ဥဒါနဝစနခဏ်း
(၁၄၄) ဤသို့ *၄င်း၊ မြတ်*စောလောင်းလျှင်၊ ညံ့ပျောင်း စိတ်တော်၊ ရွှေနန်းပေါ်ထက်၊ မပျော်တို့လို၊ ဝမ်းထဲ သိုပြီး၊ သံချို မိန့်ခွန်း၊ မြွက်ဘော်ညွှန်း၍့၊ ဥဒါန်း ထင်အောင်၊ ကျူးဆိုယောင်တည့်၊ “လူ့ဘောင်ဌာန၊ ဤလောကနှိုက်၊ ကာမ ငါးပါး၊ သား-မယားကား၊ သံမျှားချိပ်မည်၊ စစ်သည် သေနာ၊ ဗိုလ်ပါ ဆင်-မြင်း၊ ရွေ သင်းပင်းကား၊ ခြင်းခြင်း သွေးသံ၊ လိမ်းကျံ သားတစ်၊ စည်းစိမ်ညစ်ဟု၊ စင်စစ် သိ†မြော်၊ ရှေးသူတော်တို့၊ ရှု†မျှော်ရေးရေး၊ ဉာဏ်*စိစ္စေး၍့၊ အသွေး ခြင်းခြင်း၊ သံကောက်သွင်းသား၊ မင်း၏့အဖြစ်၊ ဤသားတစ်ကို၊ မနှစ် မလို၊ မမျိုဝံ့သီး၊ မျိုမိပြီးလည်း၊ ပယ်ကြီး ပယ်ထ၊ ထွေးအံကြ၍့၊ ကာမ လူ့ဘောင်၊ ရှောင်ကြီး ရှောင်ရှင့်၊”*ယခေါင်ကမ္ဘာ၊ တည်ဦးစွာက၊ မဟာသမ္မတ၊ မင်းမှ ခုနစ်ဆင့်၊ စကြာ ပွင့်သား၊ မန္ဓာတ်မင့်းဘုန်း၊ စက်ရှိန်*မှုန်း၍့၊ နေ*နှုန်းစံမှတ်၊ လေးကျွန်း ပတ်သော်၊ ယုတ်-မြတ် မျိုးပြား၊ လေးကျွန်းသားတို့၊ ဝန်းလျား တွက်ဘွဲ့၊ သုံးဆဲ့ခြောက်ယူဇနာ၊ နောက်တော်ပါကို၊ မဟာဥပရာဇ်၊ နေမြစ် ပရမ၊ ဘုန်းရှိန်ပသည့်၊ ဝရမန္ဓာန်၊ အိမ်ရှေ့နတ်လျှင်၊ ခြားမှတ် နေရာ၊ ချသော့ခါနှိုက်၊ ပြုဗ္ဗာကျွန်းဘွား၊ ဝိဒေသားတို့၊ လူများ ပထမ၊ တည်နေစ,ကြောင့်၊ ဝိဒေဟမည်၊ တိုင်းကြီးစည်သည့်၊ ပြည်မိထိလာ၊ ဤရပ်သာကား၊ တရာ*စတေ၊ မင်းပေါင်း နေပြီး၊ ရွှေမြေ အယုဇ္ဈ၊ ဗာရာဏက၊ စသည် ဆဲ့ခြောက်၊ ပွားခဲ့ နောက်နှိုက်၊ တယောက် နေမျိုး၊ နာဂ*စိုးလျှင်၊ တန်းခိုး နေ-လ၊ ဒုတီယဖြင့်၊ တည်ထတုံမြောက်၊ ထို့နောက် ရာဇဂြိုဟ်၊ တက္ကသိုလ်နှင့်၊ နဂိုရ် သာယာ၊ ကုသိနာက၊ အောင်ချာ ဘူမိ၊ မလိတ္ထိတိုင်၊ ပွားဘိ စည်*ဖြီး၊ လေးကြိမ်ပြီးတွင်၊ နေ-မီး တန်းဆောင်၊ ငါ့ဘုန်းရောင်ဖြင့်၊ တည်ထောင် ထာဝ†ရ၊ တတီ†ယ*ဘန်ဆန်း၊ ဆောင်ဆောင် နန်းနှင့်၊ မခန်း ရှုဘွယ်၊ နတ်ဘုံ့နှယ်သို့၊ လမ်းကျယ် လမ်းသေး၊ အိမ်စျေး လွှတ်ရုံး၊ မြို့-ကျုံးပဟိုရ်၊ ထိုထို အင်္ဂါ၊ စုံပြည့်စွာသား၊ မိထိလာမည်သီး၊ ဤပြည်ကြီးကို၊ စွန့်ပြီး လျင်စွာ၊ ငါရာဇာလျှင်၊ ပယ်ခွါ ရှင်းရှင်း၊ ဘယ်သို့ ကင်းသည်။။ ကွင်း၍့ သွေးရံ့ပါမည်သိ။ (၁)
