မာတိကာသို့ ခုန်သွားရန်

၁၉၄၈ ခုနှစ်၊ အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်

ဝီကီရင်းမြစ် မှ
4498၁၉၄၈ ခုနှစ်၊ အမှတ် ၆၊ စစ်ဥပဒေထုတ်ပြန်ကျေညာချက်1948စဝ်ရွှေသိုက်

သမတအိမ်တော်၊ ရန်ကုန်မြို့။

(စစ်ဥပဒေကျေညာချက်။ (စစ်တွေခရိုင်၊ ဘူးသီးတောင်ဆပ်ဒီဝီဇံနယ်))

၁၉၄၈ ခုနှစ်၊ ထုတ်ပြန်ကျေညာချက်အမှတ် ၆။

၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်

(၁၉၄၈ ခု၊ နိုဝင်္ဘာလ ၁၂ ရက်)

လူမသမာများနှင့်လူမသမာများပါဝင်သည့် အဖွဲ့အစည်းများ၏ထကြွသောင်းကျန်းမှုကြောင့်၊ ပြည်ထောင်စုနိုင်ငံတော်၏လုံခြုံရေးကို၎င်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအာဏာ လွှမ်းမိုးမှုကို၎င်း၊ ထိခိုက်မည့်အလွန်အရေးကြီးသည့် အခြေအနေသို့ရောက်ရှိနေသည်တကြောင်း။

ဤသို့ထကြွသောင်းကျန်းမှုကြောင့်၊ များလှစွာသောတိုင်းသူပြည်သားတို့သည်၊ သတ်ဖြတ်ခြင်းခံရသည့်ပြင်၊ ဥစ္စာပစ္စည်းလည်း အမြောက်အမြား ဖျက်ဆီးခြင်းခံရသည် ဖြစ်သောကြောင့်လည်းတကြောင်း။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏လုံခြုံမှုအတွက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေတည်မြဲရေးအတွက် စစ်ဥပဒေ ထုတ်ပြန်ကျေညာရန် လိုအပ်သည်လည်းတကြောင်း။

ထိုအကြောင်းများကြောင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ၊ ကျွန်ုပ်စဝ်ရွှေသိုက်က ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်သည်။

၁။ ဤထုတ်ပြန်သည့်အမိန့်ကို ၁၉၄၈ ခုနှစ်၊ အမှတ် ၆၊ စစ်ဥပဒေထုတ်ပြန်ကျေညာချက် ဟုခေါ်ရမည်။

၂။ ဤအမိန့်ကိုထုတ်ပြန်ကျေညာသည့်နေ့ရက်မှစ၍ စစ်တွေခရိုင်၊ ဘူးသီးတောင်ဆပ်ဒီဝီဇံနယ်အတွင်း ၌၊ ထိုကျေညာချက်အမိန့်ကိုမရုပ်မသိမ်းသမျှကာလပတ်လုံး၊ စစ်ဥပဒေအတည်ဖြစ်စေရမည်။

၃။ ငြိမ်ဝပ်ပိပြားရေးနှင့်ပြည်သူ့လုံခြုံရေးကို တည်မြဲအောင်ဆောင်ရွက်ရာ၌ကူညီရန်၎င်း၊ ဤထုတ်ပြန် ကျေညာချက်အရ၊ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက ပြဋ္ဌာန်းသတ်မှတ်သည့်အမိန့်နှင့် စည်းမျဉ်းဥပဒေ များကိုလိုက်နာဆောင်ရွက်ရန်၎င်း၊ တရားဥပဒေစောင့်သိရိုသေသော တိုင်းသူပြည်သားအားလုံးတို့အား ဆင့်ဆိုလိုက်သည်။


စဝ်ရွှေသိုက်။
နိုင်ငံတော်သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်။
(၁၉၄၈ ခု၊ နိုဝင်္ဘာလ ၁၂ ရက်။)

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၂၂၉]