မာတိကာသို့ ခုန်သွားရန်

ကဆုန်လဘွဲ့ လွမ်းချင်း

ဝီကီရင်းမြစ် မှ

တမ်းပလိတ်:Header

မြူခြေငယ်စွန်းပါလို့
နေဝန်းငယ်စက်ရှိန်
တောက်လောက်ငယ်ထိန်
ဖလ်သူရိန် တေဇာကြောင့်
ပူဗျာပါကဲတဲ့ လကိုလေး။

ရာသီငယ်ပြိဿ
မဟေသီ ရွှေညီခလို
ပန်းမြစကားဝါ၊ ဝိသာခါနှင့်
တာရာခြံရံ
စန်းငွေယုန်ဖန်သည့်နှယ်
ဆဒ္ဒန်ပိုင် ဘွေပုံမှာ
လကဆုန် ညောင်ရေပွဲပေမို့
သဲလှတယ်လေး။

တမ်းပလိတ်:PD-old