သာမာဝတီဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂-အပ္ပမာဒဝဂ်
၁ - သာမာဝတီဝတ္ထု
၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
၂၂။ ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။
၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသကသူဌေးဆောက်လုပ်လှူဒါန်းသော ဃောသိတာရာမကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သာမာဝတီအမှူးရှိသော ငါးရာသော နန်းတွင်းသူများ၏ သေခြင်းနှင့် မာဂဏ္ဍီအမှူးရှိသော ဆွေမျိုးတို့၏ သေခြင်းနှစ်မျိုးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
အပ္ပမာဒေါ၊ မမေ့မလျော့ခြင်းသည်။ အမတပဒံ၊ နိဗ္ဗာန်၏ အကြောင်းတည်း။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ မစ္စုနော၊ သေခြင်း၏။ ပဒံ၊ အကြောင်းတည်း။ အပ္ပမတ္တာ၊ မမေ့မလျော့သောသူတို့သည်။ န မီယန္တိ၊ သေသည် မမည်ကုန်။ ယေ၊ အကြင်သူတို့သည်။ ပမတ္တာ၊ မေ့လျော့ကုန်၏။ တေ၊ ထိုသူတို့သည်။ ယထာ မတာ၊ သေသူတို့ကဲ့သို့ တည်း။ (ဝါ) သေသူနှင့် တူကုန်၏။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အပ္ပမာဒမှိ၊ မမေ့မလျော့ခြင်း၌။ ဧဝံ၊ ဤသို့။ ဝိသေသတော၊ ထူးခြားသောအားဖြင့်။ ဉတွာ၊ သိ၍။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။ ဂေါစရေ၊ ကျက်စားရာ လောကုတ္တရာတရား၌။ ရတာ၊ မွေ့လျော်ကြကုန်လျက်။ အပ္ပမာဒေ၊ မမေ့မလျော့သော သတိတရား၌။ ပမောဒန္တိ၊ ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။
တေ ဈာယိနော၊ သမထ ဝိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာတို့ကို ရှို့မြိုက်ကုန်လျက်။ သာတတိကာ၊ အမြဲမပြတ် လုံ့လပြုကုန်သည် ဖြစ်၍။ နိစ္စံ၊ အမြဲ။ ဒဠပရက္ကမာ၊ မတွန့်မဆုတ် လုံ့လထုတ်ကုန်သော။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ယောဂက္ခေမံ၊ ယောဂလေးပါး၏ ကုန်ရာဖြစ်သော။ အနုတ္တရံ၊ အတုမရှိ မြတ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဖုသန္တိ၊ ရောက်ကြကုန်၏။
စကားပြေ
ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်၏၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျော့သူတို့သည် ဇာတိစသည်မှ လွတ်၍ ဝဋ်ဆင်းရဲပြတ်သောကြောင့် သေသည် မမည်ကုန်။ မေ့လျော့သောသူတို့ကား ဇာတိစသည်မှ မလွတ်၍ ဝဋ်ဆင်းရဲမပြတ်သောကြောင့် သေသည် မည်ကုန်၏။
ပညာရှိတို့သည် မမေ့မလျော့မှု၌ ဤသို့ ထူးခြားသော အကြောင်းကို သိ၍ အရိယာပုဂ္ဂိုလ်တို့၏ အာရုံပြုရာ လောကုတ္တရာတရား၌ မွေ့လျော်ကုန်လျက် မမေ့မလျော့သော သတိတရား၌ ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။
အမြဲလုံ့လပြုကုန်လျက် မတွန့်မဆုတ် လုံ့လထုတ်ကုန်သည် ဖြစ်၍ သမထ ဝိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာတို့ကို ရှို့မီးကုန်သော ပညာရှိတို့သည် ယောဂလေးပါးတို့၏ ကုန်ရာ အတုမရှိ မြတ်သော နိဗ္ဗာန်သို့ ရောက်ကြရကုန်၏။
အပ္ပမာဒေါ— ပိဋကသုံးပုံ၏ အချုပ်တရားဖြစ်သော မမေ့မလျော့ခြင်း ရ၏။ တရားကိုယ်မှာ သတိတရား ဖြစ်သည်။
အမတပဒံ— ၌ အမတ သေခြင်းကင်းရာ နိဗ္ဗာန် ရ၏။
ပဒံ— နိဗ္ဗာန်ရောက်ကြောင်း သတိ ရ၏။
အပ္ပမတ္တာ န မီယန္တိ— သတိနှင့် ပြည့်စုံသူသည် မအို မနာ မသေ ဟု ဆိုလိုသည် မဟုတ်၊ ပဋိသန္ဓေနေသူမှန်သမျှ အိုမှု နာမှု သေမှုနှင့် မကင်းနိုင်၊ သို့သော် မမေ့မလျော့သောသူသည် အပ္ပမာဒတရားကို လက်ကိုင်ထားလျက် လျင်မြန်စွာ မဂ် ဖိုလ်ကို မျက်မှောက်ပြုသဖြင့် နှစ်ဘဝ သုံးဘဝ စသည် မဖြစ်ရသောကြောင့် သတိနှင့် ပြည့်စုံသူကို အသက်ရှင်နေသည် ဖြစ်စေ၊ သေသည် ဖြစ်စေ၊ သေသည် မမည် ဟု ဆိုလိုပါသည်။
ယေ ပမတ္တာ မတာ ယထာ— သေသောသူတို့သည် ထင်းတုံးကဲ့သို့ အသက်ဝိညာဏ် ကင်းကုန်၏၊ ထို့အတူ သတိလွှတ်ကင်းသောသူသည် ဒါနမှု, သီလမှု, ဥပုသ်စောင့်မှု, ဆရာ ဥပဇ္ဈာယ်ဝတ်ပြုမှု, ဓုတင်မှု စသည်တို့ကို ပြုမည် ဟု စိတ်အကြံမျှ မဖြစ်သဖြင့် သူသေနှင့် အတူတူပင် ဖြစ်ကြသည်။
ဧဝံ ဝိသေသတော ဉတွာ— သတိလွှတ်ကင်းသောသူသည် ဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်၊ သတိရှိသောသူသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်၏ ဟု ထူးခြားစွာ သိသည်။
အရိယာနံ— ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝက ရ၏။
ဂေါစရေ— သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယ ၃၇-ပါးနှင့် လောကုတ္တရာတရား ၉-ပါး ရ၏။
တေ ဈာယိနော— သမာပတ် ၈-ပါးဟူသော အာရမ္မဏူပနိဗ္ဗာန်, ဝိပဿနာ မဂ်, ဖိုလ်ဟူသော လက္ခဏူပနိဇ္ဈာန်ဖြင့် ကိလေသာကို ရှို့မြိုက်သူ။
