အလောင်းမင်းတရား မျိုးတော်စဉ်
ပုံပန်းသွင်ပြင်
နရပတိစည်သူ | မှာ ကုလားကျမင်းမိဘုရား မြောက်ပြည်သည်က မြင်သည်။ ငယ်ရင်း စောစနေ။ |
မိဘုရား ခင်အုန်း | မှာ အမည်ရင်း စောအလွှမ့်။ စောစနေ ၂ ရပ်တွေ့ မြောက်ပြည်သည်။ |
သ္မီး ကျောင်းတော်သည် | |
ကျောင်းတော်သည် | |
လင် အနန္ဒသူရိယ | မှာ မင်းယည်နရသိင်္ခ သားတော်။ ငယ်မည် ရံမံထွေး။ |
သား သိဒ္ဓိကာ | |
သိဒ္ဓိကာ | |
မယား မင်းခင်ထွေး | မှာ ကျောင်းတော်သည် အစ်မ။ ရွှေအိမ်သည် သ္မီး။ |
သ္မီး ခင်ဘွားဦး | မှာ ကျစွာမင်း နန်းတင်သည်။ |
မောင် ဘဲကြီးရတနာ | |
ဘဲကြီးရတနာ | မှာ ဒလမြို့စား။ |
မယား စောဆွေစုံ | မှာ မင်းယည်နရသိင်္ခမိဘုရား စောအောင်မြတ် သ္မီး။ |
သား ဘဲငယ်ရတနာ | |
နှမ စောမျိုးမြတ် | မှာ တရုပ်ပြေးမင်း သီဟပတေ့ မိဘုရား။ |
ဘဲငယ်ရတနာ | |
မယား မင်းမြတ်ရွက် | မှာ တရုပ်ပြေးမင်းအစ်ကို ဒလစား သီဟသူ သ္မီး။ |
သား လမ္ဘူမြို့စား ရန္တသူ | |
နှစ်မ စောလှမြတ် | မှာ လင် ညောင်ရမ်းစား ရာဇသူ |
လမ္ဘူမြို့စား ရန္တသူ | မှာ လမ္ဘူမြင်းမှူး။ |
မယား စောစနေ | မှာ ပသိန်စား ဥဇနာ သ္မီး။ |
သား ပေါက်မြိုင် မင်းပုလဲ | |
နှမတော် ချစ်ကဲ | မှာ လင် ညောင်ရမ်း မင်းလက်ယာ။ |
ပေါက်မြိုင် မင်းပုလဲ | |
မယား ရွှေအိမ်သည် | မှာ ၅ စီးရှင်ကျော်စွာ မိဘုရားကြီး အတုလစန္ဒာဒေဝီ သ္မီး။ |
သား မြေနဲ မင်းဒီဃာ | |
နှမ စောပု | မှာ လင် ရမည်းသင်း သီဟပတေ့၊ စည်သူမင်းထွေး ၂ မည်ခံ။ |
မြေနဲ မင်းဒီဃာ | |
မယား စောခင်ဖြိုး | မှာ ပုထိုးနီကတော် လင် ညောင်ရမ်း စောမွန်နစ်ကြီးတို့ သ္မီး။ |
သား မိုးညှင်းမင်းတရား | မှာ ငယ်မည် မောင်နန်းစီ။ မြို့လှစား။ နောက် မိုးညှင်းကို ပေးသည်။ |
နှမတော် မင်းမြတ်လှ | မှာ လင် ပုခမ်းကြီးစား သီရိဇေယသူရကြီး။ |
မောင် ဝပါနော်ရထာ | မှာ မြောက်ဘက်မြင်းမှူး။ |
ဝပါနော်ရထာ | |
မယား စောမြတ်ကောင်း | မှာ စောပုနှင့် ရမည်းသင်း သီဟပတေ့ သ္မီး။ သီလဝ နှမတော်။ |
သား မြောက်ဘက်နော်ရထာ | မှာ မြေဒူးမြို့စား မြောက်ဘက်မြင်းမှူး။ |
မြောက်ဘက်နော်ရထာ | |
