မာတိကာသို့ ခုန်သွားရန်

Wikisource:ဝီကီရင်းမြစ်ဆိုတာ ဘာလဲ

ဝီကီရင်းမြစ် မှ

တမ်းပလိတ်:Process header

ဝီကီရင်းမြစ်အခမဲ့ စာကြည့်တိုက် – သည် ရင်းမြစ် စာသားများ၏ အခမဲ့ အကြောင်းအရာဖြစ်သော အွန်လိုင်း စာကြည့်တိုက်တစ်ခု ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ဖန်တီးထားသည့် ဝီကီမီဒီယာ ဖောင်ဒေးရှင်း ပရောဂျက် တစ်ခု ဖြစ်သည်။ ထို့အပြင် မည်သည့်ဘာသာစကားဖြင့်မဆိုရှိသည့် ရင်းမြစ်စာသားများ၏ ဘာသာပြန်များကို စုစည်းထားရန်လည်း ရည်ရွယ်သည်။

ဤစာမျက်နှာတွင် ဝီကီရင်းမြစ် ဆိုသည်မှာ ဘာလဲ၊ ဘာမဟုတ်ဘူးလဲနှင့် အခြား ဝီကီမီဒီယာ ပရောဂျက်များနှင့် မတူကွဲပြားသည့် အချက်များကို အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဤစာမျက်နှာရှိ ဖော်ပြချက်များမှာ အနှစ်ချုပ်များ ဖြစ်သော်လည်း ပိုမိုအသေးစိတ်သော မူဝါဒစာမျက်နှာများသို့ လင့်ခ်များ ပါဝင်သည်။ မူဝါဒများ ဆွေးနွေးခြင်းကို သက်ဆိုင်ရာ မူဝါဒ ဆွေးနွေးချက် စာမျက်နှာများတွင် ပြုလုပ်သင့်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဝီကီရင်းမြစ် (Wikisource) – မူလအမည် Project Sourceberg ကို Project Gutenberg၏ ရှေ့သို့ အနေဖြင့် ၂၀၀၃ ခုနှစ် နိုဝင်ဘာလတွင် ဝီကီပီးဒီးယားရှိ ဆောင်းပါးများအတွက် ထောက်ပံ့စာသားများ စုစည်းမှုဖြင့် စတင်ခဲ့သည်။ အလျင်အမြန် ကြီးထားလာခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဘာသာစကားမျိုးစုံဖြင့် စာသားယူနစ် စုစုပေါင်း ၂၀,၀၀၀ အထိ ဖြစ်လာခဲ့သည်။

၂၀၀၅ ခုနှစ် ဩဂုတ်နှင့် စက်တင်ဘာလများတွင် ဝီကီရင်းမြစ်ကို မတူညီသော ဘာသာစကားများအတွက် သီးခြား ဒိုမိန်းအခွဲများသို့ ရွှေ့ပြောင်းခဲ့သည်။

ဝီကီရင်းမြစ်သမိုင်းကြောင်း နောက်ထပ်အချက်အလက်များအတွက် အောက်ပါတို့ကို ရှုပါ။

မြန်မာဝီကီရင်းမြစ်

[ပြင်ဆင်ရန်]
  • ၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဘာသာစကားစုံ ဝီကီရင်းမြစ်ပေါ်တွင် မြန်မာဘာသာ ဗဟိုစာမျက်နှာကို စတင်ဖန်တီးခဲ့သည်။
  • ၂၀၁၂ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် မေတာရှိ မြန်မာဘာသာစကား ဝီကီရင်းမြစ် ပရောဂျက်အသစ် တောင်းဆိုမှုကို စတင်ခဲ့သည်။
  • ၂၀၁၈ ခုနှစ် ဇွန်လမှ စတင်၍ စာမျက်နှာသစ်များ ဖြည့်စွက်ရေးသားခြင်းများကို စတင်ပြုလုပ်ခဲ့သည်။
  • ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာဘာသာစကား ဝီကီရင်းမြစ်အား ဘာသာစကား ကော်မတီမှ အတည်ပြုခဲ့သည်။
  • ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် မြန်မာဘာသာစကား ဝီကီရင်းမြစ် ဒိုမိန်းအခွဲအား ဖန်တီးပြီးခဲ့သော်လည်း ဘာသာစကားစုံ ဝီကီရင်းမြစ်မှ စာမျက်နှာများ ရွှေ့ပြောင်းခြင်းမှာ ကြန့်ကြာနေဆဲ ဖြစ်သည်။

ဝီကီရင်းမြစ်၌ ပါဝင်သော အကြောင်းအရာများနှင့် မပါဝင်သော အကြောင်းအရာများ

[ပြင်ဆင်ရန်]