သာတတိကာ— တောထွက်သည်မှ စ၍ အရဟတ္တမဂ်တိုင်အောင် ဖြစ်သော ကာယိကဝီရိယနှင့် စေတသိကဝီရိယ ရှိသူ။
ဖုသန္တိ— မဂ်လေးပါးဟူသော ဉာဏဖုသန, ဖိုလ်လေးပါးဟူသော ဝိပါကဖုသန နှစ်မျိုးတွင် ဤ၌ ဝိပါကဖုသနကို လိုအပ်ပါသည်။
ယောဂက္ခေမံ— နိဗ္ဗာန်၌ လူအပေါင်းကို ဝဋ်ဆင်းရဲ၌ နစ်မွန်းစေတတ်သော ယောဂလေးပါးဟူသော ဘေးမရှိသောကြောင့် နိဗ္ဗာန်သည် ယောဂက္ခေမ မည်သည်။
အနုတ္တရံ— လောကီ လောကုတ္တရာတရားတို့ထက် မြတ်သောကြောင့် နိဗ္ဗာန်သည် အနုတ္တရ မည်သည်။
အကုသိုလ်ကံ— အလ္လကပ္ပတိုင်းမှာ ငတ်မွတ်မှုကြောင့် ကောတုဟလိကသည် ဇနီးကာဠီနှင့် သားကာဝီကို ခေါ်ပြီး ကောသမ္ဗီပြည်သို့ သွားရာ လမ်းခရီးအကြား ရိက္ခာပြတ်သဖြင့် (ဇနီးက အတန်တန် တောင်းပန်ပါလျက်) သားကလေးကို စွန့်ပစ်ထားခဲ့မှု အကုသိုလ်ကံကြောင့် နောင်ဘဝ၌ ၇ ကြိမ်တိုင်တိုင် စွန့်ပစ်ခံရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၀၈။)
လူနှင့် တိရစ္ဆာန်— လူများသည် စိတ်ကူးတခြား အပြောတခြား ဖြစ်တတ်သည်၊ တိရစ္ဆာန်များသည် ကောက်ကွေ့မှု မရှိ၊ ပြောစင်းမှု ရှိသည်။
နတ်စုတေကြောင်း ၄-ပါး
၁။ အသက်တမ်းကုန်မှုကြောင့် စုတေခြင်း။
၂။ ကောင်းမှုကံစွမ်း ကုန်မှုကြောင့် စုတေခြင်း။
၃။ အစာစားချိန် လွန်မှုကြောင့် စုတေခြင်း။
၄။ သူတပါးအပေါ် စိတ်ဆိုးမှုကြောင့် စုတေခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၁၁၀။)
ရာထူးအလိုက် တည်ငြိမ်ပူရှိရမည်
ဃောသကသည် နန်းတော်သို့ သွားစဉ်က နန်းရင်ပြင်၌ ရေအိုင်ကို ခုန်ကျော်၍ သွားသော်လည်း နန်းတော်မှ ပြန်လာသောအခါ သူဌေးရာထူး ပေးမည် ဟု ရှင်ဘုရင်က ပြောလိုက်သဖြင့် ရေအိုင်တွေ့သောအခါ မခုန်တော့ပဲ ရေထဲသို့ ဆင်းပြီး ဖြည်းညင်းစွာ ပြန်လာသည်ကို အတုယူပြီး အသက်ပင် ငယ်သော်လည်း ရာထူးကြီးလျှင် ကြီးသလောက် တည်ငြိမ်မှု ရှိသင့်သည်။
သတ္တိခဲ— ဥတေနမင်းသည် စဏ္ဍပဇ္ဇောတမင်းအား ကျွန်ုပ်ထံမှ မန္တန်ကို သင်ယူလိုလျှင် ကျွန်ုပ်ကို ရှိခိုးရမည်။ ရှိမခိုးလျှင် မန္တန်ကို သင်မပေးနိုင်၊ မန္တန်သင်မပေး၍ အနိုင်ကျင့်လျှင်လည်း ခန္ဓာကိုယ်ကိုသာ အနိုင်ကျင့်၍ ရမည်၊ ကျွန်ုပ်၏ စိတ်ဓာတ်ကိုကား အနိုင်ကျင့်၍ ရမည် မဟုတ် ဟု သတ္တိရှိရှိ ပြောလိုက်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၂၅။)
ယာဉ် ၅-မျိုး— စပဇ္ဇောတမင်းသည် ဘဝတခု၌ အရှင်သခင်၏ စေခိုင်းချက်အရ အသွားအပြန် လျင်မြန်သော အဟုန်ဖြင့် ပြေးသွားကာ ပစ္စေကဗုဒ္ဓါကို ဆွမ်းလှူခဲ့ပြီး ဆုတောင်းခဲ့မှုကြောင့် တနေ့ ယူဇနာ (၅၀) သွားနိုင်သော ဘဒ္ဒဝတီမည်သော ဆင်, ယူဇနာ (၆၀) သွားနိုင်သော ကာကမည်သော ကျွန်, ယူဇနာ (၁၀၀) သွားနိုင်သော စေလကဋ္ဌိမည်သော မြင်း, မုဉ္စကေသီမည်သော မြင်းနှင့် တနေ့ ယူဇနာ (၁၂၀) သွားနိုင်သော နာဠာဂိရိမည်သော ဆင်ယာဉ်ကို ရရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၂၆-၇။)
ဘုန်းကံ
အရှင်အာနန္ဒသည် (၅၀၀) တန် သင်္ကန်း အထည် (၅၀၀) ကို အကြိမ်ငါးရာ၊ တထောင်တန် သင်္ကန်း အထည် (၁၀၀၀) ကို အကြိမ် တထောင်၊ တသိန်းတန် သင်္ကန်း အထည် တသိန်းကို အကြိမ် တသိန်း အလှူခံရသည်။ တထည် နှစ်ထည်, သုံးထည်, လေးထည်, ငါးထည်, ဆယ်ထည် အလှူခံရသော အကြိမ်ပေါင်းကား မရေတွက်နိုင်အောင် များပြားသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးသောအခါ ဇမ္ဗူဒီပကျွန်းတကျွန်းလုံးရှိ ကျောင်းတိုက်အားလုံးမှာ နေသော ရဟန်းတော်များအား မိမိပိုင် သပိတ် သင်္ကန်းများကို လှည့်လည် လှူဒါန်းနိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၀-၁။)
အမြတ်ထုတ်ကြပုံ
မာဂဏ္ဍီ၏ လုပ်ကြံမှုကြောင့် သာမာဝတီအမှူးရှိသော အမျိုးသမီးငါးရာ မီးလောင်ခံနေရစဉ် ဝေဒနာပရိဂ္ဂဟကမ္မဋ္ဌာန်းကို နှလုံးသွင်းကြသဖြင့် အချို့ သကဒါဂါမိတည်၍ အချို့ အနာဂါမိတည်သွားကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၁။)
မာဂဏ္ဍီအုပ်စု
မာဂဏ္ဍီနှင့် ဆွေမျိုးစုလည်း မိမိတို့ ယုတ်မာမှု ကံအားလျော်စွာ နန်းရင်ပြင်၌ ကျင်းတူးမြှုပ်၍ မီးလောင်ခံရပြီးလျှင် သံထွန်သွားဖြင့် အပိုင်းအပိုင်းပြတ်အောင် အနှိပ်စက်ခံသွားရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၂။)
ဝဋ်ကျွေး— သာမာဝတီအမှူးပြုသော အမျိုးသမီးများသည် ဘဝတခုမှာ ပစ္စေကဗုဒ္ဓါတပါးကို မီးရှို့ခဲ့မှု ကံကြောင့် အနှစ်သိန်းပေါင်းများစွာ ငရဲ၌ ခံရပြီး ဘဝပေါင်းတရာ ယခုကဲ့သို့ မီးရှို့ခံရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၃။)