မယား ဘိုးတော်မယ် | မှာ ပြည်စုံမင်းတရား ဘုရင်မဟာသီဟသူရ သ္မီး။ |
သား သင်္ခယာ | |
ညီ မင်းခင်ဘား | မှာ မယား စစ်ကိုင်းထောင်သင်းမှူး သ္မီး။ |
သင်္ခယာ | |
မယား မင်းရွှေခြူ | မှာ ပြည်စုံမင်းတရား သား စလင်းစား သတိုးဓမ္မရာဇာ မင်းအကြီးတို့ သ္မီး။ |
သား မင်းနေထွန်း | မှာ မယား စစ်ကိုင်း မင်းကြီးဖြူ သ္မီး ရွှေပချုပ် * သား မင်းရဲစော * နှမ ခင်မျိုးဘော် |
ညီ မင်းနေဝန်း | |
မင်းနေဝန်း | |
မယား မင်းပတ္တမြား | မှာ စစ်ကိုင်း မင်းကြီးဖြူ သ္မီး ရွှေပချုပ် ညီမတော် |
သား မင်းရဲထွေး | |
နှမ စောမျိုးကြွယ် | မှာ လင် မင်းနေထွန်း သား မင်းရဲစော * ၎င်းသမီး ချစ်မငြီး * ညီမ ချစ်မရဲ |
မင်းရဲထွေး | မှာ သိုဟန်ဘွားနှင့် ညောင်ရမ်းမင်းတရားလက်ထက် ရဲဘော်ဘွဲ့သည်။ |
မယား ခင်မျိုးဘော် | မှာ မင်းနေထွန်း သမီး၊ မင်းရဲစော နှမ။ |
သား မင်းကြီးရွှေ | မှာ မယား မင်းရဲစော သမီး ချစ်မငြီး။ |
ညီ မောင်မင်းလှ | မှာ မှန်သာကြီးရွာစား။ မယား မင်းရဲစော သမီး ချစ်မရဲ *သမီး မင်းမြကုံး |
မင်းကြီးရွှေ | မှာ မင်းရဲထွေး သား |
မယား ချစ်မငြီး | မှာ မင်းရဲစော သမီး |
သား မောင်ဘိုးခင် | မှာ မယား မှန်သာကြီးရွာစား မောင်မင်းလှ သမီး။ |
နှမ စောသာပုံ | မှာ လင် စွယ်ဒိန္နသာခံ မောင်ပေါစံ။ |
ညီမ စောသာဦး | မှာ လင် မုဆိုးဘို စမြင်ကြီး မင်းကြီးထွဋ် |
ညီမ စောသာထွေး | မှာ လင် မုဆိုးဘို အစီရင် သီရိသမန္တသူ |
မောင်ဘိုးခင် | မှာ တုရင်ကျော်သူဘွဲ့ခံ ရဲဘော်မြင်းစီး။ |
မယား မင်းမြကုံး | မှာ မှန်သာကြီးရွာစား မောင်မင်းလှ သမီး။ |
သား မင်းနန္ဒီ | မှာ ရှေ့မှာအကျယ်ရှိ |
ညီ မင်းစစ်နိုင် | ၎င်းနှမတော် ခင်ထွန်း၊ မောင် တုပ်ကျော်၊ ညီ တုပ်ဖြူ ရှိကြောင်းနှင့်တွေ့။ |
စောသာပုံ | မှာ မင်းဘိုးခင် နှမတော်။ |
