ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၁)
သင်ခန်းစာ (၂၂)
[ပြင်ဆင်ရန်]ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၁)
[ပြင်ဆင်ရန်]ဩကာသကန်တော့ချိုး
[ပြင်ဆင်ရန်]သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ် တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါး (နှင့်တကွ မိဘ၊ ဆရာသမား) တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပတ္တိတရား လေးပါး၊ ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
ဩကာသခေါ်ဆိုပုံ
[ပြင်ဆင်ရန်]ဩကာသသည် ပါဠိစကားဖြစ်၏။ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ”ဟု ခွင့်တောင်းခြင်းကို ဩကာသဟု ခေါ်သည်။ လေးနက်စေရန် သုံးကြိမ် ရွတ်ဆိုရခြင်း ဖြစ်သည်။
ကံသုံးပါး
[ပြင်ဆင်ရန်]၁။ ကာယကံ = ကိုယ်ဖြင့် ပြုလုပ်ခြင်းကို ကာယကံ ဟုခေါ်သည်။
၂။ ဝစီကံ နှုတ်ဖြင့် ပြောဆိုခြင်းကို ဝစီကံ ဟုခေါ်သည်။
၃။ မနောကံ = စိတ်ဖြင့် ကြံစည်ခြင်းကို မနောကံ ဟုခေါ်သည်။
ရတနာမည်ပုံ
[ပြင်ဆင်ရန်]စိတ်နှလုံးကို မွေ့လျော်စေတတ်၊ နှစ်သက်မြတ်နိုးခြင်းကို ဖြစ်စေတတ်သော သက်ရှိ၊ သက်မဲ့ အရာဝတ္ထု ဟူသမျှသည် “ရတနာ” မည်၏။
စိန်၊ ရွှေ၊ ငွေ ကျောက်သံ ပတ္တမြားရတနာတို့သည် လောကရှိ လူအပေါင်းတို့၏ စိတ်နှလုံးကို နှစ်သက်စေတတ်၊ မွေ့လျော် ပျော်ရွှင်စေတတ်သောကြောင့် လောကီရတနာဟု ခေါ်သည်။ ဘုရား၊ တရား၊ သံဃာတို့သည် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ စိတ်နှလုံးကို နှစ်သက်စေတတ်၊ မြတ်နိုးစေတတ်သောကြောင့် လောကုတ္တရာရတနာ ဟုခေါ်သည်။
ဘုရား၊ တရား၊ သံဃာ
[ပြင်ဆင်ရန်]အလုံးစုံသော တရားတို့ကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရား ဟုခေါ်သည်။ အပါယ်ဆင်းရဲ၊ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် စောင့်ရှောက်တတ်သော ဘုရားရှင်၏ အဆုံးအမကို တရားဟု ခေါ်သည်။
ဘုရားရှင်၏ အဆုံးအမကို လိုက်နာကြ၍ အယူသီလ တူမျှကြသော၊ သင်ယူ လက်ဆင့်ကမ်း ကျင့်သုံးလိုက်နာကြသော ရဟန်းတော်အပေါင်းကို သံဃာဟု ခေါ်သည်။
မာန်လျှော့
[ပြင်ဆင်ရန်]ရတနာသုံးပါး၊ မိဘ၊ ဆရာသမားတို့ကို မြင့်မြတ်ရာထား၍ မိမိ၌ရှိသော မာန်မာနတရား များကို လျှော့ချ ဖယ်ရှားထားခြင်းကို မာန်လျှော့သည်ဟု ခေါ်သည်။
ကန်တော့
[ပြင်ဆင်ရန်]ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ပြစ်မှားမိခဲ့သော် ထိုအပြစ်တို့ကို ကင်းပျောက်စေရန် လက်အုပ်မိုး၍ တောင်းပန်ဝန်ချခြင်းကို ကန်တော့သည်ဟု ခေါ်သည်။