မာတိကာသို့ ခုန်သွားရန်

အဘယကြီးကျောင်း ကျောက်စာ

ဝီကီရင်းမြစ် မှ
အဘယကြီးကျောင်း ကျောက်စာ (သက္ကရာဇ် ၇ဝ၄)
by ကျစွာမင်းကြီး
4218အဘယကြီးကျောင်း ကျောက်စာသက္ကရာဇ် ၇ဝ၄ကျစွာမင်းကြီး

(မျက်နှာဘက်)

[ပြင်ဆင်ရန်]

၂၊၁၊၅၂၊၁။

[ပြင်ဆင်ရန်]
  • “လိယ်အသင်္ချာ ကမ္ဘါတသိန် ပါရမီဖ္လည်ပြီရုယ် သစ္စာ ၄ပါ ပွင်စင်ပြီသော မ္လတ်စွာဖုရာ နိ
  • ဗ္ဗန်လွန်ပြိသနှစ် ၁၈၈၆ နှစ်နှိုက်လျှင် အသိန်မကသော တရုက်စစ်ကိုဝ် ဩင်စင်ပြိရုယ် မြံမာပြည်အလုံမ် အစိုဝ် ရသော ဆင်ဖ္လူ
  • သိခင် မင်ကြီမ္လိယ်ဖ္လစ်သော စစ်ကိုင်မည်သောပြည်နှိုက် ရန်ခပ်သိမ်ကိုဝ်လေ ဩင်စင်ပြီသော သိရိတြီဘဝနာတိ တျာပဝရ
  • ဓမ္မရာဇာ က္လစွာမင်ကြီသည် ရခယ်စွာသော သဗ္ဗညုဖုရာဆုကိုဝ် လိုဝ်ခ္လျင်သောကြောင် သာသနာ ၅၀၀၀ တည်စိမ်သောငှာ၊ ၊ သ
  • ကရစ် ၇၀၄ ခု တပေါင်လ္ဆုတ် ၆ ရျက် စနေနေနှိုက်လျှင်၊ ခ္လောက်အညာနှိုက် သတင်ပြညာနှင် ပ္လည်စုံစွာသော သိခင်တိုဝ်
  • ကိုဝ်နေစိမ်သောငှာ၊ အဘယကြီမည်သော က္လောင်၎္တ ၂ဆောင် တနေနက်ထာမနာ၏။ ဤက္လောင် ၂ဆောင်တွင် ငက္လော
  • င်ကိုဝ် သာသနာ ၅၀၀၀ တည်စေလိုဝ်သောငှာ လှူ၏။”

[လေးအသင်္ချာ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး၍ သစ္စာ ၄ပါး ပွင့်စင်ပြီးသော မြတ်စွာဘုရား နိဗ္ဗာန်လွန်ပြီး သောနှစ် ၁၈၈၆နှစ်၌လျှင် အသိန်းမကသော တရုတ်စစ် ကို အောင်စင်ပြီး၍ မြန်မာပြည်အလုံး အစိုးရသော၊ ဆင်ဖြူသခင် မင်းကြီးမြေးဖြစ်သော၊ စစ်ကိုင်းမည်သော ပြည်၌ ရန်ခပ်သိမ်းကိုလည်း အောင်စင်ပြီးသော သိရိ တြိဘဝနာဒိတျပဝရဓမ္မရာဇာ ကျစွာမင်းကြီးသည် ရခဲစွာသော သဗ္ဗညုဘုရားဆုကို လိုချင်သောကြောင့် သာသနာ ၅၀၀၀ တည်စိမ့်သောငှာ၊ သက္ကရာဇ် ၇ဝ၄ ခု၊ တပေါင်းလဆုတ် ၆ရက်၊ စနေနေ့၌လျှင် ချောက် အညာ၌ သီတင်းပညာနှင့် ပြည့်စုံစွာသောသခင်တို့ကို နေစိမ့်သောငှာ အဘယကြီးမည်သော ကျောင်းတော် ၂ဆောင် တစ်နေ့နက် ဌာပနာ၏။ ဤကျောင်း ၂ဆောင်တွင် ငါ့ကျောင်းကို သာသနာ ၅ဝဝဝ တည်စေ လိုသောငှာ လှူ၏။]