ခုဇ္ဇုတ္တရာ
ခုဇ္ဇုတ္တရာသည် ခါးကုန်းသော ပစ္စေကဗုဒ္ဓါ၏ ဆွမ်းခံကြွလာပုံကို အတုပြု၍ ပြက်ရယ်ပြုခဲ့မှုကြောင့် ခါးကုန်းမှသည်။ ပစ္စေကဗုဒ္ဓါတို့အား မိမိပိုင် ဆင်စွယ်လက်ကောက်များကို သပိတ်ခြေပြု၍ လှူခဲ့မှု ပြုစုမှုကြောင့် ဉာဏ်ပညာကျယ်သော ပိဋကတ်သုံးပုံဆောင် သောတာပန်ဖြစ်ရသည်။ ရဟန္တာထေရီမ တပါးကို စေခိုင်းမှုကြောင့် သူတပါးကျွန် ဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၄။)
သေသူနှင့် ရှင်သူ
တရားမေ့သူသည် အသက်တရာ ရှည်သော်လည်း သေသူပင် မည်၍ တရားမမေ့သူသည် သေသော်လည်း ရှင်သူပင် မည်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၅။)
ပါဠိသဒ္ဒါခက်ဆစ်
ပမာဒေါ = ပမဇ္ဇတေ ပမာဒေါ။ ပ + မဒ်။
အမတပဒံ = အမတဿ ပဒံ အမတပဒံ။ အမတ + ပဒ။
မစ္စုနော = မရတီတိ မစ္စု။ မရ် + တျု။
အပ္ပမတ္တာ = အ + ပမတ္တာ၊ ပမန္တိတိ ပမတ္တာ။
ပဒံ = ပန္တိ ဧတေနာတိ ပဒံ။ ပဒ် + အ။
မတာ = မရန္တိတိ မတာ။ မရ် + တ။
ပဏ္ဍိတာ = ပဏ္ဍာ (ဗုဒ္ဓိ) သဉ္ဇာတာ အဿာတိ ပဏ္ဍိတော။ ပဏ္ဍ + ဣတ။
ပဏ္ဍတိ ဇာနာတီတိ ပဏ္ဍိတော။ ပဍိ + တ။
အရိယာနံ = ကိလေသာရယော ဟနတီတိ အရိဟော၊ သောဧဝ အရိယော။ အရိ + ဟန် + ကွိ။ အရတိ အဓိကစ္ဆတိ မဂ္ဂဖလမ္မေတိ အရိယော။ အရ်+ဏျ။
ဂေါစရေ = ဂါဝော ဣန္ဒြိယာနိ စရန္တိ ဧတေသူတိ ဂေါစရော။ ဂေါ + စရ်။
ဈာယိနော = ဈာယတိ သီလေနာတိ ဈာယီ။ ဈေ + ဏီ။
သာတတိကာ = သတတံ ပဝတ္တတီတိ သာတတိကော။ သတတ + ဏိက။
သတတံ = သမန္တတော တနောတိတိ သတတံ။ သံ + တနု + တံ။
ဓီရာ = ဓိ အဿ အတ္ထိတိ ဓီရော။ ဓီ + ရ။
နိဗ္ဗာနံ = ဝါနတော နိက္ခမ္မံ နိဗ္ဗာနံ။ နိ + ဝါန။
ယောဂက္ခေမံ = ယောဂါနံ ခေမော ယောဂက္ခေမော။ ယောဂ + ခေမ။ ခီယန္တိ ဧတ္ထာတိ ခေမံ။ ခီ + မ။
အနုတ္တရံ = နတ္ထိ ဥတ္တရော ဧတ္ထာတိ အနုတ္တရံ။ န + ဥတ္တရ + ဧတ။
သာမာဝတီဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂-အပ္ပမာဒဝဂ်
၁-သာမာဝတီဝတ္ထုအဋ္ဌကထာဂါထာ
ဒသန္နမညတရံ ဌာနံ, ခိပ္ပမေဝ နိဂစ္ဆတိ။
ယော၊ အကြင်သူသည်။ အဒဏ္ဍေသု၊ ဒုစရိုက်မှန်ဘိ, ဒဏ်မရှိ သူတို့၌လည်းကောင်း။ အပ္ပဒုဋ္ဌေသု၊ (မိမိသူတစ်ပါး, နှစ်ဥုးသား ဝယ်,) မပြစ်မှားတတ်သူတို့၌လည်ကောင်း။ ဒဏ္ဍေန၊ ဒဏ်ဖြင့်။ (ကိုယ်နှုတ်စိတ်ဆိုး, ဒဏ်တစ်မျိုးမျိုးဖြင့်)။ ဒုဿတိ၊ ပြစ်မှားအံ့။ (သော၊ ထိုသူသည်။) ဒသန္နံ၊ ဆယ်မျိုးသော ဒုက္ခ၏ အကြောင်း တို့တွင်။ အညတရံ၊ တစ်မျိုးမျိုးသော။ ဌာနံ၊ ဒုက္ခ၏အကြောင်းသို့။ ခိပ္ပမေဝ၊ လျင်မြန်စွာသာလျှင်။ နိဂစ္ဆတိ၊ ရောက်ရ၏။ (ဋ္ဌ-၇၁)
အဒဏ္ဍေသု အပ္ပဒုဋ္ဌေသု ။ ။ အဒဏ္ဍေသူတိ ကာယခဏ္ဍာဒိရဟိတေသု ခီဏာသဝေသု၊ အပ္ပဒုဋ္ဌေသူတိ ပရေသု ဝါ အတ္တနိ ဝါ နိရပရာဓေသု(ဓမ္မ၊ဋ္ဌ၊၂၊၄၅)။ ဒဏ္ဍန္တိ ကာယဝစီမနောဒဏ္ဍံ၊ ကာယဒုစ္စရိတာဒီနမေတံ အဓိဝစနံ၊ ကာယဒုစ္စရိတံ ဟိ ဒဏ္ဍယတီတိ ဒဏ္ဍော၊ ဗာဓေတိ အနယဗျသနံ ပါပေတီတိ ဝုတ္တံ ဟောတိ၊ ဧဝံ ဝစီဒုစ္စရိတံ မနောဒုစ္စရိတံ စ၊-သုတ္တနိ၊ဋ္ဌ၊၁၊၅၇။
အနက်ပေးပုံ။ ။ အထက်ပါအဖွင့်များနှင့်အညီ ပေးခဲ့သည်၊ ဒုသဓာတ် သမ္ပဒါန်ငဲ့ပုံကို နိဒီ-၁၈၆၌ ဆိုသဖြင့် “အဒဏ္ဍေသု-တို့အားလည်းကောင်း၊ အပ္ပဒုဋ္ဌေသု-တို့အားလည်းကောင်း”ဟုလည်း ပေးနိုင်သည်၊ ထို၂ပုဒ်ကို “အဒဏ္ဍေသု-ကုန်သော၊ အပ္ပဒုဋ္ဌေသု-တို့၌”ဟု ဝိသေသန ဝိသေသသျ ကြံ၍လည်း ပေးကြ၏၊ သို့သော် ၎င်းတို့၏ စပ်ရာပုဒ်ကို “ခီဏာသဝေသု” ဟု ဖွင့်ထားသောကြောင့် ၂ပုဒ်လုံးကို ဩကာသအနက်ပေးခြင်းသာ ပို ကောင်းသည်။
ဒသန္နမညတရံ ဌာနံ။ ။ ဒသန္နမညတရံ ဌာနန္တိ ဒသသု ဒုက္ခ- ကာရဏေသု အညတရံ ကာရဏံ၊-ဓမ္မ၊ဋ္ဌ၊၂၊၄၅။
ဂရုကံ ဝါပိ အာဗာဓံ, စိတ္တက္ခေပဉ္စ ပါပုဏေ။
ဖရုသံ၊ ကြမ်းတမ်းသော။ ဝေဒနံ၊ ဝေဒနာသို့လည်းကောင်း။ (ခေါင်းမူးဇက်ထိုး, ဝေဒနာဆိုးသို့လည်းကောင်း)။ ဇာနိံ၊ ဥစ္စာပျက် ယွင်း, ဆုံးရှုံးခြင်းသို့လည်းကောင်း။ သရီရဿ၊ ခန္ဓာကိုယ်၏။ ဘေဒနံ စ၊ (လက်ချေပြတ်ယွင်း,) ပျက်စီးခြင်းသို့လည်းကောင်း။ ဂရုကံ၊ ပြင်းထန်သော။ (ကြီးမားထန်သည်း, သေလုနီးပါးဖြစ်သော)။ အာဗာဓံ ဝါပိ၊ အနာရောဂါသို့လည်းကောင်း။ (လေဖြတ်ဆွံ့အ, နူနာ စသည့်, ခံရလွန်ဆိုး, ရောဂါမျိုးသို့လည်းကောင်း)။ စိတ္တက္ခေပဉ္စ၊ စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း။ (စိတ်ဓာတ်ဖောက်ယွင်း, ရူး သွပ်ခြင်းသို့လည်းကောင်း။) ပါပုဏေ၊ ရောက်ရ၏။ (ဋ္ဌ-၇၂)
ပရိက္ခယဉ္စ ဉာတီနံ, ဘောဂါနဉ္စ ပဘင်္ဂုရံ။