(၁၄၅) ရွှေဇာ ငွေဇာ၊ ကွန်ချာ ထိပ်အုပ်၊ ခွါထုပ် စွယ်သိုင်း၊ ဆင်တိုင်း တင့်တယ်၊ ရွယ် ကြီး-ငယ်တိ၊ ရှုဘွယ် ကောင်းမြတ်၊ ပြစ်မျိုး လွတ်လျက်၊ ပတ် သုံးဆဲ့နှစ်၊ ယတ်စစ် အပြား၊ နှစ်ဆဲ့ငါးနှင့်၊ ထင်ရှား *ဖြိုးပုံ၊ အင်မကြုံသား၊ စွယ်စုံ ဟိုင်း*ဟံ၊ တည်*တံ ပေါက်မ၊ ဓာတ်ရ မိတ်လျော်၊ မျိုး ဆယ်ဘော်ဖြင့်၊ စီးတော် အပ၊ ဝင်းရွေး စသား၊ များလှ ရံရှောင်း၊ ထောင်ပေါင်း ကိုးဆ၊ ပြောင်မုန်ဝတည့်၊ ထိုမှ တဖြာ၊ အဿဇာမျိုး၊ နွယ်ရိုး သန့်စင်၊ မွေးမျှင် ညံ့နု၊ သိန္ဓုမြစ်နား၊ တိုင်းရပ် ဘွား၍့၊ ခုန်လွှား ပျံတက်၊ ဂဠုန်ငှက်သို့၊ စိတ်ထက် မြန်-လျင်၊ ဟူးဟူးနှင်သည်၊ တော်ဝင် စံထိုက်၊ ကောင်းမြိုက် လက္ခဏာ၊ ဗွေအင်္ဂါနှင့်၊ ရတနာယာဉ်ကျော်၊ မြင်းတော်*၄င်း၊ ထိုအပေါင်းလည်း၊ အသောင်း ဆယ်ဆ၊ ကိုးရာ့အနေ၊ ကိုးကုဋေတည့်၊ ကျားရေ သစ်ရေ၊ ရံထွေ ထိုမျှ၊ ဒီပစမ္မ၊ ဝေယဂ္ဃနှင့်၊ ပြောက်ကြွ ထင်းထင်း၊ ကျောက်-စိန်ဝင်းသား၊ မင်းထိုက်*အမွန်၊ ရဲးတံခွန်ကို၊ မိုးစွန် သီးသီး၊ စိုက်ထူညီးလျက်၊ မင်းစီး ချန်ငြား၊ စစ်ရထားလည်း၊ များလှ ကုဋေ၊ ကိုးသိန်းနေတည့်၊ နီ-ရွှေ-စိမ်း-ညို၊ မောက်တို မောက်လူ၊ ပါကူ လည်စွတ်၊ *ကြဲးသေး ဝတ်လျက်၊ ရုပ်ဓာတ် သွင်ပြင်၊ *နတ်လုလင်သို့၊ တအင် မခြား၊ ရဲးခွန်အားနှင့်၊ ယောက်ျားဖီလာ၊ ရုပ်ဝါ ရူပ၊ သူရ ရဲးခေါင်၊ ကြီး ဆင်ပြောင်ကို၊ ယင်ကောင်တမျှ၊ မထင်ကြဘူး၊ ထက်မြ စိန်သွား၊ လျှပ်အလားဖြင့်၊ အိမ့်ဓား ပြိုးပြက်၊ သန်လျက် ချွန်းတောင်း၊ *အဲမောင်း ကိုယ်စီ၊ ရုံးချင်း မှီ၍့၊ စွဲးချီ မပြတ်၊ ဝန်း ပတ်အုပ်ထွေ၊ ရဲးဗိုလ်ခြေလည်း၊ ကုဋေကိုးရာ၊ သွားတိုင်း ပါလျက်၊ မခွါ ငြိမ့်*ညောင်း၊ ရံကြ ရှောင်း၏၊ ကြက်ကောင်း ကြိုးမကွာ၊ ဟူစပါ့သို့၊ မသာ ကိုယ်ချည်း၊ လွန်ကြပ်တည်းခဲ့၊ သူလည်း ကိုယ့်†ကို၊ မစောင့်လိုအောင်၊ †ကိုယ်လည်း သူ့အား၊ မစောင့်ရှားမှ၊ ဘုရား ပစ္စေကဗုဒ္ဓါ၊ အရိ+ယာသို့၊ လို+ရာ နေ့-ည၊ ကိုယ်ထီး မျှ၍့၊ သုခ ချမ်းသာ၊ နေရစွာလိမ့်၊ ထွက်ရာ ခြိမ့်သည်း၊ ဝင်လည်း ခြိမ့်သောင်း၊ ထိုဗိုလ်ပေါင်းနှင့်၊ လွတ်ကြောင်း ဝေးစွာ၊ ရှင်းရှင်းကွာအောင်၊ ဘယ်ခါ ရှောင်ကွင်း၊ ဤငါမင်းသည်။။ ကင်း၍့ ကွေရံ့ပါမည်သိ။ (၂)
(၁၄၆) အမျိုးအနွယ်၊ သန့်စင်ကြယ်လျက်၊ ဆင်း-ရွယ် ပျိုနု၊ စံ မတုအောင်၊ နှာရု အဋ္ဌိ၊ ဆဝိ မံသ၊ ဝယမည်သာ၊ ငါးကလျာနှင့်၊ ကောင်းစွာ စုံလင်၊ လင်ကို မြင်က၊ အလျင် ထ၍့၊ *ယုယ ကိုယ်-နှုတ်၊ ကျင့် မယုတ်သား၊ ပုဗ္ဗုဋ္ဌာယိနီ၊ ဦးချီ လက်ပြိုင်၊ ရှက်ကာ ဆိုင်၍့၊ လင်ထိုင် လင်အိပ်၊ သားကို သိပ်သို့၊ ခြေနှိပ် လက်စမ်း၊ စိတ်ချမ်း ကြည်မြ၊ ရိုသေ ခ,လျက်၊ နောက်မှ ယှဉ်ကာ၊ အိပ်လေ့လာသည့်၊ ပစ္ဆာနိပါတိနီ၊ ချိုအီ နာဆိမ့်၊ နှစ်သိမ့်ဘွယ်စု၊ ဘယ်အမှုကို၊ ဘယ်ပြုရံ့နည်း၊ *ခြည်းခြည်း နှုတ်သံ၊ *ချေငံ သာယာ၊ ဝါစာ သိမ်မွေ့၊ မေးလေ့ယှိထ၊ နာဘွယ်လှသား၊ ကိံကာရပဋိသာဝိနီ၊ မဖြီ *မသုန်၊ မမှုန် မဆန်၊ ပြန်လှန် မမြွက်၊ နှစ်သက်ဘွယ်သာ၊ ကျင့်တတ်စွာသည့်၊ ဣန္ဒာ ထံပါး၊ ခ,စားနေကြ၊ ဒေဝစ္ဆသို့၊ မနာပစာရိနီ၊ တီတီ တာတာ၊ ကြည်သာ နှလုံး၊ ရွှင်ပြုံး *ပြယာယ်၊ ပျာ့းသ†ဖွယ်ဖြင့်၊ ချစ်†ဘွယ် ပြကတေ့၊ သာချမ်းမြေ့အောင်၊ ပြောလေ့ယှိထ၊ နှုတ်ချိုမြသား၊ ပိယဝါဒိနီ၊ ထို့ပြီ အပ၊ ဤလောကနှိုက်၊ လင်မှ တပါး၊ နတ်ယောက်ျားနှင့်၊ တွေ့ငြားစေမူ၊ *စောသမ္ဘူသို့၊ အယူ မယွင်း၊ စိတ်ညွတ်ခြင်းမျှ၊ ကင်းလတ်တုံဘိ၊ ကျင့်မြတ်ယှိသား၊ အနတိစာရိနီ၊ ကျမ်းညီမသွေ၊ သန္ဓေ ဥက္ကဌ်၊ မိန်းမမြတ်တို့၊ ကျင့်ဝတ် *ဖြိုးပုံ၊ ခြောက်အင် စုံလျက်၊ ရွှေဘုံ ရိပ်ကြီး၊ ရွှေထီး ရိပ်စံ၊ ရွှေနန်း†ယံဝယ်၊ တ†ရံ မကွာ၊ ပျော်စကာဖြင့်၊ ရုပ်ဝါ နတ်နှယ်၊ ရှစ်သောင်းမယ်တို့၊ ဆောင်ငယ် ဆောင်ကြီး၊ အသီးသီးနှင့်၊ မငြီး ရွှင်ပျ၊ ရံ ဖြဖြဖြင့်၊ ကာမ ငါးဘော်၊ ပျော်ကြောင်း ဖျော်၍့၊ လိုတော် စံမွေ့၊ မငြီးငွေ့အောင်၊ ကိလေ့တမန်၊ ဆော်ဘန် နေ့-ည၊ ဖျော်ဖြေကြ၏၊ ထိုမျှ ရှစ်သောင်း၊ ထိုရွေပေါင်းနှင့်၊ ဝေးကြောင်း ဘယ်ခါ၊ အကြင် ငါလျှင်၊ ရှောင်ခွါ ကင်းကင်း၊ တကိုယ် ချင်းသည်။။ ရှင်း၍့ နေရံ့ပါမည်သိ။ (၃)
ဤသုံးပိုဒ်တို့ကား 'ပေါက်ပြ'ချနည်း ဟူကုန်၏၊ 'သွေရံ့ပါမည်သိ၊ ကွေရံ့ပါမည်သိ၊ နေရံ့ပါမည်သိ'ဟူသော အချ သုံးပိုဒ်တို့နှိုက် 'ရံ့ပါမည်သိ'ကို 'ရအံ့ပါမည်သိ'ဟု ပုဒ်ဖြတ်၍့ အဓိပ္ပါယ်ယူ သန္ဓိပုဒ်စပ်သဖြင့် ပုဒ်ကို ဝှက်ထားရကား 'သမာဂတာပဟေဠိ'မျိုးတည်း။
(၁၄၇) မိထိလာဟု၊ ယူဇနာအလှစ်၊ ပြန် ခုနစ်နှင့်၊ မြို့သစ် နန်းသစ်၊ *သရစ် ဝင်းပြောင်၊ ငါ တည်ထောင်၍့၊ နတ်ဘောင် မိုး†မှာ၊ တနိ†မ္မာသို့၊ လေးဖြာ မျိုးနွယ်၊ ပျော်ရာ†ကျယ်သား၊ ဆန်း†ကြယ် ဘုံနန်း၊ အခန်းခန်းနှင့်၊ သိန်း-သန်း-ကုဋေ၊ အနေ ထပ်ထပ်၊ အိမ်ခြေ စပ်မျှ၊ မလပ် မြေတာ၊ စည်ပင်စာလျက်၊ ဗိုလ်ပါ *ပြည့်လင်း၊ စံတု ကင်း၏၊ စောင်း-ငြင်း မိကျောင်း၊ အောင်း ပတ္တလား၊ တယောအားဖြင့်၊ ခြောက်ပါ ငြိမ့်မျိုး၊ နာဘွယ် ပျိုးသား၊ တံပိုး ရှစ်မည်၊ ဟူတုံသည်လည်း၊ သံစည် ငြိမ့်ညောင်း၊ ဒုလောင်း တပုံ၊ နှစ်စုံ ခရာ၊ တန်မြွာ တန်ရှည်၊ အမည်တကွဲး၊ နှဲး*-ပြွေ ဘက်လိပ်၊ ပျော်ကြသိပ်သို့၊ စိပ်စိပ် ကြည်နူး၊ ကြော် ရင့်ကျူး၏၊ အထူးသရုပ်၊ စည်းစုပ် *ခွက်ခွင်း၊ ကြေးနင်း ခေါင်းလောင်း၊ မောင်းနှင့် ကြေးစည်၊ တမည် နရည်း၊ ဆည်းလည်း ကြေးပတ်၊ အိုးစည်မှတ်သား၊ တီးခတ် ဆော်ညံ၊ တ*ကျံကျံဖြင့်၊ ကြေးသံ ဆယ်ပါး၊ ကြား၍့ အမြဲး၊ နာ မရဲးတည့်၊ နန်းပွဲအလိုက်၊ နန်းထိုက် တ†မည်၊ ကြူးရိုက်†မြည်သား၊ မြှောက်စည် သံလွင်၊ ထို့ပြင် ရိရော၊ စည်-ပြော တသီး၊ စည်ကြီး တသင်း၊ ဒုံမင်း သံမွှန်း၊ စည်ဝန်း စည်သေး၊ တရေး စည်ပုတ်၊ ပြုတ်ပြုတ် ဆော်ညောင်း၊ စည်ပန်းတောင်း ပတ်သာ၊ သညာ ထူးလည်၊ တဘက်စည်က၊ စည်အိုင်ခေါ်ရိုး၊ စည်မျိုး ဆဲ့နှစ်၊ မလစ် တယံ၊ နန်းချင်းသံနှင့်၊ ဆင်သံ မြင်းသံ၊ ရထားသံပါ၊ ညှိုးညံညောင်းညင်း၊ ခရုသင်း ကြွေးဟုန်၊ စားသောက်ကုန်ဟု၊ မြူးခုန် ကြော်ငြာ၊ သံဆယ်ဖြာလည်း၊ ဘယ်ခါ မဆိတ်၊ မတိတ် *တစေ၊ *ချောက်ချားထွေဖြင့်၊ မင်းနေ အင်္ဂါ၊ ပြည့်စုံစွာသည့်၊ မိထိလာကျော်ခြီး၊ ဤပြည်ကြီးကား၊ ကာဆီး ပတ်ဝိုင်း၊ တံတိုင်း မြို့ရိုး၊ ပြအိုး ရဲးခို၊ ကျည်းလျှိုတံခါး၊ မြဲးကျပ် ထား၍့၊ ငါ့အား လုံအောင်၊ အသေလှောင်သည့်၊ နှောင်အိမ် စင်စစ်၊ ထောင်ကြီး ဖြစ်၏၊ မနှစ်သက်အပ်၊ မတပ်ကောင်းစွာ၊ အကြင် ငါလျှင်၊ မကြာ လွတ်အောင်၊ ပြေးထွက် ရှောင်လျက်၊ ဤထောင်အတွင်း၊ ပြန်မဆင်းသည်။။ ကွင်း၍့ သွေရတတ်ဘိမူ။ (၄)
(၁၄၈) မောက်တို မောက်လူ၊ ပါကူ လည်ကွေး၊ ငါးကြင်းကြေးနှင့်၊ ပုံသွေး မချို့၊ မြွေတို့ ဦးရီး၊ *အတီးပညပ်၊ သင်းခွေချပ်သို့၊ အထပ် အထပ်၊ ဘိတ်ဘိတ်လျှပ်သား၊ သံချပ်မိန်ညို၊ ရှည်-တို စိမ်း-ပြာ၊ နီ-ဝါ နက်မည်း၊ ခါးစည်း ရွှေ*ဖျင်၊ ဆင်ယင် မျဉ်းဝတ်၊ ရွှေထွတ် ရွှေကုံး၊ ပြိုးပြုံး ရောင်စုံ၊ ပုံပုံ သီးသီး၊ တညီးညီးတည့်၊ ဆင်စီး မြင်းစီး၊ ရထားစီးနှင့်၊ ရဲးကြီး ကိုယ်ယုံ၊ တွေ့မဖြုံသား၊ တောင်ပုံ*တမျှ၊ ရှေ့နှိုက် ချ၍့၊ သူက ပိတ်ဆို့၊ သံမြို့ ဆယ်ထပ်၊ ခံနှင့် ရပ်လည်း၊ *ရွပ်ရွပ် မြန်သုတ်၊ တမုဟုတ်ခြင်း၊ ဆင် ကျူနင်းသို့၊ ဖြိုခွင်းနိုင်ငြား၊ မတ်ဗိုလ်†များကို၊ လေး†မြား *တောင့်ကျည်၊ လှံရှည် *အဲးမောင်း၊ ချွန်းတောင်း ခက်ယင်း၊ ဆီဖြင့် ကျင်းလျက်၊ ဝင်းဝင်း လျှံတောက်၊ မထိစောက်မျှ၊ ဆင်ပေါက် လည်တိုင်၊ ဖြတ်ချိုင် ခဏ၊ ပြတ်ပိုင်း†ကျအောင်၊ ကြိုး†ကြာ့ဝမ်းစိမ်၊ ခုနစ်ကြိမ်တိုင်၊ မွေ့သိမ် ကြံခက်၊ စီမံနက်သား၊ သန်လျက်*အိမ့်ဓား၊ လျှပ်စက်သွားကို၊ စွဲငြားကုန်လျှင်း၊ ဆင်ဦးချင်း ယှဉ်၊ မြင်းချင်း စဉ်လျက်၊ စီလျဉ် တွဲးပြိုင်၊ ရုံးချင်း ဆိုင်၍့၊ ကြံ့ခိုင် ရဲးရုပ်၊ မတုန်လှုပ်ဘဲး၊ ဗာဟုဗ္ဗလ၊ သူရသတ္တိ၊ ဆင်*ရှိ စွမ်းသန်၊ လက်ရုံးအန်နှင့်၊ ရဲးမာန်ကြွားကြွား၊ နတ်ယောက်ျားသို့၊ ငါ့အား ဝန်းမြောင်၊ သေမင်းထောင်က၊ ထွက်ရှောင် ခဏ၊ မလွတ်ရစေ၊ စောင့်ရှောက်ထွေဖြင့်၊ အနေထပ်ထပ်၊ ကြာ့နှယ် ချပ်အောင်၊ စပ်မျှ ပတ်ခြံ၊ ဝိုင်းကြ ရံ၏၊ မကြံ့စသာ၊ လွန်ကျဉ်းစွာခဲ့၊ မကွာ ဘယ်မျှ၊ တဘဝလုံး၊ သေမှ လွှတ်†မည်၊ ကြိမ်းဆို†မြည်သို့၊ ပတ်လည် ရံကျင်း၊ ယမမင်း၏့၊ ထံရင်း ရောက်အောင်၊ ပို့ကြ ဆောင်လိမ့်၊ ထောင်ပိုင် ထောင်ကွပ်၊ ထောင်အ†ကြပ်သို့၊ ကျဉ်း†ကျပ် မြဲးမြံ၊ ထိုဗိုလ်ရံကို၊ ခွါ*ချန် ရှင်းရှင်း၊ လွတ်ရာ ကွင်းသည်။။ ကင်း၍့ ကွေရတတ်ဘိမူ။ (၅)
(၁၄၉) ရတနာမျိုး ခြယ်၊ ရွှေကြိုးနွယ်ဖြင့်၊ ရှုဘွယ် ပြေ †ပြစ်၊ မျက်စုံ†ပျစ်သား၊ တစ်-နှစ် ခုနစ်သွယ်၊ ရှစ်သွယ် ဆဲ့ခြောက်၊ လျှံတောက် ဆင့်ပွား၊ နှစ်ဆဲ့ငါးဟု၊ ပိုင်းခြား စီးလျဉ်၊ ဘိဓာန် ယှဉ်သော်၊ အစဉ်မကျူး၊ ရှေးဦး ကဝ ဉ္စိ၊ သတ္တတိက၊ ခေါ်ဘိ ဝေါဟာ၊ မေခလာရသန၊ ကလာပတည့်၊ တင့်လှ ငါးမျိုး၊ ရွှေခါးကြိုးနှင့်၊ တိမ်မိုး ဝလာ၊ သင်္ခါ သိပ္ပီ၊ ဘူဇသီက၊ အာနီ မူးပြည့်၊ ထွန်း*စည့် လျှမ်း*ကယ်၊ ပုလဲသွယ်လည်း၊ တသွယ်တည်းမှာ၊ ဧကာဝလီ၊ နှစ်သွယ်ပြီကား၊ တွင်ညီ ဂုစ္ဆန္တ၊ လေးသွယ်လှကို၊ ဂေါထနဟူ၊ ခြောက်သွယ်မူကား၊ မှတ်ယူ အဒ္ဓ၊ ဟာရကတည့်၊ ဝီသသွယ်ဖြာ၊ ကြိုးနွယ်မှာသော်၊ မာနဝက၊ မည်သာရလျက်၊ ဂုစ္ဆ လေးသွယ်၊ ကြိုးပေါင်းခြယ်သား၊ ခြောက်သွယ် ပုလဲး၊ လျှပ်နှယ် ကြဲး၏၊ လည်ရွဲး လှော်ခုတ်၊ *တမုတ်သိင်္ဂိ၊ စိန်ဒါလီလည်း၊ ဝဇီရာ မြသား၊ ဘိတ်ဘိတ်ကြွားနှင့်၊ ပတ္တမြား နားဍောင်း၊ ရောင်မောင်း ထိန်တောက်၊ လက်ကောက် နဝရတ်၊ ဥက္ကဌ် မဟလ္လာ၊ ရတနာဖြင့်၊ တန်းဆာ ဆန်းကြယ်၊ ဆင် တင့်တယ်လျက်၊ နံ့ကြွယ် စန္ဒကူး၊ ချိုး-စိမ်နူးမှ၊ ကြိုင်မြူး လုံးစုံ၊ ငါးအာရုံကို၊ ထုံစေ ကိုယ်လုံး၊ မြင်သူ နုံးအောင်၊ ချိုပြုံး ပရိယာယ်၊ မာယာသွယ်၍့၊ ချစ်ဘွယ်တို့ချည်း၊ *ယကင် စည်းနှင့်၊ *စုလည်း မြိတ်လွှတ်၊ ထွတ်ထွတ် နုထွား၊ နတ်မခြားသည့်၊ သုံးပါး ရံခြွေ၊ ရှစ်သောင်း ရွေလည်း၊ ဖျော်ဖြေ ဝမ်းမြောင်၊ တောဆင်*ပြောင်ကို၊ သွေးဆောင် အောက်မား၊ ကျုံးလှောင်ထားသို့၊ ငါ့အား *ယုယ၊ ရံ-ခ စုရုံး၊ သေမင့်းကျုံးနှိုက်၊ သက်ဆုံး ကျအောင်၊ ဖျော်ကြ လှောင်လိမ့်၊ မြားမြောင် ထိုမျှ၊ နေ့-ည မခြား၊ ရံဖြေ*ဖြားသည့်၊ အောက်မား မယွင်း၊ ထိုရွေသင်းနှင့်။။ ရှင်း၍့ နေရတတ်ဘိမူ။ (၆)