၂၊၁၊၅၂၊၂။

[ပြင်ဆင်ရန်]
  • ၁၇“ဤငာလှူသ ငကောင်မှုကိုဝ် ခီပင်ပါသောသူကာ
  • ၁၈ မ္လိယ်ပုံမ်လုံမ်မျှ ကြုံမ်မကသော ဖုရာတိုဝ်ကိုဝ် ဖူရလတ်ရုယ်လိုဝ်ဟုမှတ်သော ဆုမ္လတ်လျှင် ရစိယ်
  • ၁၉ ကုန်သတေ၊ ၊ ဤလူလက်ထက်လေ ချံသာဟူသည် အတည်ဟိရုယ် သာသနာကိုဝ် ခီပင်ရသကိုဝ် ဖ္လစ်စိ
  • ၂၀ ယ်သတေ၊ ၊ ငကောင်မှုကိုဝ် ဖျက်သသူကာ၊ မ္လိယ်ပုံမ်လုံမျှ ကြုံမ်မကသော ဖုရာတိုဝ်ကိုဝ်မ
  • ၂၁ ဖူစိယ်ကုန်သတေ၊ ၊ ဤလုလက်ထက်လေ ချံသာဟူသည် အတည်မဟိစိယ်သတေ၊ ၊ အဖ္လစ်ဖ္လစ်သောဖုရာ
  • ၂၂ ခ္လွတ်ရုယ်သ မက္လွတ်ရျာသော ငရယ်သစ်ငုတ် ဖ္လစ်စိယ်သတေ၊ ၊ ဤငာလှူသောအက္လိုဝ်ကာ မိုဝ်နှောင်သံထင်လူတွင် ဖုရာဖ္လ
  • ၂၃ စ်လိုဝ်သတေ၊ ၊ သဗ္ဗသတ္တဝာ လူနတ်တကာ ရစပါစိယ်သတေ၊ ၊ ငအမိလေ ငမိလေကောင် ဖ္လစ်စိယ် သတေ။ ငအဖလေ င
  • ၂၄ ဖလေကောင် ဖ္လစ်စိယ်သတေ။ ငညီလေ ငညီလေကောင် ဖ္လစ်စိယ်သတေ။ ငနှမလေ ငနှမလေကောင် ဖ္လစ်
  • ၂၅ စိယ်သတေ၊ ၊”

[ဤငါလှူသော ငါ့ကောင်းမှုကို ချီးပင့်ပါသောသူကား မြေပုံလုံးမျှ ကျုံးမကသော ဘုရားတို့ကိုဖူးရလတ်၍ လိုဟုမှတ်သော ဆုမြတ်လျှင် ရစေကုန်သတည်း။ ဤ လူလက်ထက်လည်း ချမ်းသာဟူသည် အတည်ရှိ၍ သာသနာကို ချီးပင့်ရသောကိုယ် ဖြစ်စေသတည်း။ ငါ့ကောင်းမှုကို ဖျက်သသူကား မြေပုံလုံးမျှ ကျုံးမကသော ဘုရားတို့ကို မဖူးစေကုန်သတည်း။ ဤလူလက်ထက် လည်း ချမ်းသာဟူသည် အတည်မရှိစေသတည်း။ အဖြစ်ဖြစ်သော ဘုရားချွတ်၍(သ) မကျွတ်ရာသော ငရဲ သစ်ငုတ် ဖြစ်စေသတည်း။ ဤငါလှူသော အကျိုး ကား မိုးနှောင်းသံထင် လူတွင်ဘုရားဖြစ်လိုသတည်း။ သဗ္ဗသတ္တဝါ လူနတ်တကာ ရစပါစေသတည်း။ ငါ့အမိ လည်း ငါ့မိလည်းကောင်း ဖြစ်စေသတည်း။ ငါ့အဖ လည်း ငါ့ဖလည်းကောင်း ဖြစ်စေသတည်း။ ငါ့ညီ လည်း ငါ့ညီလည်းကောင်း ဖြစ်စေသတည်း။ ငါ့နှမ လည်း ငါ့နှမလည်းကောင်း ဖြစ်စေသတည်း။]

(ကျောဘက်)

[ပြင်ဆင်ရန်]
  • “။ ။ ဤမ္လေဝယ်သည်(ကိုဝ် မင်ကြီ)တြျာဖျာငယ် ကြာတဝ်မူလေရုယ် ဤငအစ်ကိုဝ်က္လောင်ကာ ေ
  • က္လာင်မည်ကာ မဟုတ္တကာ ငအစ်ကိုဝ်က္လောင်တည်ကာ ငာရဟန်မူရုယ် ငဆျိာခြေရင်နှိုက် ငာနေပါသေ
  • က္လာင်တကာ ငာဟိလျက်၏ ဝယ်၏ဟူသည်ကာ မသင် တကာ ငာလျှင်လှူအံဟု ဟြွေကြာနှင်ရေ
  • စင်တဝ်ခ္လရုယ် လှူတဝ်မူ၏”

[ဤမြေဝယ်သည်ကို မင်းကြီးတရဖျားငယ် ကြားတော် မူလေ၍ “ဤငါ့အစ်ကိုကျောင်းကား ကျောင်းမည်ကာ မဟုတ်တကား။ ငါ့အစ်ကိုကျောင်းတည်းကား ငါရဟန်း မူ၍ ငါ့ဆရာခြေရင်း၌ ငါနေပါသော ကျောင်း တကား။ ငါရှိလျက်၏ ဝယ်၏ဟူသည်ကား မသင့် တကား။ ငါလျှင်လှူအံ့”ဟု ရွှေကရားနှင့် ရေစင်တော် ချ၍ လှူတော်မူ၏။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.