မာတိကာသို့ ခုန်သွားရန်

၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက်

ဝီကီရင်းမြစ် မှ
4495စစ်ဥပဒေကျေညာချက်1948စဝ်ရွှေသိုက်

သမတအိမ်တော်၊ ရန်ကုန်မြို့။

စစ်ဥပဒေကျေညာချက်။

၁၉၄၈ ခုနှစ်၊ ထုတ်ပြန်ကျေညာချက်အမှတ် ၁။

၁၃၁၀ ခု၊ ဝါခေါင်လဆုတ် ၅ ရက်။

(၁၉၄၈ ခု၊ ဩဂုတ်လ ၂၄ ရက်။)

လူမသမာများနှင့်လူမသမာများပါဝင်သည့်အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်းမှုကြောင့်၊ ပြည်ထောင်စုနိုင်ငံတော်၏လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအာဏာလွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့် အလွန်အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေသည်တကြောင်း။ ဤသို့ထကြွသောင်းကျန်းမှုကြောင့်၊ များလှစွာသော တိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရသည့် ပြင် ဥစ္စာပစ္စည်းလည်း အမြောက်အမြား ဖျက်ဆီးခြင်းခံရသည်ဖြစ်သောကြောင့်လည်းတကြောင်း။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေ တည်မြဲရေးအတွက် စစ်ဥပဒေထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။ ထိုအကြောင်းများကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမတ ကျွန်ုပ်စဝ်ရွှေသိုက်က၊ ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ၊ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်သည်။

၁။ ။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ဟုခေါ်ရမည်။

၂။ ။ ဤအမိန့်ကိုထုတ်ပြန်ကျေညာသည့်နေ့ရက်မှစ၍ ကရင်နီပြည်နယ်အတွင်း၌ ထိုကျေညာချက်အမိန့် ကို မရုပ်သိမ်းသမျှကာလပတ်လုံး စစ်ဥပဒေအတည်ဖြစ်ရမည်။

၃။ ။ ငြိမ်ဝပ်ပိပြားရေးနှင့်ပြည်သူလုံခြုံရေးကိုတည်မြဲအောင် ဆောင်ရွက်ရာ၌ကူညီရန်၎င်း၊ ဤထုတ်ပြန် ကျေညာချက်အရ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်းဥပဒေ များကို လိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေစောင့်သိရိုသေသော တိုင်းသူပြည်သားအားလုံးတို့အား ဆင့်ဆိုလိုက်သည်။

စဝ်ရွှေသိုက်၊
နိုင်ငံတော်သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၀ ခုနှစ်၊ ဝါခေါင်လဆုတ် ၅ ရက်။
(၁၉၄၈ ခု၊ ဩဂုတ်လ ၂၄ ရက်)။

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၁၃၁]