လင် စွယ်ဒိန္နသာ | မှာ စည်သာမြို့စား မောင်ပေါစံ။ ထိုမင်းအနွယ်မှာ မြောက်ဘက်နော်ရထာ * သား သင်္ခယာ * ညီ မင်းခင်ဘား * နှမ ခင်မင်းပု * ညီမ ခင်မြချစ် တို့ကို ဘွားသည်။ ခင်မြချစ်ကို ကျိုင်းရုံးကြီးစော်ဘွားနှင့် မဟာဒေဝီတို့၏သား မင်းမဟာဘွဲ့ခံ ကျိုင်းရွှေရုံနှင့် စုံဘက်ရာ သား ပဌမစွယ်ဒိန္နသာခံ မောင်ဘားစံ ၎င်းသား ဒုတိယစွယ်ဒိန္နသာခံ မောင်ပေါစံတည်း။ ပဌမစွယ်ဒိန္နသာမှာ ကျိုင်းရွှေရုံနှင့် မင်းမြချစ်တို့ သားဖြစ်သည်။ ယခုအနွယ်မှာ စည်သူမြို့သူကြီး ငရှိန်တင် ပေးသော အနွယ်ဖြစ်သည်။ |
သား မောင်မင်းထင် | မှာ မယား သီရိရန္တဇ။ စည်ပုတ္တရာ ရွှေကာတထောင်မှူးသမီး ခင်ကောင်းစံ။ |
နှမ စောမယ်လှ | မှာ လင် မင်းစစ်နိုင်သား မင်းညိုမြ။ |
ညီမ သခင်ပြေ | မှာ မယားတဦး ခင်အိက မွေးသည်။ ၎င်းသခင်ပြေ သား မောင်မှိုင်း ၎င်းသား ___ ၎င်းသမီး ဆိပ်ခွန်ရွာစောင်းတန်းအမ မယ်ခင်။ လင် ဦးအပ်။ |
စောသာဦး | မှာ မောင်ဘိုးခင် နှမတော်။ |
လင် မင်းကြီးထွဋ် | မှာ မုဆိုးဘို စမြင်ကြီး။ |
သား ဘုမ္မသူရ | မှာ ငယ်မည် မောင်ထွန်း။ မယား စောသာထွေး။ သမီး ခင်လှမျိုး။ |
ညီ ရွှေကာမင်းကြီး | မှာ ငယ်မည် မောင်ပုကြီး။ စည်ပုတ္တရာ မြို့တိုင် |
စောသာထွေး | မှာ မောင်ဘိုးခင် နှမတော်။ |
လင် သီရိသမန္တသူ | မှာ မုဆိုးဘို အစီရင်။ |
သမီး ခင်လှမျိုး | မှာ လင် ဘုမ္မသူရခံ မောင်ထွန်း။ |
ညီမ ခင်မျိုးစံ | မှာ (ခင်မျိုးကြွယ်လည်းတွေ့) လင် မင်းနန္ဒီ။ |
ဘုမ္မသူရ | မှာ မင်းကြီးရွှေ သမီး စောသာဦးက မြင်သည်။ မုဆိုးဘို စမြင်ကြီး။ |
မယား ခင်လှမျိုး | မှာ မင်းကြီးရွှေ သမီး စောသာထွေးက မြင်သည်။ |
သမီး ခင်ပလောင် | မှာ ခင်ညက်လည်းတွေ့သည် |
ညီမ ခင်ဘက် | မှာ ၎င်းညီမ ခင်စစ် ခင်မြစ် ခင်ကျပ် ခင်ပို ခင်လှပုံ ခင်အရုံ ရှိသည်ဟု တွေ့သည် |
မောင် သခင်မောင်ထွန်း | မှာ သမန္တရာဇာခံ မုဆိုးဘို စမြင်။ ၎င်းသား မောင်ဖြိုးလှ မယား မင်းကြော့ရွှေထီး သမီး မယ်လှထွန်းနှင့် ပြည်ကြီးဝန် ဦးမော့ အမျိုး။ ရှေ့မှာ အကျယ်ရှိ |
ညီ မောင်တော်ဦး | မှာ ၎င်းသား မောင်ရွှေခိုင် ၎င်းသား မောင်ပေါ ၎င်းသား မောင်အောင်ညွန့် ၎င်းသား မောင်တော် ၎င်းသား ရတနာသိင်္ဃမြို့သူကြီး မောင်ခွေး ၎င်းသား ဦးမင်း ၎င်းသမီး မပုဏ္ဏေး ၎င်းသမီး အဝေးရောံ ဦးအောင်ကြီး မယား မယ်မ။ ရတနာသိင်္ဃမြို့သူကြီး မောင်ခါေး ၎င်းသမီး မပွင့် ၎င်းသား မင်းရွာနေ မောင်ဘိုး ညီ မောင်ဘော့ ဖြစ်ကြောင်း ၎င်းတို့တင်စာရင်းထွက်သည်။ |