(ဤသုံးပိုဒ်တို့ကား 'ရွှေလောင်းပြန်'ချီနည်း ဟူ၏၊)
(၁၅၀) သုရုန္ဓန၊ နာမ သညာ၊ ပြည် ဗာရာနှိုက်၊ ရှေးခါမဆွ၊ အတီတဝယ်၊ ဥဒယဘဒ်၊ မင်းမြတ် မောင်နှံ၊ ရွှေနန်းစံတို့၊ နန်းယံ ရှည်*ညောင်း၊ နှစ်ပေါင်း များစွာ၊ တထောင်ကြာလည်း၊ ယုတ်မာ ညစ်ကျု၊ ကိလေမှုနှိုက်၊ မရှုမဆိတ်၊ လူ၏့စိတ်ကို၊ နိမိတ် မထင်၊ အိပ်မက်တွင်မျှ၊ မမြင်စဖူး၊ တထူး တို့တူ၊ ဒုကူပဏ္ဍိ၊ မယ်ပါရိတို့၊ ဇာတိဗြဟ္မ၊ စရိယဖြင့်၊ ဝမ်းကတည်းပင်၊ လွန်ဖြူစင်၏၊ ဗုဒ္ဓင်ဗောဓိ၊ လောင်းတေမိကား၊ ဇာတိသ†ရ၊ ဉာဏ်ကို†ရ၍့၊ တလမြောက်ထ၊ ဘွားစကတိ၊ မွေးဘ ရင်ခွင်၊ နေစဉ်တွင်နှိုက်၊ ဘခင် မင်းဖျား၊ ခိုးသား လေး†ယောက်၊ ဆက် လာ†ရောက်၍့၊ ပြစ်လျှောက် စီမံ၊ မိန့်တော်သံကို၊ တရံ ကြားနှင့်၊ ကြောက်အား လွန်လစ်၊ ဆဲ့ခြောက်နှစ်လုံး၊ မင်းဖြစ် မလို၊ ကိုယ်ကို ဆုံးမ၊ *မဆွံ့အ,ဘဲး၊ *ဆွံ့အ ပင်းယောင်၊ ဟန်ဆောင်ပြုလျက်၊ တောကြီး ထွက်၏၊ တချက် ထိုမှ၊ မင်းဃရလည်း၊ ဘွားစက ဘက်၊ မထွက်ရအောင်၊ သံအိမ် လှောင်၍့၊ ကြီး*ပြောင် စင်မြောက်၊ သက် ဆဲ့ခြောက်သို့၊ ရွယ်ရောက်တုံမှ၊ ထုတ်ဆောင်ကြပြီး၊ မွေးဘ မယ်မင်း၊ အပ်နှင်း ပြည်ကို၊ မလို မင်းဖြစ်၊ စွန့်ခွါ ပစ်၏၊ ခုနစ်နှစ်ရွယ်၊ တောထွက်ပယ်သား၊ မင်းငယ် သောမနသ်၊ ဗောဓိသတ်နှင့်၊ ဟတ္ထိပါလ၊ ဂေါပါလက၊ စသည် လေးပါး၊ နောင်-ညီများလည်း၊ ငယ်သား ငယ်သွေး၊ ဖြစ်တုံသေးလျက်၊ ကျင့်ရေး လွန်ချစ်၊ မင်းအဖြစ်ကို၊ မနှစ်လို့စွာ၊ ငယ်က ခွါ၍့၊ ကောမာရဗြဟ္မစရိယ၊ နိက္ခမ္မကြီး၊ ကိစ္စပြီး၏၊ ပွင့်နီး ဉာဏ၊ ထိုမျှ တဘော်၊ ရှေးသူတော်တို့၊ အဟော် သို့အောင်၊ ရှောင်ကြီးရှောင်၏၊ အိမ်ထောင်ရာ ဝတ်၊ ကိလေညွတ်မှ၊ မလွှတ် မခွါ၊ ဘုံလေ့လာနှင့်၊ ကာမာရမ္မ၊ ရသ ခံစား၊ လိုက် ပျော်ပါးလျက်၊ တရား မကျင့်၊ လိုလို ရင့်၍့၊ မပွင့်ရာကောင်း၊ ဆုကြီး တောင်းသည့်၊ မြတ်လောင်း တဆူ၊ ငါတုံမူလည်း၊ ထို့တူပမာ၊ မင်းဖြစ် ခွာ၍့၊ ပြည်-ရွာ တိုင်းကား၊ သား မယားကို၊ စွန့်ရှား ခွါ*ခြံ၊ စုံ*မြိုင်ယံဝယ်၊ ဗြဟ္မံစရိယ၊ ကျင့်ကိစ္စနှင့်၊ ကာမ ငါးမည်၊ မှုန် မကြည်သည်၊ ထုံရည် ယစ်မျိုး၊ အရက်ဆိုး၏့၊ ပုပ်သိုး မသတီ၊ နံ့ စိမ်းစီကို၊ နံညှီ နှလုံး၊ သက်ထက်ဆုံးဖြင့်။။ မသုံးကြိုက်ရဘိသော်ကား။ (၇)
