မာတိကာသို့ ခုန်သွားရန်

၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ

ဝီကီရင်းမြစ် မှ
၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ (1955)
4507၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ1955
၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေ။
[၁၉၅၅ ခုနှစ်၊ အက်ဥပဒေ အမှတ် ၁၅။]

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

၁။ ။ ဤအက်ဥပဒေကို၊ ၁၉၅၅ ခုနှစ်၊ နိုင်ငံတော်အလံ (ပြင်ဆင်ချက်) အက်ဥပဒေဟု ခေါ်ရမည်။

၂။ ။ ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ၏ ပုဒ်မ ၅ ကို၊ ပုဒ်မ ၅ (၁) အဖြစ် ပြန်လည်အမှတ်စဉ်၍၊ အောက်ပါကို ပုဒ်မခွဲ (၂) အဖြစ်ထည့်သွင်းရမည်။

“(၂) ပုဒ်မခွဲ (၁) အရပြုလုပ်သော နည်းဥပဒေတွင်၊ နည်းဥပဒေဆန့်ကျင်မှုအတွက်သော်၎င်း၊ နည်း ဥပဒေ အရထုတ်ဆင့်သော ညွှန်ကြားချက် ဆန့်ကျင်မှု အတွက်သော်၎င်း၊ နည်းဥပဒေအရ ထုတ်ဆင့် သော အမိန့်ဆန့်ကျင်မှု အတွက်သော်၎င်း ဤအက်ဥပဒေ အရ ပြစ်ဒဏ်ပြဋ္ဌာန်းထားခြင်း မရှိလျှင်၊ အဆိုပါ ဆန့်ကျင်မှုတခုခုကို ကျူးလွန်သူအား၊ ခြောက်လထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ စီရင်ရမည်ဟု နိုင်ငံတော် သမတ ကပြဋ္ဌာန်းနိုင်သည်။ အဆိုပါ ဆန့်ကျင်မှုကျူးလွန်သော ပြစ်မှုသည်၊ ဆက်လက်ကျူးလွန်သည့် ပြစ်မှုဖြစ်လျှင်၊ ပြစ်မှုကျူးလွန်သည့် ပဌမနေ့မှတပါး၊ နောက်ထပ် ဆက်လက်ကျူးလွန်သည့် ပြစ်မှုကာလ အပိုင်းအခြားအတွင်း အခြား နေ့ရက်များအတွက် တရက်လျှင် ကျပ်ငါးဆယ်ထက်မပိုသော ငွေဒဏ်စီရင်ရမည်ဟု ထိုနည်းဥပဒေတွင် ပြဋ္ဌာန်းနိုင်သည်။”