ရွှေကာမင်းကြီး မောင်ပုကြီး | မှာ ဘုမ္မသူရ ညီ စည်ပုတ္တရာ ရွှေကာတထောင်မှူး။ |
မယား ခင်စောမှန် | မှာ မင်းနန္ဒီ သမီး။ |
သမီး မင်းစောဦး | မှာ ဘွဲ့ မဟာဒေဝီ။ အလောင်းမင်းတရားကြီး မယ်တော်။ သက္ကရာဇ် ၁၁၁၄ ခု ကံတော်ကုန်သည်။ |
မောင် သခင်မောင်ဖြိုး | မှာ ဘွဲ့ မင်းသီရိရန္တဇ။ ဆင်ဖြူရှင်မင်းလက်ထက် ရွှေကာတထောင်မှူး။ |
သခင်မောင်ဖြိုး | |
မယား ခင်ပလောင် | မှာ မုဆိုးဘို စမြင်ကြီး ဘုမ္မသူရ သမီး။ |
သမီး ခင်ကောင်းစံ | |
ညီမ ခင်ယွန်းစံ | မှာ အလောင်းမင်းတရားကြီး မိဘုရားခေါင်။ ဘွဲ့ မဟာမင်္ဂလာရတနာဓိပတိသီရိရာဇာစန္ဒာဒေဝီ။ |
ညီမ ခင်နှိုင်းစံ | |
ခင်ကောင်းစံ | |
လင် မောင်မင်းတင် | မှာ မျိုးတူ ခြည်ပါရွာနေ စောသာပုံ သား။ |
သား မောင်သွင် | မှာ ဘွဲ့ သတိုးသီဟကျော် ရဲဘော်မင်းငယ်ကျော်လည်း ခံ။ (မောင်မင်းလွင်လည်းတွေ့) |
ခင်ကောင်းစံ | |
နောင်လင် မောင်စည်းစိမ် | မှာ ဟံသာဝတီပါမင်းလက်ထက် မင်းကြီးကျော်ထင်ခံ စည်သာမြို့စား။ နောက် မင်းလှစည်သူခံ။ |
သမီး ခင်မယ်မြ | မှာ အလောင်းမင်းတရားကြီး ပဘာဒေဝီဘွဲ့နှင့်နန်းတင်သည်။ နောက် ဆင်ဖြူရှင်မင်းလက်ထက် မြောံနန်းတင်သည်။ |
ညီမ ရှင်သူဌေး | မှာ အိမ်ထောင်မကျ။ |
မောင် မောင်ဦး | မှာ မယား သခင်မှတ် သမီး မယ်လာ။ |
မောင်မင်းသွင် | မှာ ခင်ကောင်းစံနှင့် မောင်မင်းတင် သား။ ဘွဲ့ သတိုးသီဟကျော်။ |
မယား မယ်စွေ့ | မှာ အလောင်းမင်းတရားကြီး နှမတော် ခင်ဝင်း သမီး။ |
မယား မယ်စို | မှာ တောင်ငူရာဇာ မောင်ပြို နှမ။ အထက်လင် ဥပရာဇာ။ |
သား မောင်ကြွက်ကြီး | မှာ မယ်စွေ့က မြင်သည်။ မင်းရဲရန္တမိတ်ဘွဲ့ခံ တောင်ငူဝန်။ |
နှမ မယ်ရင် | မှာ မယ်စိုက မြင်သည်။ လင် မြေထဲမင်းကြီး။ |
မောင် မောင်ပုတ် | မှာ ___ မြင်းမှူးမင်းသား။ |
မယ်ရင် | |
လင် မောင်ကျော်ရွေး | မှာ မင်းရဲသီဟကျော်ဘွဲ့ခံ မြေထဲမြို့စား။ ဟံသာဝတီဝန် ဝန်ကြီး။ |
သား မောင်မိုး | |