(၁၅၁) မင့်းအဖြစ်ဖြင့်၊ အနှစ် ခုနစ်ရာ၊ စံပြီး ကြာမှ၊ မဟာဇနက၊ *စောလောင်းလှလျှင်၊ အမ္ဗရုက္ခ၊ နာမမည်ဘိ၊ သီးယှိ သီးမဲ့၊ ကျိုးပဲ့ ညွန့်ရှင်၊ သရက်ပင်ကို၊ မြင်လျှင်* လှုလှု၊ ဆရာပြု၍့၊ မင်းဟုအဖြစ်၊ စည်းစိမ်ညစ်၏့၊ အပြစ် များဟန်၊ ဟုတ်အမှန်ကို၊ ရွှေဉာဏ် ဇာတိ၊ တပ်တပ် သိလျက်၊ သီဝလိမြတ်၊ ဒေဝီနတ်နှင့်၊ သတ္တသတာ၊ ခုနစ်ရာ အများ၊ မိဖုရားက၊ သားတော် မျက်ရှု၊ ဒီဃာဝုပါ၊ စွန့်ပြု ခွါပြီး၊ တောကြီးရက်ရက်၊ ထွက်ခဲ့ အမှန်၊ လည် မပြန်တည့်၊ ဒန္တပုရ၊ ကလိင်္ဂနှိုက်၊ ကရဏ္ဍမည်၊ ထိုမင်းသည်လည်း၊ မှတ်ရည် ထို့တူ၊ နှလုံးမူ၍့၊ *စုံငူ *မြိုင်ယံ၊ တောနှိုက် စံ၏၊ ယုန်ပျံ ရထား၊ မြသား သီတဂု၊ လ-ဣန္ဒုကို၊ ရာဟု ဖမ်းငုံ၊ မြင်လတ်တုံ၍့၊ ရွှေဘုံ နန်းပေါ်၊ မပျော် ခွါရှင်း၊ ဝိဒေမင်းတို့၊ မြိုင်တွင်း အောင်းရှောင်၊ နေရောင် ထိကျောက်၊ ဆီးနှင်းပေါက်၏့၊ ကင်းပျောက် ရှုစဉ်၊ သံဝေ ယှဉ်၍့၊ ယုဓ ဉ္ဇယ၊ နောင်- ညီလှဘွား၊ နှစ်ပါး မင်းပျို၊ နန်းကို ပယ်ရှောင်း၊ တောဝယ် အောင်း၏၊ တချောင်း ဆံဖြူ၊ မြင်ရုံမူမျှ၊ မှတ်ယူ စိတ်က၊ သံဝေဂဖြင့်၊ စူဠသုတ*သုံ၊ မင်းမြတ်တုံလည်း၊ လုံးစုံ နန်း-ထီး၊ စွန့်ပြီး ပယ်ခွါ၊ ကိလေသာကြောင့်၊ မဟာဥသဘ၊ ဂေါဝိန္ဒကို၊ ဧက နွားလား၊ ဝှေ့ငြား သေခြင်း၊ မြင်မိလျှင်း၍့၊ မင်းဒုမုခ၊ ဥတ္တရမည်၊ ပ ဉ္စာပြည်ကို၊ ဆံခြည် မချစ်၊ တောဝင် *နစ်၏၊ သားတစ် တခု၊ ငှက်ပေါင်း လုကို၊ မျှော်ရှု မျက်စိ၊ မြင်လေဘိကြောင့်၊ နိမိရာဇာ၊ မိထိလာကို၊ စွန့်ခွါခဲ့ပြီး၊ တောဝင် မှီး၏၊ ထံနီး မဝေး၊ နံ့သာသွေးသည့်၊ ရောထွေး နှစ်ခု၊ ခိုက်ပြု ညိုးညံ၊ လက်ကောက်သံကို၊ နားခံ ကြားဘိ၊ နဂ္ဂဇိလည်း၊ ဗောဓိ ပစ္စေ၊ ပွင့်ကြောင်း ဘွေ၍့၊ မင်းနေ *ဗဟို၊ တက္ကသိုလ်ကို၊ မလို စွန့်ထ၊ တောထွက် ကြွ၏၊ ထိုမျှ မြင်ကျယ်၊ မင်းတို့နှယ်တိ၊ အကယ်*တလ္လ၊ ယုတ်မာစွသား၊ ကာမ ငါးပုံ၊ ထိုအာရုံနှိုက်၊ တခုံမင်မင်၊ တခင်ခင်နှင့်၊ မစင် ခွေးမက်၊ မစွန့်ရက်သို့၊ မရှက်တတ်စွာ၊ ဤတဏှာကို၊ *ဖဲးခွါ ဖြေ†ဖျည်၊ ဓားဖြင့် †ဖျည်သို့၊ ဖျောက်†ဖျည်ကိစ္စ၊ ကြိုး လုံ့လလျက်၊ မုချ ထို့တူ၊ ငါမင်းဖြူလည်း၊ နည်းယူ မှတ်သုံး၊ သူတော်ထုံးကို။။ နှလုံးပိုက်ရဘိသော်ကား။ (၈)
(၁၅၂) သြရမ္ဘာဂိယ၊ ဟီန ယုတ်မာ၊ ကာမရွာနှိုက်၊ များစွာမပြတ်၊ ကျင်လည်တတ်သား၊ မမြတ် ဖျင်း*သုန်၊ ကာမဂုဏ်ဖြင့်၊ ရေစုန် ရွက်တိုက်၊ အပါယ်လိုက်တို့၊ လူနှိုက် ပျော်ပါး၊ သား-မြေး ပွားအောင်၊ မယား*ပြိန်းပြောင်၊ အိမ်ရာထောင်၍့၊ မရှောင် မကြဉ်၊ အစဉ် မကင်း၊ သက်ဆုံး ဖျင်း၏၊ ဝါတွင်း မိုဃ်းလ၊ မာသ သုံးထွေ၊ တော*မြိုင်†ခြေဝယ်၊ †ချေလည်း