ရာဇတော၊ မင်းမှ။ ဥပသဂ္ဂံဝါ၊ ဘေးရန်သို့လည်းကောင်း။ (တစ် နည်း) ရာဇတော၊ မင်းကြောင့်။ (ဥပ္ပန္နံ၊ ဖြစ်သော။) ဥပသဂ္ဂံ ဝါဘေးရန်သို့လည်းကောင်း။ ဒါရုကံ၊ ပြင်းထန်သော။ အဗ္ဘက္ခာနဉ္စ၊ မဟုတ်မမှန်, လုပ်ကြံစွပ်စွဲခံရခြင်းသို့လည်းကောင်း။ ဉာတီနံ၊ ဆွေ မျိုးတို့၏။ ပရိက္ခယဉ္စ၊ ပျက်စီးခြင်းသို့လည်းကောင်း။ ဘောဂါနံ၊ စည်းစိမ်ဥစ္စာတို့၏။ ပဘင်္ဂုရံ စ၊ သူတို့ကိုယ်တိုင် ဖျက်ဆီးလေ့ရှိ ကုန်သည်၏အဖြစ်သို့လည်းကောင်း။ ဝါ၊ မိမိကိုယ်ကု ဖျက်ဆီးလေ့ိ ရှိကုန်သည်၏အဖြစ်သို့လည်းကောင်း။ (ပါပုဏေ၊ ၏။) (ဋ္ဌ-၇၃)
ရာဇတော။ ။ သော တော ပစ္စယန္တာ ပဉ္စမိယတ္ထေ၊ ဒီဃသော ရာဇတော ဝါ(ရူ-၁၃၃)။ ရာဇတောတိ စ ဟေတုအတ္ထေ နိဿက္ကဝစနံ (နီတိသုတ္တ-၁၉၇)။
ပဘင်္ဂုရံ။ ။ ထာဝရိတ္တရဘင်္ဂုရဘိဒုရဘာသုရဘဿရာ၊ ဧတေ သဒ္ဒါ နိပစ္စန္တေ သီလေ ဂမျမာနေ၊-မောဂ်-၅, ၅၄။
မောဂ်ပံ-၃၂၇။ ။ ဘဉ္ဇ ဩမဒ္ဒနေ၊ ဘဇ္ဇတေ သယမေဝ, ဘဉ္ဇတိ ဝါ အတ္တာနန္တိ ဘင်္ဂုရော, ကမ္မကတ္တရိ ဃုရော နိပစ္စတေ, နိပါတနဿ ဣဋ္ဌဝိသယတ္တာ ယော ပရံ ဘဉ္ဇတိ တသ္မိံ န ဟောတိ။
ဓမ္မ၊ဋ္ဌ၊၂၊၄၅။ ။ ပဘင်္ဂုရန္တိ ပဘင်္ဂုဘာဝံ...သုဝဏ္ဏံ အင်္ဂါရဘာဝံ, မုတ္တာ ကပ္ပာသဋ္ဌိဘာဝံ, ကဟာပဏံ ကပါလကဏ္ဍာဒိဘာဝံ ဒွိပဒစတုပ္ပဒါ ကာဏကုဏာဒိဘာဝန္တိ အတ္ထော။
မောဂ်ပံဆိုလိုချက်။ ။ နိပါတနသုတ်ဟူသည် အလိုရှိသလို ပြီး အောင် စီရင်နိုင်သောကြောင့် ဘဉ္ဇဓာတ်နောင် ကမ္မကတ္တားအနက်၌ ဃုရ ပစ္စည်းသက်၊ အမှန်အားဖြင့် ဖျက်နေဖွယ်မလိုဘဲ ဖျက်ရလွယ်ကူသည့် အတွက် သူ့အလိုလို (သူ့ကိုယ်သူ)ဖျက်သကဲ့သို့ ဖြစ်သောကြောင့် ကံကိုပင် ကတ္တားဟု တင်စားခေါ်ဆိုထားသော ကမ္မကတ္တုသာဓန ဖြစ်ရသည်၊ ထို ကြောင့် “ပဘင်္ဂုရ-အလိုလို ဖျက်တတ်၊ ဝါ-မိမိကိုယ်ကို ဖျက်တတ်”ဟု အနက်ဖြစ်၏၊ ပကား အနက်မဲ့တည်း။
သီလအနက်လည်းပါ။ ။ ကမ္မကတ္တားဆိုသော်လည်း သူ့ချည်းသက် သက် မဟုတ်၊ “ဧတေ သဒ္ဒါ နိပစ္စန္တေ သီလေ ဂမျမာနေ(မောဂ်-၅, ၅၄)၊ သရသတော ဥပက္ကမတော စ ပဘင်္ဂုပရမသီလတာယ ပဘင်္ဂုရံ(ဣတိ၊ဋ္ဌ၊၁၅၆)”ဟူသော စကားအရ သီလအနက်လည်း ပါ၏၊ “ပဘဇ္ဇတေ သယ- မေဝ, ပဘဉ္ဇတိ ဝါ အတ္တာနန္တိ ပဘင်္ဂုရံ”ဟုပြု၊ ထိုနောင် “ပဘင်္ဂုဘာဝံ” ဟူသော ဓမ္မ.ဋ္ဌအဖွင့်ကို ကြည့်၍ “ပဘင်္ဂုရဿ+ဘာဝေါ ပဘင်္ဂုရံ”ဟု ပြု၍ ဘာဝပုဒ်ကျေသော ဘာဝလောပသော်လည်းကောင်း, ဘာဝပ္ပဓာန သော်လည်းကောင်း, “ပဘင်္ဂုရတ္တံ”ဟု ဆိုလိုလျက် လောပေါ(မောဂ်-၄, ၁၂၃)သုတ်ဖြင့် တ္တပစ္စည်းချေထားသည်ဟုသော်လည်းကောင်း မှတ်ရာ၏။
ကာယဿ ဘေဒါ ဒုပ္ပညော, နိရယံ သောပပဇ္ဇတိ။
အထ၊ ထိုမှတစ်ပါး။ အဿ၊ ထိုသူ၏။ အဂါရာနိ၊ အိမ်တို့ကို။ အဂ္ဂိ ဝါ၊ မိုးကြိုးမီးသည်သော်လည်းကောင်း။ ပါဝကော ဝါ၊ (အလိုအလျောက် ဖြစ်ပေါ်လာသော) သဘာဝလောင်မီးသည် သော်လည်းကောင်း။ ဍဟတိ၊ လောင်၏။ ဒုပ္ပညော၊ ပညာမရှိ သော။ သော၊ ထိုသူသည်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက် စီးခြင်းကြောင့်။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။ (တစ်နည်း) နိရယံ၊ ငရဲသို့။ ဥပပဇ္ဇတိ၊ ကပ်ရောက်ရ၏။ (ဋ္ဌ-၇၄)
အဂ္ဂိ ဍဟတိ ပါဝကော။ ။ အဂ္ဂိ ဍဟတီတိ အသနိအဂ္ဂိ ဝါ ပတိတွာ ဍဟတိ၊ အတ္တနော ဓမ္မတာယ ဥဋ္ဌိတော ပါဝကော ဝါ ဍဟတိယေဝ၊- ဓမ္မ၊ဋ္ဌ၊၂၊၄၅။
ဧဝံ တံ ဇာယတေ ပေမံ, ဥပ္ပလံဝ ယထောဒကေ။
ဥပ္ပလံ ဝါ၊ ပန်းကြာမျိုးသည်လည်းကောင်း။ (အညံ ဝါ၊ ရေ၌ ပေါက်ရိုး, အခြားသော ပန်းမျိုးသည်လည်းကောင်း။) (တစ်နည်း) ဥပ္ပလံ ဝါ၊ ကြာညို, ကြာဖြူ, ကြာနီသည်လည်းကောင်း။ (အညံ ဝါ၊ အခြားသော ပဒုမ္မာစသော ကြာသည်လည်းကောင်း။) ဥဒကေ၊ ရေ၌။ (ဇာယမာနံ၊ ပွင့်ထွန်းပေါ်ပေါက်လာသည်ရှိသော်။ ဒွီဟိ ကာရဏေဟိ၊ ရေနှင့်ညွန်ဟူသော ၂-ပါးသောအကြောင်းတို့ ကြောင့်။ ဇာယတေ တထာ၊ ဖြစ်ပေါ်လာရသကဲ့သို့။ တထာ၊ ထို့ အတူ။) တံ ပေမံ၊ ထိုချစ်ခြင်းသည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္နိဝါသေန ဝါ၊ အတူတကွ နေထိုင်ခဲ့ရခြင်းကြောင့်သော်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ပစ္စုပ္ပန်ဘဝ၌ အစီးအပွားကို ပြုခြင်းကြောင့် သော်လည်းကောင်း။ ဧဝံ၊ ဤ၂-ပါးသောအကြောင်းတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။ (ဋ္ဌ-၇၅)
ပုဗ္ဗေဝ...ဥပ္ပလံဝ။ ။ ဝါကာရဿ ဂါထာဗန္ဓဝသေန ရဿတ္တံ ကတံ (“ဥပ္ပလံ ဝါ”ဟု ဆိုလိုလျက် ဆန်းကြောင့် ဝါ၌ ရဿပြုသည်)၊ သမုစ္စယတ္ထေ စေသ ဝုတ္တော၊ တသ္မာ ဥပ္ပလဉ္စ သေသံ ဇလဇပုပ္ဖဉ္စ (သေသဉ္စ ပဒုမာဒိ) ယထာ ဥဒကေ ဇာယမာနံ ဒွေ ကာရဏာနိ နိဿာယ ဇာယတိ ဥဒကေဉ္စဝ ကလလဉ္စ။ ပုဗ္ဗေဝ သန္နိဝါသေနာတိ ဧတ္ထ ဂါထာဗန္ဓဝသေန ဝါသဒ္ဒဿ ရဿတ္တံ ကတံ(“ပုဗ္ဗေ ဝါ”ဟု ဆိုလိုလျက် ဝါ၌ ရဿပြုသည်)၊ သန္နိဝါသေနာတိ သဟ ဝါသေန၊ ပစ္စုပ္ပန္နဟိတေနာတိ ပစ္စုပ္ပန္နေ ဝတ္တ- မာနဘေဝ ဟိတစရဏေန၊ ဧဝံ ဣမေဟိ ဒွီဟိ ကာရဏေဟိ သိနေဟ- သင်္ခါတံ ပေမံ ဇာယတေ ဥပ္ပဇ္ဇတိ၊-ဇာ၊ဋ္ဌ၊၂၊၂၁၆၊ သာရတ္ထ၊၁၊၁၃၀။
