အဘိုးအဘွားများကို ကူညီမယ်
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၁၉)
အဘိုးအဘွားများကို ကူညီမယ်
[ပြင်ဆင်ရန်]မမကြီး ညိုညိုက ဖြူဖြူကို ဘိုးဘွားရိပ်သာသို့ ခေါ်သွားခဲ့သည်။
ညိုညိုနှင့် ဖြူဖြူတို့သည် အဘိုးအဘွားများကို ပြုစုခဲ့ကြသည်။
“အဘိုးအဘွားတွေကို ပြုစုစောင့်ရှောက်ရင် ၊ အသက်ရှည်မယ်၊ အဆင်းလှမယ်၊ ချမ်းသာမယ်၊ ခွန်အားကြီးမယ်”ဟု အပြန်လမ်းတွင် မမကြီးညိုညိုက ဖြူဖြူအား ပြောပြလေသည်။
အဘိုးအဘွားများကို ကူညီမယ်
[ပြင်ဆင်ရန်]ဘိုးဘိုးကြီးက လမ်းလျှောက်ချင်၊
အားနည်းနေလို့ မပျော်ရွှင်။
လက်တွဲကြင်နာ ကူညီပေး၊
ဘိုးဘိုး ကျန်းမာရေး။
ဘွားဘွားကြီးက အိပ်ရာဝင်၊
ညောင်းညာနေလို့ မပျော်ရွှင်။
ဆေးလိမ်းကာပင် နှိပ်နယ်ပေး၊
ဘွားဘွား ကျန်းမာရေး။ ။