မာတိကာသို့ ခုန်သွားရန်

အမတ်ကြီးသီရိရာဇသင်္ကြံ ကျောက်စာ

ဝီကီရင်းမြစ် မှ
အမတ်ကြီးသီရိရာဇသင်္ကြံ ကျောက်စာ (သက္ကရာဇ် ၆၆၁)
by အမတ်ကြီးသီရိရာဇသင်္ကြံ
4231အမတ်ကြီးသီရိရာဇသင်္ကြံ ကျောက်စာသက္ကရာဇ် ၆၆၁အမတ်ကြီးသီရိရာဇသင်္ကြံ

၂၊၁၊၂၊၁။

[ပြင်ဆင်ရန်]
  • “ပုရှာသ္ခိင်သာသနာ ၁၈၃ရနှစ်သောအခာနှိုက်။ သက
  • ရစ် ၆၅၅ခု အာသိန်နှစ် နတ်တဝ်လ္ဆန် ၁၁ရျက် ၂နိယ် (အခာနှိုက်) သဒ္ဓါစွာသော သြိရာဇသင်ကြံမည်သော အမတ်ကြီသည်
  • သင်သရာဆင်ငြယ်မှ လွတ်ရုယ် သဗ္ဗသတ္တွာ လူနတ် တကာ ခပ်သိမ်သောကိုဝ် သင်သရာ(ဆင်္ရ ဲ)မှ ကယ်ပိယ် တတ်သော မ္လတ်သဖုရှာ
  • ဆုကိုဝ် လိုဝ်ခ္လျင်သည်ကြောင် (နမ္ဗကြိုင်)သော မ္လိယ် အရပ်နှိုက် ကုလာက္လောင်ကြီနှစ်ခုနှင်၊ စလစ်ဥထွက်ပ္လု၏ ရှုယ်အတိအ
  • ထူ ၂ ဆန်ကြယ်သော ရှုယ်ဖွယ်နှန်ဟိသော ဆိယ်ရိယ်၏ အုတ်စရပ်နှင်သော အရံတန်တိုင်လေပ္လု၏ အရံတွင်နှိုက် စေတီလေပ္လု၏ ပိဒ
  • ကတ်လေပ္လု၏။ တန်လိုင်ပုန်ရုယ် တလမြိုဝ်ကိုဝ်ထိုဝ်ရုယ် နိုင်သောအခာနှိုက် ဖုရှာလောင်သြိတြိဘုဝနာဒိတျပဝရပဏ္ဍိတဓ
  • မ္မရာဇမည်သောမင်ကြီကိုဝ် ရယ်ဆုပန်ရုယ် လှူသောမ္လိယ်၊”

[ဘုရားသခင်သာသနာ ၁၈၃၇နှစ်သောအခါ၌ သက္ကရာဇ် ၆၅၅ ခု အဿယုဇနှစ်၊ နတ်တော်လဆန်း ၁၁ရက်၊ ၂နေ့အခါ၌ သဒ္ဓါစွာသော ညီရာဇသင်္ကြံ မည်သော အမတ်ကြီးသည် သံသရာဆင်းရဲမှလွတ်၍ သဗ္ဗသတ္တဝါ လူနတ်တကာ ခပ်သိမ်းသောကို သံသရာဆင်းရဲမှ ကယ် ပေတတ်သော မြတ်သောဘုရားဆုကို လိုချင်သည်ကြောင့် နမ္မကြိုင်သောမြေအရပ်၌ ကုလားကျောင်းကြီးနှစ်ခုနှင့် စုလစ်ဦးထွက်ပြု၏။ ရွှေအတိ အထူးထူးဆန်းကြယ်သော ရှုဘနန်းရှိသော ဆေးရေး၏။ အုတ်ဇရပ်နှင့်သော အရံ တံတိုင်းလည်းပြု၏။ အရံတွင်း၌ စေတီလည်းပြု၏။ ပိဋကတ်လည်းပြု၏။ တလိုင်းပုန်၍ ဒလမြို့ကိုထိုး၍ နိုင်သောအခါ၌ ဘုရားလောင်းပြီ တြိဘုဝနာဒိတျပဝရ ပဏ္ဍိတဓမ္မရာဇာမည်သောမင်းကြီးကို ရဲဆုပန်၍ လှူသောမြေ။]