Shortcut:
WS:IO

ပါဝင်သော အကြောင်းအရာများမှာ-

  1. မည်သည့် စာရေးသူမှမဆို ယခင်က ထုတ်ဝေဖြန့်ချိပြီးသည့် ရင်းမြစ် စာသားများ
  2. မူရင်းစာသားများ၏ ဘာသာပြန်များ
  3. နိုင်ငံ သို့မဟုတ် နိုင်ငံတကာ၏ သမိုင်းဝင် စာရွက်စာတမ်းများ
  4. ဝီကီရင်းမြစ်ပေါ်တွင်လွှင့်တင်ထားသော လုပ်ဆောင်ချက်များရှိသည့် စာရေးသူများ၏ ကျမ်းပြုစာရင်းများ

ပံ့ပိုးမှုများကို အဆိုပါစာရင်းအတိုင်း ကန့်သတ်မထားပါ။

ဝီကီရင်းမြစ်ပေါ်တွင် ပါဝင်ခြင်း မရှိသော အကြောင်းအရာများအတွက် အခြေခံ သတ်မှတ်ချက်များအချို့မှာ-

  1. မူပိုင်ခွင့် ချိုးဖောက်မှုများ
  2. ပရောဂျက်အတွင်း ပံ့ပိုးသူ တစ်ဦးတစ်ယောက်၏ မူရင်း ရေးသားချက်များ
  3. သင်္ချာဆိုင်ရာ အချက်အလက်၊ ပုံသေနည်းနှင့် ဇယားများ
  4. ရင်းမြစ်ကုဒ်များ (ကွန်ပျူတာများအတွက်)
  5. စာရင်းအင်းမူရင်းအချက်အလက်များ (ရွေးကောက်ပွဲ ရလဒ် စသည်များ)

အဆိုပါတို့သည် ဝီကီရင်းမြစ်တွင် ပါဝင်ခြင်းမရှိသော အခြေခံများဖြစ်ကြသည်။

နောက်ထပ်အချက်အလက်များအတွက် ဝီကီရင်းမြစ်တွင် ပါဝင်သော အကြောင်းအရာများ ကို ကြည့်ပါ။

ဘာသာစကားများနှင့် ဘာသာပြန်များ

[ပြင်ဆင်ရန်]

ဝီကီရင်းမြစ်သည် ဘာသာစကားစုံ ပရောဂျက်တစ်ခု ဖြစ်သည်။ စာသားများနှင့် စာသား ဘာသာပြန်များကို ဆီလျော်ရာ ဒိုမိန်းအခွဲများနှင့် အထွေထွေ wikisource.org ဝီကီများတွင် ပါဝင်နိုင်ပါသည်။

ဤ မြန်မာဝီကီပီးဒီးယားသည်

  • မူရင်း မြန်မာဘာသာဖြင့် ရင်းမြစ် စာသားများ
  • အခြားဘာသာစကားများမှ ရင်းမြစ်စာသားများ၏ မြန်မာဘာသာပြန်များ

အတွက် ဖြစ်သည်။

ဘာသာစကားများနှင့် ဘာသာပြန်များအတွက် အချက်အလက်များကို Wikisource:ဘာသာပြန်များ တွင် ရှုပါ။

ဝီကီရင်းမြစ်နှင့် အခြား ဝီကီမီဒီယာ ပရောဂျက်များ

[ပြင်ဆင်ရန်]

ဝီကီရင်းမြစ်လား သို့မဟုတ် ဝီကီစာအုပ်လား

[ပြင်ဆင်ရန်]

ဤပရောဂျက် နှစ်ခုအကြား ကွာခြားချက်သည် လွယ်ကူရိုးရှင်းသည်။

  • ဝီကီရင်းမြစ် သည် တစ်နေနေရာတွင် ဖြန့်ချိပြီးသော အကြောင်းအရာများကို အလေးထားသည်။ ဝီကီရင်းမြစ်အား အများပြည်သူပိုင် သို့မဟုတ် အခမဲ့ လိုင်စင်သတ်မှတ်ထားသော ဖန်တီးလုပ်ဆောင်ချက်များ၏ စာကြည့်တိုက် တစ်ခုအနေဖြင့် မြင်နိုင်သည်။
  • ဝီကီစာအုပ် သည် ပံ့ပိုးသူများ ကိုယ်တိုင် ရေးသားထားသော လမ်းညွှန်အကြောင်းအရာများ ဖြစ်သည်။ (ဥပမာ၊ စာကျက်လမ်းညွှန်၊ ကျောင်းသင်ခန်းစာ စာအုပ် နှင့် စာသင်ခန်းများတွင် အသုံးပြုသော မှတ်စာများ စသည်)

