လျှင် ဆယ်ပါးသောအပြစ်တွင် တစ်ပါးပါး မလွတ်မူ၍ မယား၊ သား၊ အဆွေအဝါး ပြုန်းတီးပျက်စီး စေသတည်း။ မင်းဘေး၊ ခိုးသူဘေး၊ မီးဘေး၊ ရေဘေးလျှင် သင့်စေသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.