ညီ မောင်ဆင် | |
နှမ မင်းလှမြတ် | မှာ ဘကြီးတော်ဘုရား အိမ်ရှေ့စံစဉ် ကိုယ်လုပ်တော်။ |
ညီ မင်းလှဝန်း | မှာ ကောင်းတုံမြို့စား မောင်အင်္ဂါနှင့် ___ |
ခင်နှိုင်းစံ | မှာ ခင်ပလောင် သမီး။ အလောင်းမင်းတရားကြီး ခယ်မတော်။ |
လင် မောင်ငုံကြီး | မှာ ဘွဲ့ နန္ဒသာရခံ။ နောက် သတိုးမင်းမှာ တရဖျားခံ။ ပိတ္တောသား ရတနာသိင်္ဃမြို့ဝန်။ |
သား မောင်ဝင်း | မှာ ဘွဲ့ မင်းရဲမင်းလှရွှေတောင်။ |
နှမ မယ်တလိုင်း | မှာ လင် ဝန်ကြီး မဟာသီဟသူရဘွဲ့ခံ ဦးသာကြီး။ |
ညီမ သခင်မယ်မင်းလှ | မှာ ဆင်ဖြူရှင် မိဘုရားကြီး။ |
ညီမ သခင်မယ်ရှင် | မှာ ဆင်ဖြူရှင် နန်းတင်သည်။ နောက် ပင်းတလဲမင်းသားနှင့် သင့်သည်။ |
မောင် မောင်မင်း | မှာ (မောင်မင်းညိုလည်း တွေ့သည်) မင်းရဲမင်းလှကျော်ဘွဲ့ခံ။ |
မောင်ဝင်း | မှာ ဘွဲ့ မင်းရဲမင်းလှရွှေတောင် ပြင်စည်မြင်းမှူး။ |
မယား မယ်ဝန်း | မှာ တောင်ငူမင်း သတိုးသင်္ခသူ သမီး တောင်ပြုံးငယ်ရွာစား။ |
သား မောင်ကြီး | မှာ မျိုးခြားနှင့်သင့်။ |
နှမ ရှင်မင်းဦး | မှာ နေမျိုးနော်ရထာနှင့်သင့်ရာ ဦးကျော်သူ ___ |
မောင် မောင်လပ် | မှာ မယား အသည်ဝန်ကြီး သမီး မယ်အောင်။ |
နှမ မင်းလှမြတ် | မှာ လင် အမြင့်မင်း သားတော် မောင်ပုံ။ |
ညီမ မယ်မိ | မှာ လင် ပုခန်းမင်း သားတော် မောင်ကြီး။ နောက် ရံငူသီရိနော်ရထာနှင့်ရ။ |
မောင် မောင်ဘ | မှာ သားမယားမထင်ရှား။ |
နှမ မရွှေရည် | မှာ လင် ကျောက်မြောင်းမင်းသား။ နောက် ယောမြို့စစ်ကဲ မောင်သူ။ |
မောင် မောင်ကလေး | မှာ သားမယားမထင်ရှား။ |
မယ်တလိုင်း | မှာ ခင်နှိုင်းစံ သမီး။ |
လင် ငွေတောင်ကြီး | မှာ ခြည်ပါမြေတိုင် သား။ အသည်ဝန်ကြီးဟု ဆိုသည်။ |
နောက်လင် မောင်သာကြီး | မှာ မဟာသီဟသူရခံ ခြည်ပါဝန်ကြီး အသည်ဝန်။ |
သား မောင်ရွှေဦး | မှာ ငွေတောင်ကြီး သား။ မယား သခင်ပျော် သမီး မယ်စိုး။ |
ညီ မောင်ရွှေသာ | မှာ အသည်ဝန်ကြီး သား။ မယား မယ်မိမှာ မင်းရဲရွှေတောင်သတိုးဥဇနာ သမီး။ ၎င်းတို့က မင်းကင်းမင်းသမီးမယ်တော် အိမ်ရှေ့မင်းကိုယ်လုပ် မင်းမြတ်ထွဋ်ကို မြင်သည်။ |