ဝီကီရင်းမြစ်လား သို့မဟုတ် ဝီကီပီးဒီးယားလား

[ပြင်ဆင်ရန်]

ဝီကီပီးဒီးယားသည် စွယ်စုံကျမ်း တစ်ခုဖြစ်ပြီး ဝီကီရင်းမြစ်သည် စာကြည့်တိုက် တစ်ခု ဖြစ်သည်။ ဝီကီပီးဒီးယားတွင် စာအုပ်များအကြောင်း ဆောင်းပါးများ ပါဝင်ပြီး ဝီကီရင်းမြစ်တွင် အဆိုပါ စာအုပ်ကိုယ်တိုင် ပါဝင်သည်။

စာမျက်နှာများ ကာကွယ်ခြင်း

[ပြင်ဆင်ရန်]

ဝီကီမီဒီယာ ပရောဂျက်အများစုရှိ ဝီကီစာမျက်နှာများသည် အမြဲတမ်း တိုးတက်ပြောင်းလဲနေစေရန် ဖန်တီးထားသည်။ ဥပမာများအနေဖြင့် ဝီကီပီးဒီးယား ဆောင်းပါးများ သို့မဟုတ် ဝီကီစာအုပ် လမ်းညွှန်များ ဖြစ်သည်။

ဝီကီရင်းမြစ်သည် တစ်နေရာရာတွင် ထုတ်ဝေဖြန့်ချိပြီးဖြစ်သော အပြောင်းအလဲမရှိသည့် စာသားများ၏ စာကြည့်တိုက်တစ်ခု ဖြစ်သည်။ အများအားဖြင့် အဆိုပါ စာသားများ၏ စဉ်ဆက်မပြတ် မပြောင်းလဲသည့် အရေးပါမှုကို ထိန်းသိမ်းထားရန်အတွက် ယင်းစာသားများသည် ပြင်ဆင်ပြောင်းလဲခြင်းနှင့် တိုးတက်ပြောင်းလဲခြင်းရန်အတွက် မဟုတ်ပေ။ ထို့ကြောင့် ဝီကီရင်းမြစ်သည် စာသားများ၏ အရည်အသွေးကို ထိန်းသိမ်းရန်အတွက် မှန်ကန်စွာ ပုံစံချထားပြီး အမှားအယွင်းမရှိတော့သည့် အချိန်တွင် စာမျက်နှာများကို တည်းဖြတ်ခြင်းမှ "ကာကွယ်ခြင်း"ဟူသည့် မူဝါဒများကို သတ်မှတ်ထားသည်။ ပြောင်းလဲရန် လိုအပ်သော သို့မဟုတ် ပြင်ဆင်ရန် လိုအပ်ချက်များကို ဆွေးနွေးချက် စာမျက်နှာတွင် အမြဲတစေ ဆွေးနွေးနိုင်ပြီး လိုအပ်ပါက ကာကွယ်ထားခြင်းကို ဖယ်ရှားနိုင်သည်။

ဤနည်းလမ်းဖြင့် ဝီကီရင်းမြစ်သည် သတင်းမော်ကွန်းစာမျက်နှာများအား ကာကွယ်ထားသော ဝီကီနယူးစ်နှင့် များစွာ ဆင်တူသည်။

နောက်ထပ် အချက်အလက်များအတွက် Wikisource:ကာကွယ်ခြင်း မူဝါဒ အား ကြည့်ရှုပါ။

ဘက်မလိုက်သော အမြင်

[ပြင်ဆင်ရန်]

တမ်းပလိတ်:See also Neutral Point of View (NPOV) is a major policy followed by most, but not all, projects in the Wikimedia family. A neutral point of view on Wikisource means faithfully reproducing and crediting the original texts, without editors putting their own emphasis on certain parts of the text or reproducing only certain parts of the text.

There is no need for the original texts themselves to reflect a neutral point of view, and in fact most of our original texts carry implicit or explicit biases of all kinds. In this light, editors should stay true to the original texts even if they contain incorrect or dubious statements, as correcting these statements is against our definition of NPOV.

Introductory and other explanatory material should always be written with NPOV in mind.

မူပိုင်ခွင့်

[ပြင်ဆင်ရန်]

အခြားသော ဝီကီမီဒီယာ ပရောဂျက်များနည်းတူ ဝီကီရင်းမြစ်တွင်လည်း မူပိုင်ခွင့် ဥပဒေများကို လိုက်နာပါသည်။

မူပိုင်ခွင့်များနှင့် ပတ်သက်၍ အောက်ပါတို့ကိုလည်း ကြည့်ရှုပါ။

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]