မာတိကာသို့ ခုန်သွားရန်

အိုရောက်သင် ကျောက်စာ

ဝီကီရင်းမြစ် မှ
အိုရောက်သင်ကျောက်စာ (သက္ကရာဇ် ၆၂၄)
by အိုရောက်သင်
4388အိုရောက်သင်ကျောက်စာသက္ကရာဇ် ၆၂၄အိုရောက်သင်

၂၂ ... “ဤငထန် မိုဝ်
၂၃ မ္လိယ်ကိုဝ် ခိပင်ပါသောသူကာ ငာနှင်ထပ်တူ လူဖ္လစ်ကာလုစည္စိမ်
၂၄ နတ္တေဖ္လစ်ကာ နတ္တေစည္စိမ် ခံစရစိယ်သတေ၊ မိတ္တရျာပုရှာ
၂၅ ဖ္လစ်လစ်သောခာ ပုရှာဟေ ဓမ္မစကြာတြျာကြာက အက္လွတ် ရရု
၂၆ ယ် နိဗ္ဗန်မည်သော မသိယ်ပြည် ဝင်စိယ်သတေ၊ ရိယ်မ္လိယ်အသ္ခိ
၂၇ င်မင်လေ ရပါစိယ်သတေ၊ ဤငအလှူကိုဝ် ဖျက်ဆီသသူ
၂၈ ကာ စာချင်လျက် မစာရတတ် သောက်ချင်လျက် မသောက်ရ
၂၉ တတ်စိယ်သတေ၊ ကမ္ဘာလျှင်လောင်သောခလေ မလောင်
၃၀ ရျာသ ကမ္ဘာတပါသိုဝ်လာရုယ် မ္လိယ်ကြီအထယ် ငြယ်ခံ
၃၁ စိယ် ကျက်စိယ်လိယ်သတေ။”

[ဤငါ့ထန်း မိုးမြေကို ချီးပင့်ပါသောသူကား ငါနှင့် ထပ်တူ လူဖြစ်ကား လူစည်းစိမ်၊ နတ်တည်းဖြစ်ကား နတ်(တည်း)စည်းစိမ် ခံစားရစေသတည်း။ မေတ္တေယျ ဘုရား ဖြစ်လစ်သောခါ ဘုရားရှေ့ ဓမ္မစကြာတရား ကြားက အကျွတ်ရ၍ နိဗ္ဗာန်မည်သော မသေပြည် ဝင်စေသတည်း။ ရေမြေအသခင်မင်းလည်း ရပါစေ သတည်း။ ဤငါ့အလှူကို ဖျက်ဆီးသောသူကား စား ချင်လျက် မစားရတတ်၊ သောက်ချင်လျက် မသောက် ရတတ်စေသတည်း။ ကမ္ဘာလျှင် လောင်သောခါလည်း မလောင်ရာသော ကမ္ဘာတစ်ပါးသို့လား၍ မြေကြီး အထဲ ငရဲခံစေ ကျက်စေလေသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.