မဟောက်၊ မျောက်လည်း မကျော်၊ ငှက်သူတော်တို့၊ မပေါ် မထွက်၊ တောကြက် ဥဒေါင်း၊ ဘော်ပေါင်း ကင်းအောင်၊ ဝါရှောင် ဖို-မ၊ နေကြ ပြကတေ့၊ ကျင့်သိမ်မွေ့၏၊ လူလေ့ လူလာ၊ လူတို့ရွာနှိုက်၊ လူမှာသော်ကား၊ သူ-ငါများပင်၊ ယောက်ျား မိန်းမ၊ အဟိတ်မျှလောက်၊ ဘဝလေ့လာ၊ မရှောင်ခွါဘူး၊ ကျမ်းစာ နီတိ၊ ရှိသည့်အရ၊ ဤလောကနှိုက်၊ ထိုမျှ နွယ်ရိုး၊ ဆွေအမျိုး၏့၊ အကျိုးဖြစ်ငြား၊ တယောက်အားကို၊ စွန့်ယှားအပ်စွာ၊ မြို့-ရွာအကျိုး၊ အမျိုး စွန့်ထိုက်၊ ဇနပိုဒ် တိုင်းကား၊ ဝန်းလျား ပတ်လွှံ့၊ နိုင်ငံ့ရေးရာ၊ အကျိုးမှာမူ၊ ပြည်-ရွာ စွန့်ရိုး၊ ကိုယ့်အကျိုးကား၊ အမျိုး*တဝေး၊ သား-မြေး ခြွေရံ၊ နိုင်ငံ ပတ်ကုံး၊ မြေအလုံးလည်း၊ ကျုံး၍့ မညှာ၊ စွန့်ပစ်ရာ၏၊ တဏှာတပ်၍့၊ အရပ်ကို မက်၊ မခွါရက်ကြောင့်၊ အသက်ဆုံးရ၊ ဘဂ္ဂဝဟု၊ ဗာလစရိုက်၊ သေဘေးဆိုက်သည့်၊ လိပ်မိုက်ပမာ၊ မဖြစ်ရာတည့်၊ မဟာသု†ဒသ်၊ စကြာနတ်ကား၊ လောက†ဓာတ်လုံး၊ ဘုန်းတော် ကျုံး၍့၊ သက်ဆုံး အာယု၊ ရောက်တိုင်လုက၊ သုဘဒ် မဟာ၊ ဒေဝီချာနှင့်၊ များစွာ အပေါင်း၊ လေးထောင် ဆောင်းသည့်၊ ရှစ်သောင်း မိဖုရား၊ သားတော် သမီး၊ အသီးသီးပါ၊ ကျွန်းကြီး ကျွန်းငယ်၊ လေးသွယ် နှစ်ထောင်၊ ရံဝန်း မြောင်လျက်၊ အခေါင် လူ့ဘော်၊ တု မမြော်အောင်၊ စံတော် မဟာ၊ ပြည်ကုသာက၊ ရတနာ ခုနစ်ပါး၊ စည်းစိမ်များကို၊ ပယ်ယှား စွန့်ကာ၊ ခွါကြီး ခွါ၍့၊ မဟာဓမ္မ၊ ပါသာဒထက်၊ လေးလလုံး ခို၊ ဗြဟ္မစိုရ်ဖြင့်၊ ကိုယ်၏့ပွားစီး၊ စျာန်မှုကြီးကို၊ ပြီးပစေလျက်၊ ဗြဟ္မာ†တက်၏၊ *ကြ†ထက် ပညာ၊ ထူးသမ္ဘာနှင့်၊ မဟာပုရိ၊ ဗောဓိယောက်ျား၊ ပဏ္ဍိတ်များသို့၊ ငါ့အား ခုလည်း၊ ထို့နည်းမှန်စွာ၊ အကုန် ခွါလျက်၊ လေးဖြာ ဗြဟ္မ၊ ဝိဟာရကို၊ မချ လုံးလုံး၊ ဆောက်တည် သုံး၍့။။ အဆုံး လိုက်ရဘိသော်ကား။ (၉)
(ဤပုဒ်တို့ကား 'နေရောင်ခြည်ပြေး'ချနည်း)
(၁၅၃) ဤသို့ မဟာ၊ ဗောဓိချာလျှင်၊ ရာဇာ မင်းဖြစ်၊ စည်းစိမ်ညစ်ဟု၊ မနှစ်လို့ကြီး၊ စွန့်ပြီး ကင်းအောင်၊ ရှောင်လို ပြည်လေ့၊ စံ မမွေ့ဘဲး၊ ငြီးငွေ့ *ဦးလေး၊ တောထွက်ရေးနှိုက်၊ ကြံတွေး ရွှင်လန်း၊ ဉာဏ်သိမ်းမြန်း၍့။။ ဥဒါန်း သံဝေ၊ ကျူးသော့ထွေတည်း။ (၁၀)
ဤသို့လျှင်တိ၊ ဤတွင် ပိုင်းသန်း၊ သံဝေခဏ်းသည်။။ ပြဋ္ဌာန်း နာမ၊ ဒုတီယအုပ်၊ အပြီးချုပ်တည်း။
ဥဒါနဝစနခဏ်း (၁၀)ပိုဒ် ပြီး၏၊
သံဝေဂခဏ်း ၆-ခုတို့ဖြင့် တန်းဆာဆင်အပ်သော မဟာသုတကာရီ မဃဒေဝလင်္ကသစ် ဒုတီယပိုင်း ဤတွင် ပြီး၏၊