အနက်ကျယ် ။ ။ ဥပ္ပလံဝါ-ဥပ္ပလမည်, ညို ဖြူ နီဟု ရေကြည်ပေါ် လွှမ်း, ၃မျိုးသောကြာပန်းသည်လည်းကောင်း၊ (အညံ ဝါ-ထို့ပြင်တစ်ပါး, ရေတွင်ပွားသည့်, များပြားဘိတုံ, ကြာမျိုးစုံသည်လည်းကောင်း၊) ဥဒကေအပူဘေးဘယ, မြှေးမခအောင်, အေးမြကြည်လင်, ရေစင်ရေကောင်း၌၊ (ဇာယမာနံ-တင့်တင့်ငွားငွား, စွင့်စွင့်ကားလျက်, ပွင့်ပွားပေါ်ပေါက်လာ သည်ရှိသော်၊ ဒွီဟိ ကာရဏေဟိ-ပန်းအထွေထွေ, လျှမ်းဝေသို့, စန်းရေ ညွန်ပျောင်း ၂ပါးသောအကြောင်းတို့ကြောင့်၊ ဇာယတေ ယထာ-ငွားငွား တင့်တင့်, ကားကားစွင့်၍, ဆင့်ကာမြင့်ကာ, ပွင့်လာရသကဲ့သို့၊ တထာပမာထားယူ, မခြားအတူသာလျှင်၊) တံ ပေမံ-မိချစ် ဖချစ်, ဆွေမျိုးချစ်မှ, စ၍သစ်ဆန်း, ထိုအချစ်ပန်းသည်၊ ပုဗ္ဗေ သန္နိဝါသေန ဝါ-ကွာမဝေးလှ, ရှေးဘဝ၌, တကွအတူ, ကြည်ဖြူပေါင်းသင်း နေထိုင်ခဲ့ရခြင်းကြောင့်သော် လည်းကောင်း၊ ပစ္စုပ္ပန္နဟိတေန ဝါ-ယခုဘဝ, ပြုသမျှ၌, ယုယသောအား, ကြီးမားလေအောင်, စီးပွားကို ဆောင်ခြင်းကြောင့်သော်လည်းကောင်း၊ ဧဝံရှေးမေတ္တာဆက်, ယခုတွက်မူ, ဆောင်ရွက်အကျိုး, ဤအကြောင်း၂မျိုး တို့ကြောင့်၊ ဇာယတေ-မခွဲစတမ်း, အမြဲမှန်းလျက်, စွဲလမ်းချစ်ဝေ, ဖြစ်ရပေ သတည်း။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပာ, စန္ဒော ပန္နရသော ယထာ။
တုယှံ၊ သင်၏။ ဝါ၊ သည်။ ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သောဆုသည်။ ခိပ္ပမေဝ၊ လျှင်မြန်စွာသာလျှင်။ သမိဇ္ဈတု၊ ပြီးပြည့်စုံပါစေသတည်း။ ပန္နရသော၊ ပက္ခဆန်းတက်, ၁၅-ရက်မြောက်၌, ယှဉ်လျက်ပေါ်ထွက်လာသော။ စန္ဒော ယထာ၊ ရောင်ဝါတင့်ရွှန်း, လပြည့်ဝန်းကဲ့သို့။ [စန္ဒော၊ လသည်။ (ပူရတိ) ယထာပြည့်သကဲ့သို့”ဟုလည်း ပေးနိုင်သည်။] သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ကပ္ပာ၊ စိတ်ဝယ်ကြံဆ, မှန်သမျှတို့သည်။ ပူရေန္တု၊ ပြည့်စုံပါစေ ကုန်သတည်း။ (ဋ္ဌ-၇၆)
ပန္နရသော။ ။ ပန္နရသန္နံ+ပူရဏီ ပန္နရသီ၊ ပန္နရသိယံ+နိယုတ္တော ပန္နရသော၊ [ပန္နရသီ+ဏ၊] (တစ်နည်း) ပန္နရသန္နံ+ပူရဏော ပန္နရသော၊ ပန္နရသေ+နိယုတ္တော ပန္နရသော၊ [ပန္နရသ+ဏ။]
သဗ္ဗေ ပူရေန္တု သင်္ကပ္ပာ, မဏိ ဇောတိရသော ယထာ။
တုယှံ၊ ၏။ ဝါ၊ သည်။ ဣစ္ဆိတံ၊ သော။ ပတ္ထိတံ၊ သည်။ ခိပ္ပမေဝ၊ လျှင်။ သမိဇ္ဈတု၊ တည်း။ ဇောတိရသော၊ ဇောတိရသမည်သော။ ဝါ၊ တောက်ပြောင်သော အရောင် (အရည်အသွေး) ရှိသော။ မဏိ၊ ပတ္တမြား (ကျောက်မျက်ရတနာ) သည်။ (ပူရေတိ) ယထာလိုရာ ပြည့်စေသကဲ့သို့။ သဗ္ဗေ၊ ကုန်သော။ သင်္ကပ္ပာ၊ တို့သည်။ ပူရေန္တု၊ ကုန်သတည်း။ (ဋ္ဌ-၇၇)
ဇောတိရသော။ ။ ဇောတတိ ဒိပ္ပတီတိ ဇောတိ၊ ရသိတဗ္ဗော အဿာဒေတဗ္ဗောတိ ရသော၊ ဇောတိ+ရသော ယဿာတိ ဇောတိရသော၊ ဤ ဇောတိရသပတ္တမြားသည် မိလိန္ဒ-၁၂၂၊ ၁၂၃၌လာသော ပတ္တမြား ၁၄ မျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်၏။
ရတနာ ၉မျိုး၏ စွမ်းရည်။ ။ ရတနာ၉မျိုး၏ စွမ်းရည်ကို “ပတ္တမြား ဘုန်းတောက်, မြကျောက် အေးချမ်း, စိန်စွမ်း ဂုဏ်ရောင်, ကြောင်ကား သိဒ္ဓိ, မဏိ နီလာ, မေတ္တာ ကဲချုပ်, ဂေါ်မုတ် ခွန်အား, ဥဿဖရား ကျန်းမာ, သန္တာ ကြီးကဲ, ပုလဲ ကျက်သေရေ, ကိုးဂုဏ်ဝေသည်...ကိုးထွေ နဝရတ် စွမ်းရည်တည်း”ဟု ပညာရှိတို့ စပ်ဆိုခဲ့ကြ၏၊ ထိုတွင် ပတ္တမြား၏ စွမ်းရည် ၃မျိုးကို “(၁) ဣစ္ဆိတံ ဒေတိ-လိုရာကို ပေးနိုင်၏၊ (၂) အသောကံ ဒေတိစိတ်ကြည်လင်ရွှင်ပြမှုကို ပေးနိုင်၏၊ (၃) တေဇေတိ-တန်ခိုးအာဏာ ထက် မြက်စေ၏”ဟု သီးခြားဆိုသေးသည်။ (သုပြဓာန်)
မူဠှဿ ဟောတိ အဝက ဍ္ဎိတံ ပဒံ, ဝိဝ ဋ္ဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။
ဟိ၊ မှန်၏။ (ကာမဂုဏ်ခံစားသူ၏ ခြေရာမျိုးမဟုတ်သည်မှာ မှန်၏)။ ရတ္တဿ၊ ရာဂပြောထူ, တပ်မက်သူ၏။ ဝါ၊ ရာဂအားကြီး သူ၏။ ပဒံ၊ ခြေရာသည်။ ဥက္ကုဋိကံ၊ အထက်သို့ ကောက်ကွေးနေ သည်။ ဝါ၊ အလယ်၌ ချိုင့်နေသည်။ ဘဝေ၊ ဖြစ်၏။ [ဥ၊ အထက်သို့+ ကုဋိကံ၊ ကောက်ကွေးသည်။] ဒုဋ္ဌဿ၊ ဒေါသပြောထူ, ကြမ်းတမ်းသူ ၏။ ဝါ၊ ဒေါသအားကြီးသူ၏။ ပဒံ၊ သည်။ သဟသာ၊ အဆောတလျင်။ အနုပီဠိတံ၊ ဖိနှိပ်တတ်သည်။ ဝါ၊ ဖိနင်းတတ်သည်။ ဟောတိ၊ ၏။ မူဠှဿ၊ မောဟပြောထူ, တွေဝေသူ၏။ ဝါ၊ မောဟအားကြီးသူ၏။ ပဒံ၊ သည်။ အဝကဍ္ဎိတံ၊ နောက်သို့ ဆွဲသည်။ ဝါ၊ တရွတ်ဆွဲသည်။ ဟောတိ၊ ၏။ ဤဒိသံ၊ ဤကဲ့သို့ရှုအပ်သော။ ဣဒံ၊ ဤခြေရာသည်။ ဝိဝဋ္ဋစ္ဆဒဿ၊ ကင်းစေအပ်ပြီးသော ကိလေသာအမိုးအကာရှိသူ ၏။ ဝါ၊ ပယ်အပ်ပြီးသော ကိလေသာရှိသူ၏။ ပဒံ၊ သည်။ (ဟောတိ)၊ [အံ၊ဋ္ဌ၊၁၊၃၃၅။ သုတ္တနိ၊ဋ္ဌ၊၂၊၂၅၈။ ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၀၁တို့၌ “ဒုဋ္ဌဿ ဟောတိ အဝ (အနု) ကဍ္ဎိတံ ပဒံ, မူဠှဿ ဟောတိ သဟသာနုပီဠိတံ” ဟု ရှိ၏။ ဤသို့ အဆိုကွဲခြင်းမှာ ထိုထိုဘာဏကဆောင်တို့၏ အလို အတိုင်း ဆိုရခြင်းကြောင့် ဖြစ်သည်။] (ဋ္ဌ-၇၈)
