မာတိကာသို့ ခုန်သွားရန်

ကုမ္ဘဃောသကသေဋ္ဌိဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
841ဓမ္မပဒဂါထာနိဿယ၂။ ကုမ္ဘဃောသကသေဋ္ဌိဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

၂-အပ္ပမာဒဝဂ်

၂-ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု ပါဠိဂါထာ

၁၁၀။ ဥဋ္ဌာနဝတော သတီမတော, သုစိကမ္မဿ နိသမ္မကာရိနော၊
သညတဿ ဓမ္မဇီဝိနော, အပ္ပမတ္တဿ ယသောဘိဝဍ္ဎတိ။

ဥဋ္ဌာနဝတော၊ ထိုင်းမှိုင်းဖျင်းအ, မပျင်းရအောင်, ထကြွတက် ကြောင်း, ကောင်းသော လုံ့လလည်းရှိထသော။ သတိမတော၊ ကိစ္စခပင်း, မလစ်ဟင်းအောင်, စင်းစင်းမှတ်မိ, ကောင်းသော သတိလည်းရှိထသော။ [ဆန်းကြောင့် ဒီဃပြု၍ ဂါထာ၌ “သတီမတော” ဟု ရှိရသည်။] သုစိကမ္မဿ၊ အပြစ်ကင်း၍, သန့်ရှင်းစင်ကြယ်, ၃သွယ်သောကံလည်းရှိထသော။ နိသမ္မကာရိနော၊ ကိစ္စအများ, မယွင်းမှားဖို့, စဉ်းစား၍ပြုလေ့ရှိထသော။ သညတဿ၊ ကိုယ်နှုတ် စိတ်တွင်း, အပြစ်ရှင်းအောင်, အလျှင်းပုံသေ, စောင့်စည်း၍နေ ထသော။ ဓမ္မဇီဝိနော၊ လူဝတ်ကြောင်များ, မတရားကို, ရှောင်ရှား သောအား, လုပ်ကိုင်စား၍, တရားသဖြင့် အသက်မွေးထသော။ (တစ်နည်း) ဓမ္မဇီဝိနော၊ ရဟန်းတော်များ, မတရားကို, ရှောင်ရှား သောအား, ဆွမ်းခံစား၍, တရားသဖြင့် အသက်မွေးထသော။ အပ္ပမတ္တဿ၊ မမေ့မလျော့, မပေါ့မသွမ်း, ရဟန်းရှင်လူ, ခပ်သိမ်းသူ၏။ ယသော၊ ရာထူးဌာနန်, စည်းစိမ်မှန်ကြောင့်, ခြွေရံသင်းပင်း, ဂုဏ်သတင်းသည်။ အဘိဝဍ္ဎုတိ၊ လဆန်းပက္ခ, လရောင်ကြွသို့, နိစ္စဖြိုးဝေ, တိုးတက်ပေသတည်း။ (ပါ-၂၄)

ကုမ္ဘဃောသကသေဋ္ဌိဝတ္ထုဂါထာနိဿယပြီးပြီ။