၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲရေး အက်ဥပဒေ
ပုံပန်းသွင်ပြင်
[၁၉၅၅ ခုနှစ်၊ အက်ဥပဒေ အမှတ် ၄၄။]
အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
- ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့် နှစ်အတွက် ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲခြင်း။
- ၁။ ။ ဘဏ္ဍာရေးဝန်ကြီးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏အခွန်တော်များမှ စုစုပေါင်း ကျပ်ငွေ ၁, ၁၅,၈၆, ၄၆,၀၀၀ (ဤအက်ဥပဒေနောက်ဆက်တွဲဇယားတွင် ဖေါ်ပြထားသည်) ကိုထုတ်၍၊ ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ကုန်ဆုံးသည့်နှစ်ဆိုင်ရာအသုံးစရိတ်များနှင့် ကိစ္စများအတွက် ခွဲဝေသုံးစွဲနိုင် သည်။
- ၁၉၅၆ခုနှစ်၊ စက်တင်္ဘာလ ၃၀ရက်နေ့၌ ကုန်ဆုံးသည့်နှစ်အတွက် ငွေချေးယူခြင်း။
- ၂။ ။ (၁) ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ကုန်ဆုံးသည့်နှစ်အတွင်းတွင် စုစုပေါင်း ကျပ်ငွေ ၂, ၇၅, ၃၇, ၀၀, ၀၀၀ထက်မပိုသောငွေများကို၊ ဘဏ္ဍာရေးဝန်ကြီးသည် အစိုးရငွေချေးစာချုပ်များ ထုတ်ပေးခြင်း ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။ ထိုကဲ့သို့ ငွေချေးသောကိစ္စအ တွက်၊ ဘဏ္ဍာရေးဝန်ကြီးသည်၊ မိမိသင့်သည်ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်၍၎င်း၊ ပြန်ဆပ်ရန်၊ ပြန်ရွေးရန်၊ သို့တည်းမဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များထား၍၎င်း အာမခံစာချုပ်များပြုလုပ် ၍ ထုတ်ပေးနိုင်သည်။
- (၂) ပါလီမန်၏အက်ဥပဒေများအရသော်၎င်း၊ နိုင်ငံတော်သမတက တရားဥပဒေနှင့်အညီ ထုတ်ပြန်သော အမိန့်များအရသော်၎င်း ဖွဲ့စည်းထားသောအဖွဲ့များက၊ သို့တည်းမဟုတ် ဒေသန္တရအာဏာပိုင်များက ဘဏ္ဍာ ရေးဝန်ကြီး၏ သဘောတူညီချက်ဖြင့် ချေးယူသည့်ငွေများကို ကျသင့်သောအတိုးနှင့်တကွ ပေးဆပ်ရန်အ တွက် ဘဏ္ဍာရေးဝန်ကြီးကတာဝန်ခံနိုင်သည်။ သို့သော် ၁၉၅၆ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံး သည့်နှစ်အတွင်း၊ ဤကဲ့သို့တာဝန်ခံသည့်ချေးငွေစုစုပေါင်းသည် ကျပ်ငွေ ၄၅ ကုဋေနှင့် သိန်း ၆၀ ထက်မပို စေရ။
- (၃) ဤအက်ဥပဒေအရ ချေးယူရရှိသော ငွေအားလုံးကို ပြည်ထောင်စုနိုင်ငံ၏ အခွန်တော်များတွင် ထည့်သွင်းရမည်။
- (၄) ဤအက်ဥပဒေအရထုတ်ပေးသည့်အာမခံစာချုပ်များနှင့်သက်ဆိုင်သော ငွေရင်းနှင့်အတိုးကို၎င်း၊ ဤ အာမခံစာချုပ်များ ထုတ်ပေးသည့်ကိစ္စနှင့် စပ်လျဉ်း၍ ကုန်ကျသည့်စရိတ်ငွေများကို၎င်း ပြည်ထောင်စုနိုင်ငံ ၏ အခွန်တော်များမှ ထုတ်ပေးရမည်။
- အဘိုး-၁၀ပြား]
ကိုးကား
[ပြင်ဆင်ရန်]- ၁၉၉၇ ခုနှစ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှထုတ်ဝေသော ၁၉၅၅ ခုနှစ် အက်ဥပဒေများနှင့် နည်းဥပဒေများစာအုပ်