ဥက္ကုဋိကံ...ဝိဝဋ္ဋစ္ဆဒဿ ။ ။ ဥက္ကုဋိကန္တိ အသမ္ဖုဋ္ဌမဇ္ဈံ(ဝိသုဒ္ဓိဋီ၊၁၊၁၂၇)၊ ပါဒတလဿ မဇ္ဈေ ဥုနတာယ ဥက္ကုဋိကပါဒတာ(ဒီ၊ဋီ၊၃, ၁၀၉)၊ သဟသာနုပီဠိတန္တိ အဂ္ဂပါဒေန ပဏှီယာ စ သဟသာဝ သန္နိရုဇ္ဈိတံ၊ အဝကဍ္ဎိတန္တိ ပါဒနိက္ခေပသမယေ ကဍ္ဎန္တော ဝိယ ပါဒံ နိက္ခပတိ၊ တေနဿ ပဒံ အနုကဍ္ဎိတံ ပစ္ဆတော အဉ္ဆိတံ ဟောတိ(ဝိသုဒ္ဓိ၊ဋီ၊၁၊၁၂၇)။
တရွတ်ဆွဲ ။ ။ မြေတွင် ကျစေလျက် ပွတ်ဆွဲခြင်းကို တရွတ်ဆွဲသည် ဟု ဆိုသည်၊-မြန်ဓာန်။
ဝိဝဋ္ဋစ္ဆဒဿ။ ။ ရာဂဒေါသမောဟမာနဒိဋ္ဌိကိလေသတဏှာသင်္ခါတံ ဆဒနံ အာဝရဏံ ဝိဝဋံ ဝိဒ္ဓံသိတံ ဝိဝဋကံ ဧတေနာတိ ဝိဝဋ္ဋစ္ဆဒေါ(ဒီ၊ဋ္ဌ၊၂၊၃၆၊ သီဋီသစ်၊၂၊၂၄၃)။ ဤအဖွင့်အရ “ဝိဝဋ+ဆဒ”ကို စပ်ထားရကား “ဝိဝဋစ္ဆဒေါ”ဟုရှိလျှင် ပိုကောင်းသည်၊ ဆရာတို့လည်း “ဝိဝဋစ္ဆဒေါ”ပါဌ်ကို နှစ်သက်တော်မူ၍ “ဝိဝရီယိတ္ထာတိ ဝိဝဋော၊ ဆဒီယတေ အနေနာတိ ဆဒေါ၊ ဝိဝဋော+ဆဒေါ ယေနာတိ ဝိဝဋ္ဋစ္ဆဒေါ-ဖွင့်လှစ်အပ်ပြီးသော ကိ လေသာအမိုးအကာရှိသောသူ”ဟု ပြုတော်၏(သီဘာ၊၃၊၃၄၂)၊ “ဝိဝဋ္ဋ- စ္ဆဒေါ”ပါဌ်အလို ဋဒွေဘော်လာ၍ ပြီးစေရာ၏။
တစ်နည်း။ ။ ဝိဝဋ္ဋယိတဗ္ဗော ဝိဂမေတဗ္ဗောတိ ဝိဝဋ္ဋော၊ ဆာဒေတိ ပဋိစ္ဆာဒေတီတိ ဆဒေါ၊ ဝိဝဋ္ဋော+ဆဒေါ အနေနာတိ ဝိဝဋ္ဋစ္ဆဒေါ-ကင်းစေအပ်ပြီးသော ရာဂဒေါသစသော အမိုးအကာအကာရှိသောဘုရားရှင်၊ ဤပုဒ်သည် ရာဇာဒိဂိုဏ်း “ဝိဝဋစ္ဆဒါ”ဟုလည်းကောင်း, ပုရိသာဒိဂိုဏ်း “ဝိဝဋစ္ဆဒေါ”ဟုလည်းကောင်း ၂မျိုးရှိ၏။ (သီဋီသစ်၊၂၊၂၄၃၊ နီတိပဒ-၂၁၉၊ နီတိသုတ္တ-၄၅၊)။
တစ်နည်း။ ။ ဝဋ္ဋဉ္စ+ဆဒေါ စ ဝဋ္ဋစ္ဆဒါ-ဝဋ်၃ပါး, ရာဂစသော အမိုး အကာ ၇ပါး၊ ဝိဝဋ္ဋစ္ဆဒေဟိ ဝိဂတော, ဝိဂတာ ဝါ ဝဋ္ဋစ္ဆဒါ ယဿာတိ ဝိဝဋ္ဋစ္ဆဒေါ-ဝဋ်၃ပါး, ရာဂစသော အမိုးအကာ ၇ပါးတို့မှ ကင်းတော်မူသော ဘုရားရှင်၊ ဝါ-ကင်းသော ဝဋ်၃ပါး, ရာဂစသောအမိုးအကာ ၇ပါးရှိတော်မူသော ဘုရားရှင်၊ ဆဒအရ ဒီ၊ဋ္ဌ၊၁၊၂၂၃အလို “ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, အဝိဇ္ဇာ, ဒုစ္စရိတ”ဟူသော ၇ပါး၊ ဒီ၊ဋ္ဌ၊၂၊၃၆အလို “ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ကိလေသာ, တဏှာ”ဟူသော ၇ပါးကိုယူ။
တစ်နည်း။ ။ ဝဋ္ဋတော+ဝိဂတော ဝိဝဋ္ဋော၊ ဆဒတော+ဝိဂတော ဝိစ္ဆဒေါ၊ ဝိဝဋ္ဋော စ+သော+ဝိစ္ဆဒေါ စာတိ ဝိဝဋ္ဋစ္ဆဒေါ-ဝဋ်မှလည်း ကင်းတော်မူ, ရာဂစသော အမိုးအကာမှလည်း ကင်းတော်မူသော ဘုရားရှင်၊ “ဝိဝဋ္ဋဝိစ္ဆဒေါ”ဟု ဆိုလိုလျက် နောက်ပုဒ်၌ ဝိကိုချေ(သီဋီသစ်၊၂၊၂၄၃)။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ, ပါဒါပိ နံ သမ္ဖုသိတုံ န ဣစ္ဆေ။
တဏှံ၊ တဏှာခေါ်ဆို, မာရ်နတ်၏ သမီးကိုလည်းကောင်း။ [တာသေတီတိ တဏှာ၊ တသ+ဏှ၊ သချေ။] အရတိံ၊ အရတီခေါ်ဆို, မာရ်နတ်၏ သမီးကိုလည်းကောင်း။ ရဂဉ္စ၊ ရဂါခေါ်ဆို, မာရ်နတ်၏ သမီးကိုလည်းကောင်း။ [ရဇ္ဇန္တိ ဧတ္ထာတိ ရဂါ။] ဒိသွာ၊ မြင်ရ၍။ ဝါ၊ မြင်ရခြင်းကြောင့်။ မေထုနသ္မိံ၊ မေထုန်၌။ (မေ၊ ငါ၏။) ဆန္ဒော အပိ၊ လိုချင်တောင့်တ, တဏှာဆန္ဒမျှသည်လည်း။ န အဟောသိ၊ မဖြစ်ခဲ့။ မုတ္တကရီသပုဏ္ဏံ၊ ကျင်ငယ်ကျင်ကြီးတို့ဖြင့် ပြည့်နေသော။ ဣဒံ၊ ဤမာဂဏ္ဍီ၏ရုပ်အဆင်းကို။ (ဒိသွာန၊ ၍။ ဆန္ဒော၊ သည်။) ကိမေဝ (ဘဝိဿတိ)၊ အဘယ်မှာလျှင် ဖြစ်ပါတော့အံ့နည်း။ နံ၊ ထိုမာဂဏ္ဍီကို။ ပါဒါပိ၊ ခြေဖြင့်သော်လည်း။ သမ္ဖုသိတုံ၊ ပေါင်းဖို့ဝေးဘိ, ထိရုံထိခြင်းငှာ။ န ဣစ္ဆေ၊ အလိုမရှိ။ (ဋ္ဌ-၇၈)
အရတ။ ။ ကုသလဓမ္မေသု အရတိံ ကရောတီတိ အရတီ၊ [အရတိ+ဏ+ဤ၊-ဓာန်-ဋီ-၄၃။] နတ္ထိ+ရတိ ယဿာ အတိတ္တတ္တာတိ အရတီ၊ [န+ရတိ+ဤ၊-ဝိဓာန်။] ဤအလို ဤကာရန္တတည်း၊ ဣကာရန္တလည်း ရှိ၏။
ဆန္ဒော။ ။ ဆန္ဒသည် တဏှာဆန္ဒ, ဒိဋ္ဌိဆန္ဒ, ဝီရိယဆန္ဒ, ဓမ္မစ္ဆန္ဒ (ကတ္တုကမျတာဆန္ဒ)အားဖြင့် အမျိုးမျိုးရှိ၏၊ ဤ၌ “ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ(မဟာနိ-၁၄၀) ”ဟု ဖွင့်သဖြင့် လောဘကို ယူရရသော တဏှာဆန္ဒကို ယူပါ။ (အဘိ၊ဋ္ဌ၊၂၊၂၇၆၊ သံ၊ဋီ၊၂၊၄၀၁) ပါဒါပိ ။ ။ဒူရန္တိကစသောသုတ်၌ စသဒ္ဒါဖြင့် ကရိုဏ်းအနက်၌ ပဉ္စမီသက်(ဝဏ္ဏနာ-၂၁၂)၊ (တစ်နည်း) “နာအာ”ဟူသော ဝိနာဓိကာရယောဂ ဝိဘာဂဖြင့် နာဝိဘတ်ကို အာပြု။ (ဝိဗော၊၇၉)
အတိဝါကျံ တိတိက္ခိဿံ, ဒုဿီလော ဟိ ဗဟုဇ္ဇနော။