၂၊၁၊၂၊၂။

[ပြင်ဆင်ရန်]
  • ၃၆ ...“ဤမျှသောလယ်တွင်
  • ၃၇ ၊ထေရစာကာ အိုပွတ်ဖတဝ် ၁၀၀။ မိနှင်ဖိုဝ်၃၀။ ဤအပ ကြွင်သလယ်နှိုက် ရအမ်သောစ္ဗာတွင် စေတီသင်ပုတ် ၁နိယ်ဆန်၁ပြည် ဖု
  • ၃၈ ရှာသင်ပုတ်ဆန်၁ပြည်၊ ပိတကတ်သင်ပုတ်ဆန် ၃တုံ၊ ဆိမိဝတ်စေတီ ၁နိယ်၁ခွက်၊ က္လောင်ဥိပုရှာ ၁ခွက် ပိဒကတ် ၃ခွက်၊ တြျာဆု ၁ သတင်သော
  • ၃၉ ၅တင်၊ စာသင် ၁၅ဝသော ၁နိယ် ဆန် ၁တုံ ဆန်ဖိုဝ်စ္ဗာ ၈ပြည်၊ က္လောင်ဥိစောင်ဆန်၁တုံ၊ ဤအပကြွင်သ စ္ဗာကာ က္လောင်ပျက်စီသောဖာစိ
  • ၄၀ ယ်ဧ၊ သ္ခိင်သင်ခာတိုဝ် ဖျာနာသောလေ ဆိယ်ဖိုဝ် ဖ္လစ်စိယ်၏ က္လောင်နှိုက်လုပ်က္လွည်သော ထမင်ချက်စာသောလေ အပ္လစ်မဟိစိယ်၊”

[ဤမျှသောလယ်တွင် ထေရစာကား အိုပွတ်ဖတော ၁ဝဝ၊ မိနှင်းဖို ၃ဝ။ ဤအပကြွင်းသောလယ်၌ ရအံ့သော စပါးတွင် စေတီသင်ပုတ် ၁နေ့ ဆန်၁ပြည်၊ ဘုရား သင်ပုတ် ဆန်၁ပြည်၊ ပိဋကတ်သင်ပုတ် ဆန်၃တုံ၊ ဆီမီးဝတ် စေတီ ၁နေ့ ၁ခွက်၊ ကျောင်းဦးဘုရား၁ခွက်၊ ပိဋကတ် ၃ခွက်၊ တရားဆု ၁သီတင်းသော ၅တင်း၊ စာသင် ၁၅၀သော ၁နေ့ဆန်၁တုံ၊ ဆန်ဖိုးစပါး ၈ပြည်၊ ကျောင်းဦးစောင့် ဆန်၁တုံ၊ ဤအပကြွင်းသော စပါး ကား ကျောင်းပျက်စီးသော ဖာစေ၏။ သခင်သံဃာတို့ ဖျားနာသောလည်း ဆေးဖိုး ဖြစ်စေ၏။ ကျောင်း၌ လုပ်ကျွေးသော ထမင်းချက်စားသောလည်း အပြစ် မရှိစေ။]

၂၊၁၊၂၊၃ ။

[ပြင်ဆင်ရန်]
  • ၄၁“ဤငာလှူသောအလှူကာ။ အကြင်မျှလေါက် ပုရှာသ္ခိင် သာသနာတည်၏။ ထိုဝ်သာသနာတည်သရှုယ်ကာ။ ပုရှာ တြျာ သင်ပုတ်၊
  • ၄၂ ဆိမိဝတ်မပြတ်စိမ်သောငှာ။ သတင်သ္မာဓိနှင် ပ္လည်စုံသော အရျာပုက်ကိုဝ်တိုဝ်ကိုဝ် စာပိယ်သင်စိမ်သောငှာ ပစ္စည် ၄ပါဆိ
  • ၄၃ ယ်ဝာအထောက်အပင် အလိုဝ်ရစိမ်သောငှာ လှူသတေ၊”

[ဤငါလှူသောအလှူကား အကြင်မျှလောက် ဘုရား သခင် သာသနာတည်၏။ ထိုသာသနာတည်သရွေ့ကား ဘုရား တရား သင်ပုတ်ဆီမီးဝတ် မပြတ်စိမ့်သောငှာ၊ သီတင်းသမာဓိနှင့်ပြည့်စုံသော အရိယာပုဂ္ဂိုလ်တို့ကို စာပေသင်စိမ့်သောငှာ၊ ပစ္စည်း ၄ပါး ဆေးဝါး အထောက်အပင့် အလိုရစိမ့်သောငှာ လှူသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.