မာတိကာသို့ ခုန်သွားရန်

တန်ခူးလဘွဲ့ လွမ်းချင်း

ဝီကီရင်းမြစ် မှ
တန်ခူးလဘွဲ့ လွမ်းချင်း
by မဟာအတုလမင်းကြီး
1286တန်ခူးလဘွဲ့ လွမ်းချင်းမဟာအတုလမင်းကြီး

ထပ်ထပ်သာစောတော့တယ်
မြကြောငယ်ရစ်ဆီ
ကိုယ်ဖူးငယ်စီ
ပွင့်သိင်္ဂီ ရွှေရင်ကတ်ကယ်တို့
ရှစ်ရပ်ကယ် နယ်တခိုက
စိုးလှတယ်လေး။

နွေခါမှီငယ်
ရာသီမိဿ၊ ဂိမ္မန္တမို့
စိတြကြယ်၊ တိမ်မိုးလယ်မှာ
စမ္ပယ်ကွန့်ခါ၊ ဗွေအာကာတွင်
ဒေသဇာလှမ်း
လှည့်လည်ငယ် မြန်းလို့
နှစ်ဆန်းငယ် သင်္ကြန်
သစ်သစ်သာဖန်တော့တယ်
နိုင်ငံကြော့ပြည်သူမှာ
ပန်ဆုယူ တာရေသွန်းချိန်မို့
လွမ်းလှတယ်လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။