နာဂေါ၊ ဆင်ပြောင်သည်။ [အရွယ်ရောက်ပြီးသော ဆင်ထီးကို “ဆင်ပြောင်”ဟုခေါ်သည်။ မြန်ဓာန်။] သင်္ဂါမေ၊ စစ်မြေပြင်၌။ စာပတော၊ လေးမှ။ ပတိတံ၊ မိမိ၌ ကျလာသော။ သရံ၊ မြားကို။ (တိတိက္ခတိ) ဣဝ၊ သည်းခံသကဲ့သို့။ (ဧဝမေဝ၊ ဤအတူသာလျှင်။) အဟံ၊ ငါသည်။ အတိဝါကျံ အတိဝါကျံ အတိဝါကျံ၊ လွန်ကျူးစော်ကား, မောက်မှားသော စကားကို။ ဝါ၊ အရိယာတို့ပြောဆိုရိုး စကား၈မျိုးကို ကျော်လွန်၍ ဖြစ်သော စကားကို။ တိတိက္ခိဿံ၊ သည်းခံအံ့။ ဟိ၊ သည်းခံသင့်၏။ ဗဟုဇ္ဇနော၊ များစွာသောင်းပြောင်း, လောကီလူအပေါင်းသည်။ ဒုဿီလော၊ သီလမရှိ။ (ဋ္ဌ-၇၉) [ဟိကို ကာရဏအနက်ဟော ယူ၍ “ (ကသ္မာ၊ နည်း?) ဟိ (ယသ္မာ)၊ အကြင်ကြောင့်။ ဗဟုဇ္ဇနော၊ သည်။ ဒုဿီလော၊ မရှိ။ (တသ္မာ၊ ထိုကြောင့်တည်း) ”ဟုလည်း ပေးနိုင်သည်။]
အတိဝါကျံ။ ။ အတိက္ကမ္မ+ပဝတ္တံ+ဝါကျံ အတိဝါကျံ(ရူဋီ၊၂၀၅)။ အတိဝါကျန္တိ အဋ္ဌအနရိယဝေါဟာရဝသေန ပဝတ္တံ ဝီတိက္ကမဝစနံ(ဓမ္မ၊ဋ္ဌ၊၂၊၃၀၉)။ အဋ္ဌအရိယဝေါဟာရံ အတိက္ကမိတွာ အဋ္ဌ အနရိယဝေါဟာရ- ဝသေန ပဝတ္တံ ဝါကျံ ဝစနန္တိ အတိဝါကျံ(ဓမ္မ-ဋီ-၃၇၇)။ ယောတိဝါကျန္တိ ယော ဧဝရူပံ အတိက္ကမဝစနံ(မဟာနိ၊ဋ္ဌ၊၃၀၄)။
ဒန္တော သေဋ္ဌော မနုဿေသု, ယော}တိဝါကျံ တိတိက္ခတိ။
သမိတိံ၊ ဥယျာဉ်, ကစားဝိုင်းစသော လူအများစုဝေးရာသို့။ (ဂစ္ဆန္တာ၊ သွားသူတို့သည်။ ဝါ၊ ကုန်လသော်။) ဒန္တံ၊ ယဉ်ကျေးသော နွားမြင်းကို။ နယန္တိ၊ ယာဉ်၌ ကပ်ဆောင်ကုန်၏။ ရာဇာ၊ မင်းသည်။ ဒန္တံ၊ ယဉ်ကျေးသော နွားမြင်းကို။ အဘိရုဟတိ၊ တက်စီး၏။ [ဆန်း ကြောင့် ရု၌ ဒီဃပြု၍ ဂါထာ၌ “အဘိရူဟတိ”ဟု ရှိသည်။] မနုဿေသု,လူတို့တွင်။ ယော၊ အကြင်သူသည်။ အတိဝါကျံ၊ ကို။ တိတိက္ခတိ၊ သည်းခံ၏။ (သော၊ ထိုသူကို။ ဝါ၊ သည်။) ဒန္တော၊ မဂ်၄-ပါးဖြင့် ဆုံးမ အပ်ပြီးသည်။ (ဟုတွာ၊ ၍။) သေဋ္ဌော၊ အထူးသဖြင့် ချီးမွမ်းအပ်, ကောင်းမြတ်၏။ (ဋ္ဌ-၈၀)
သမိတိံ။ ။ သမယန္တိ မိလန္တျဿန္တိ သမိတိ၊ ဣ ဂတိမှိ ဣတ္ထိယံ တိ၊ မိလနမေကီဘာဝေါ(ဓာန်-ဋီ-၄၁၄)၊ သဟ အဝယဝေန ဧတီတိ သမိတိ (ဓာန်-ဋီ-၆၃၁)၊ သဟ အယနံ သမိတိ(နိဒီ-၅၅၈)၊ သံယန္တိ ဂစ္ဆန္တိ အဿန္တိ သမိတိ(အမရဋီ)။ စစ်ထိုးခြင်း, ပေါင်းဆုံခြင်း, သဘင်အစည်းအဝေး (အမ ရ-၂၃, ၇၀)၊ စုဝေးခြင်း, အစည်းအဝေး, လူစုလူဝေးရှိရာပွဲသဘင်။ ( f.) an assembly, a society.(C.P.E.D) [သမိတိန္တိ ဥယျာနကီဠမဏ္ဍလာ- ဒီသု မဟာဇနမဇ္ဈံ ဂစ္ဆန္တာ ဒန္တမေဝ ဂေါဏဇာတိံ ဝါ အဿဇာတိံ ဝါ ယာနေ ယောဇေတွာ နယန္တိ၊ ရာဇာတိ တထာရူပေဟေဝ ဝါဟနေဟိ ဂစ္ဆန္တော ရာဇာပိ ဒန္တမေဝ အဘိရူဟတိ။ မနုဿေသူ မနုဿေသူ မနုဿေသူတိ မနုဿေသုပိ စတူဟိ အရိယမဂ္ဂေဟိ ဒန္တော နိဗ္ဗိသေဝနောဝ သေဋ္ဌော၊-ဓမ္မ၊ဋ္ဌ၊၂၊၃၀၉။ မဟာနိ၊ဋ္ဌ၊၃၀၄။]
ကုဉ္ဇရာ စ မဟာနာဂါ, အတ္တဒန္တော တတော ဝရံ။
အဿတရာ၊ အဿတိုရ်မြင်းတို့သည်လည်းကောင်း။ ဝါ၊ လား တို့သည်လည်းကောင်း။ အာဇာနီယာ စ၊ အာဇာနည်မြင်းတို့ သည်လည်းကောင်း။ (အလွန်တတ်သိလိမ္မာသော မြင်းတို့သည် လည်းကောင်း။) သိန္ဓဝါ စ၊ သိန္ဓဝတိုင်း၌ ပေါက်ဖွားသော မြင်းတို့သည်လည်းကောင်း။ ဝါ၊ သိန္ဓောမြင်းတို့သည်လည်းကောင်း။ ကုဉ္ဇရာ၊ မြတ်ကုန်သော။ ဝါ၊ တောင်ကမ်းပါးပြတ်၌ မွေ့လျော် ကုန်သော။ မဟာနာဂါ စ၊ ကြီးသောဆင်တို့သည်လည်းကောင်း။ ဝါ၊ ဆင်ပြောင်တို့သည်လည်းကောင်း။ ဒန္တာ၊ ဆုံးမအပ်ကုန်သော် သာ။ ဝါ၊ ယဉ်ကျေးကုန်မှသာ။ ဝရံ၊ မြတ်၏။ အတ္တဒန္တော၊ မဂ်၄-ပါးတို့ဖြင့် မိမိကို ဆုံးမပြီးသူသည်။ တတော၊ ထိုမြင်းဆင်တို့ထက်။ ဝရံ၊ မြတ်၏။ (၈၁)
အဿတရာ။ ။ အဖေရော အမေပါ မြင်းမျိုးဇာတ်ရှိမှ အစဉ်အလာ အရ “အဿ (မြင်း)”ဟု ဆိုရ၏၊ အဿတရ(လား)ကား အမေက မြင်းမ, အဖေက မြည်းဖိုတည်း၊ အဖေက မျိုးမတူ, ဇာတ်ခြားသဖြင့် ၎င်းတို့မှ ပေါက်ဖွားသော သားသမီးတို့သည် အစဉ်အလာမျိုးရိုးမှ ယုတ်လျော့၏၊ မြင်းဇာတ်ပျက်၍ အမျိုးမစစ်ကပြား ဖြစ်၏၊ထိုကြောင့် ဝစ္ဆာဒီဟိ တနုတ္တေ တရော(မောဂ်-၄, ၅၆၊ ပါ-၅, ၃, ၉၁)သုတ်ဖြင့် တနုတ္တ(မြင်းဇာတ်၏ လျော့ပါးခြင်း)အနက်၌ အဿနောင် တရပစ္စည်းသက်၊ “အဿဿ (အဿဘာဝဿ)+တနုတ္တာနိ အဿတရာ”ဟုပြု(မောဂ်နိ၊၂၊၉၅၊ တတွ,ဗောဓိနီ-၃၁၇)၊ “ဝိသေသေန+အဿာ အဿတရာ၊ [အဿ+ဝိသေသ အနက် တရပစ္စည်း၊-နီတိသုတ္တ-၇၈၆။] အဿံ တရန္တီတိ အဿတရာ၊ [အဿ+တရ+အ၊-ဓမ္မဋီ၊ ဓာန်-ဋီ-၃၆၉၊]”ဟုလည်းပြု၊ လားသတ္တဝါသည် တောင်တက်တောင်ဆင်းတို့၌ မြင်းစသော အခြားသတ္တဝါတို့ထက် လျင်မြန်၏။
အာဇာနီယာ။ ။အာ ဘုသော ကာရဏာကာရဏံ ဇာနန္တီတိ အာ,ဇာနီယာ(ဓာန်-ဋီ-၃၆၉)၊ အာသု သီဃံ အဿဒမ္မသာရထိနော အဓိပ္ပာယံ ဇာနန္တီတိ အာဇာနီယာ(ဓမ္မဋီ)။ [အာ+ဉာ+အနီယ၊ (တစ်နည်း) အာ+ဉာ+ နာ+ဏျ၊ နောက်နည်းအလို ဤလာ။]
