ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၂၃)
[ပြင်ဆင်ရန်]ဩကာသကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)
[ပြင်ဆင်ရန်]အပါယ်
[ပြင်ဆင်ရန်]ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
အပါယ်လေးပါး
[ပြင်ဆင်ရန်]- ၁။ ငရဲ (ချမ်းသာမရှိ ဒုက္ခသာရှိသော ဘုံဌာန)
- ၂။ တိရစ္ဆာန် (ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ကြက်၊ ငှက်၊ ငါး၊ လိပ် စသော ကုန်းနေ၊ ရေနေ၊ ခြေလေးချောင်း၊ ခြေနှစ်ချောင်း သတ္တဝါတို့နှင့် မြွေစသော အခြေမရှိ သတ္တဝါများ)
- ၃။ ပြိတ္တာ (ချမ်းသာသုခတို့မှ ကင်းဝေးသော တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်၊ ကျတ်ကောင်)
- ၄။ အသူရကာယ် (လူနှင့် အလွန်ဝေးကွာသော မြစ်ကမ်း၊ သမုဒ္ဒရာ၊ တောတောင်တို့၌ နေရသော ပြိတ္တာအကြီးစား)
ကပ် သုံးပါး
[ပြင်ဆင်ရန်]ပျက်စီးချိန်၊ ဘေးဆိုး ကျရောက်ချိန်ကို “ကပ်”ဟု ခေါ်သည်။
- ၁။ သတ္ထန္တရကပ် (ဓား၊ လှံ၊ လေး၊ မြား၊ သေနတ်၊ အမြောက် စသော လက်နက်များဖြင့် သတ်ဖြတ် ကြ၍ သေကျေ ပျက်စီးရာ ကာလ)
- ၂။ ရောဂန္တရကပ် (အနာရောဂါ နှိပ်စက်၍ သေကျေပျက်စီးရာ ကာလ)
- ၃။ ဒုဗ္ဘိက္ခန္တရကပ် (အစာရေစာ ငတ်မွတ်ခေါင်းပါး၍ သေကျေပျက်စီးရာ ကာလ)
ရပ်ပြစ်
[ပြင်ဆင်ရန်]မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို မရနိုင်ခြင်းဟု ဆိုအပ်သော အပြစ်များရှိသော အရပ်ကို ရပ်ပြစ်ဟု ခေါ်သည်။
ရပ်ပြစ် ရှစ်ပါး
[ပြင်ဆင်ရန်]- ၁။ ငရဲ
- ၂။ တိရစ္ဆာန်
- ၃။ ပြိတ္တာ
- ၄။ အသညသတ်နှင့် အရူပဗြဟ္မာ (ခန္ဓာကိုယ်ရှိသော်လည်း စိတ်မရှိသော ဗြဟ္မာနှင့် စိတ်သာရှိ၍ ခန္ဓာကိုယ်မရှိသော ဗြဟ္မာများ။ ၄င်းတို့သည် ဘုရားပွင့်သော်လည်း တရားမနာနိုင်ကြ၍ ရပ်ပြစ်ရှစ်ပါး၌ ကျရောက်နေသူများ ဖြစ်ကြသည်။)
- ၅။ ပစ္စန္တရစ် (ဘုရားရှင်နှင့် ရဟန်းတော်များ မရောက်နိုင်သော အစွန်အဖျား အရပ်ဒေသ)
- ၆။ မိစ္ဆာဒိဋ္ဌိ (တရားမှန်ကို မသိဘဲ မှားသော အယူရှိသူ)
- ၇။ တရားကို နားလည်လောက်သော ဉာဏ်မရှိသူ
- ၈။ သာသနာပ ကာလ၌ လူဖြစ်ရသူ။
ရန်သူ
[ပြင်ဆင်ရန်]မိမိအကျိုး ပျက်ပြားအောင် ပြုလုပ်သောသူကို ရန်သူ ဟုခေါ်သည်။
ရန်သူမျိုးငါးပါး
[ပြင်ဆင်ရန်]- ၁။ ရေ
- ၂။ မီး
- ၃။ မင်းဆိုး
- ၄။ ခိုးသူ
- ၅။ အမွေခံ သားသမီးဆိုး။
ဝိပတ္တိ
[ပြင်ဆင်ရန်]ဖောက်ပြန်ခြင်းကို ဝိပတ္တိဟု ခေါ်သည်။
ဝိပတ္တိတရားလေးပါး
[ပြင်ဆင်ရန်]- ၁။ ကာလဝိပတ္တိ (မင်းဆိုး၊ မင်းယုတ် အုပ်စိုးသောကာလ)
- ၂။ ဂတိဝိပတ္တိ (အပါယ်လေးပါး၌ ဖြစ်ရခြင်း)
- ၃။ ဥပဓိဝိပတ္တိ (ကိုယ်အင်္ဂါကြီးငယ် ချို့တဲ့ခြင်း)
- ၄။ ပယောဂဝိပတ္တိ (လုပ်ဆောင်မှု မှားယွင်းခြင်း)
ဗျသန
[ပြင်ဆင်ရန်]ပျက်စီးဆုံးပါးခြင်းကို ဗျသနဟု ခေါ်ပါသည်။
ဗျသနတရားငါးပါး
[ပြင်ဆင်ရန်]- ၁။ ဉာတိဗျသန (ဆွေမျိုးသားချင်းများ ပျက်စီးခြင်း)
- ၂။ ဘောဂဗျသန (စည်းစိမ်ဥစ္စာ ပျက်စီးခြင်း)
- ၃။ ရောဂဗျသန (အနာရောဂါနှိပ်စက်၍ ပျက်စီးခြင်း)
- ၄။ သီလဗျသန (ကိုယ်ကျင့်သီလ ပျက်စီးခြင်း)
- ၅။ ဒိဋ္ဌိဗျသန (အယူလွဲမှား၍ ပျက်စီးခြင်း)
မဂ်၊ ဖိုလ်
[ပြင်ဆင်ရန်]နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်သည်။
မဂ်၏ အကျိုးတရားကို ဖိုလ်ဟု ခေါ်ပါသည်။
နိဗ္ဗာန်
[ပြင်ဆင်ရန်]ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော သဘောကို နိဗ္ဗာန်ဟု ခေါ်သည်။