သိန္ဓဝါ။ ။သန္ဒန္တိ ပသဝန္တီတိ သိန္ဓူ၊[သန္ဒ+ကု၊ အ-ကို ဣ, ဒကို ဓပြု၊ မောဂ်-၇၊၆။] “သီ”တိ သဒ္ဒံ ကုရုမာနာ ဓုနန္တိ ကမ္ပန္တီတိ သိန္ဓူ၊ [သိ+ဓူ =+ကွိ၊-အပ၊ဋ္ဌ၊၂၊၉၀။] သိန္ဓူနမဒူရဘဝေါ ဇနပဒေါပိ သိန္ဓဝေါ၊ တတြ ဘဝါ သိန္ဓဝါ၊ [သိန္ဓု+ဏ၊ သံယောဂန္တတ္တာ န ဝုဒ္ဓိ၊-ဓာန်-ဋီ-၃၆၈။] သိန္ဓူသု ဇာတာ သိန္ဓဝါ၊ ဧတ္ထ မဟာဝုတ္တိနာ အဝါဒေသော၊ [သိန္ဓု+ဏ၊-ရူဋီ၊၁၆၇၊] သိန္ဓုရဋ္ဌေ ဇာတာ, သိန္ဓုနဒီတီရေ ဝါ ဇာတာ, သိန္ဓုပဗ္ဗတေ ဝါ ဇာတာတိ သိန္ဓဝါ(ဓမ္မ-ဋီ-၂၇၆)။ သိန္ဓု အဘိဇနော (ဝိဇာတဒေသော) ယေသန္တိ သိန္ဓဝါ(ကပ္ပဒ္ဒုမ)၊ ဤသိန္ဓောမြင်းသည် ဘုန်းရှင်ကံရှင်မင်းတို့၏ အသုံး အဆောင်ဖြစ်၍ ကောင်းကင်၌ သွားလာကျက်စားသော မြင်းပျံတစ်မျိုး ဖြစ်သည်၊ ထိုကြောင့် ဤမြင်းကို “သိန္ဓောနတ်မြင်းပျံ”ဟုလည်း ခေါ်ကြ၏၊ အကျယ်လိုက မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၃၌ရှု။
ကုဉ္ဇရာ။ ။ “ကုဉ္ဇရန္တိ ဥတ္တမံ(ဇာ ၊ဋ္ဌ၊၄၊၂၃၄)”နှင့်အညီ ဥတ္တမ အနက်ယူ၍ ရှေ့နည်းပေးခဲ့သည်၊ မဟာနာဂါအရ နဂါးစသည်ကို မယူဘဲ ဆင်ကို ယူစေလိုသောကြောင့် “ကုဉ္ဇရသင်္ခါတာ”ဖွင့်သည်ဟု ယူ၍ “ကုေဉ္ဇ (ဂိရိတဋေ) ရမန္တီတိ ကုဉ္ဇရာ၊ [ကုဉ္ဇ+ရမု+ကွိ၊-ဝိမာန၊ဋ္ဌ၊၃၀၊]”နှင့်အညီ နောက်နည်းပေးသည်၊ ထို့ပြင် “ကုေဉ္ဇ ရဝန္တီတိ ကုဉ္ဇရာ-တောင်ကမ်းပါး ပြတ်၌ ကြိုးကြာသံကို အော်မြည်တတ်သောဆင်တို့၊ [ကုဉ္ဇ+ရု+ကွိ၊] ကုံ (ပထဝိံ) ဇရယန္တီတိ ကုဉ္ဇရာ-မြေကို (ဖျက်ဆီးသောအားဖြင့်) ဆွေးမြည့်စေ တတ်သောဆင်တို့၊ [ကု+ဇရ+ကွိ၊-ဝိမာန၊ဋ္ဌ၊၃၀၊] ကုဉ္ဇာ (ဟနူ)+ဧတေသံ သန္တီတိ ကုဉ္ဇရာ-မေးရှိသောဆင်တို့၊ [ကုဉ္ဇ+ရ၊-ရူ-၂၄၃၊]”ဟူသော ဝိဂြိုဟ် များကို ကြည့်၍လည်း ပေးနိုင်သေး၏။
ဒန္တာ ဝရံ
။ ။ကစ္စာယနဝဏ္ဏနာ၌ လိင်္ဂတ္ထေ ပဌမာသုတ်၌ အတ္ထသဒ္ဒါ ဖြင့် ဘာဝလက္ခဏအနက်၌ ပဌမာသက်သဖြင့် လက္ခဏအနက်ပေးသည်၊ “သဗ္ဗဝါကျံ သာဝဓာရဏံ-ဝါကျတိုင်းမှာ ဧဝအနက်ပါ နိုင်၏”ဟူသော ပရိဘာသာနှင့် “ဒန္တာဝ”ဟူသော အဋ္ဌကထာဖွင့်အရ ဧဝအနက်ပါအောင် ပေးသည်၊ စယာသိတသင်္ချာဖြစ်ခြင်း, အထီးအမအားလုံးနှင့် ဆက်ဆံသော အမြတ်သာမညကို ဆိုလိုခြင်းကြောင့် ဝရံ၌ နပုံလိင်ဖြင့် ရှိရသည်။
အတ္တဒန္တော။ ။ ယော ပန စတူဟိ အရိယမဂ္ဂေဟိ အတ္တနော ဒန္တ,တာယ အတ္တဒန္တော(ဓမ္မ၊ဋ္ဌ၊၂၊၃၀၉)။ ဤအဖွင့်အလို “ယော”ဟု ကတ္တား ရှိသောကြောင့် “အဒမီတိ ဒန္တော၊ အတ္တနော+ဒန္တော အတ္တဒန္တော-မဂ်၄ပါး တို့ဖြင့် မိမိကို ဆုံးမပြီးသူ(ရူဋီ၊၁၁၃)”ဟု ပြု၊ (တစ်နည်း) “ဒမနံ ဒန္တော၊ အတ္တနော+ဒန္တော ယဿာတိ အတ္တဒန္တော-မိမိကို ဆုံးမခြင်းရှိသူ”ဟုပြု။ (တစ်နည်း) “အတ္တဒန္တော-မိမိ၏ ယဉ်ကျေးခြင်းသည်၊ (မိမိကို ဆုံးမခြင်း သည်)၊ တတော-တိုဆင်မြင်းအာဇာနည်တို့ ယဉ်ကျေးခြင်းထက်၊ ဝရံ”ဟု လည်း ပေး၏၊ ထိုအလို “ဒမနံ ဒန္တော၊ အတ္တနော+ဒန္တော အတ္တဒန္တော” ဟုပြု။ (နီတိသုတ္တနိ၊၁၊၃၂၂၊ ရူဘာ၊၁၊၄၅၈)
မဟာနိ၊ဋ္ဌ၊၃၀၅။ ။ ယော ပန စတုမဂ္ဂသင်္ခါတေန အတ္တဒန္တေန ဒန္တတာယ အတ္တဒန္တော။ ဤအလို “အတ္တနာ+ဒန္တော အတ္တဒန္တော-မဂ်စိတ် ၄ပါးဖြင့် ဆုံးမပြီးသူ”ဟုပြု၊ (တစ်နည်း) “အတ္တာ စ+သော+ဒန္တော စာတိ အတ္တဒန္တော(ယဉ်ကျေးပြီးသောမဂ်စိတ်)၊ အတ္တဒန္တေန+ဒန္တော အတ္တဒန္တော-ယဉ်ကျေးပြီးသော မဂ်စိတ်၄ပါးဖြင့် ဆုံးမပြီးသူ၊ [“အတ္တဒန္တဒန္တော”ဟု ဆိုလို လျက် ရှေ့ဒန္တကိုချေ၊]”ဟု ကြံ။
အံ၊ဋ္ဌ၊၃၊၁၁၁။ ။ အတ္တဒန္တန္တိ အတ္တနာယေဝ ဒန္တံ၊ န အညေဟိ ဒမထံ ဥပနီတံ။ ဤအလို “အတ္တနာ+ဒန္တော အတ္တဒန္တော-ကိုယ်တိုင်သာ လျှင် ဆုံးမပြီးသူ”ဟုပြု။
ပေတ၊ဋ္ဌ၊၂၄၈။ ။ အတ္တဒန္တန္တိ ဥတ္တမေန ဒမထေန ဒမိတစိတ္တံ။ ဤအလို “အတ္တာ+ဒန္တော ယဿာတိ အတ္တဒန္တော-အရဟတ္တမဂ်ဖြင့် ဆုံးမ အပ်ပြီးသော စိတ်ရှိသူ”ဟု ပြု။ [ဥတ္တမဒမထော နာမ အရဟတ္တမဂ္ဂေါ၊- အံ၊ဋ္ဌ၊၂၊၂၉၉။]
သာမာဝတိ မံ တာယဿု, တွဉ္စ မေ သရဏံ ဘဝ။
သာမာဝတိ၊ သာမာဝတီ! (အဟံ၊ ငါသည်။) သမ္မုယှာမိ သမ္မုယှာမိ သမ္မုယှာမိ၊ ပြင်း စွာ တွေဝေပါ၏။ ပမုယှာမိ ပမုယှာမိ ပမုယှာမိ၊ အပြားအားဖြင့် တွေဝေပါ၏။ မေ၊ ငါ၏ (စိတ်၌)။ ဝါ၊ အား။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဒိသာ၊ အရပ်မျက်နှာတို့သည်။ မုယှန္တိ မုယှန္တိ မုယှန္တိ၊ တွေဝေပါကုန်၏။ (မထင်တော့ကုန်)။ သာမာဝတိ၊ တီµ မံ၊ ငါ့ကို။ တာယဿု၊ (မကောင်းကင်းပျောက်, ကောင်းကျိုးရောက်အောင်) , စောင့်ရှောက်ပါလော။ တွဉ္စ၊ သင် သည်လည်း။ မေ၊ ငါ၏။ သရဏံ၊ ကိုးကွယ်ရာသည်။ ဘဝ၊ ဖြစ်ပါ လော။ (၈၂)
သမ္မုယှာမိ ပမုယှာမိ ။ ။ သံ+မုဟ+ဒိဝါဒိယ+မိ၊ “ဟဝိပရိယယော” ဟူသော ယောဂဝိဘာဂဖြင့် ဟနှင့်ယ ရှေ့နောက်ပြန်၊ သံသဒ္ဒါ ဘုသ အနက်, ပသဒ္ဒါ ပကာရအနက်ယူ၍ ပေးခဲ့သည်၊ ဓမ္မယော-၃၁၌ သံသဒ္ဒါ သမန္တအနက်, ပသဒ္ဒါ ပမုခအနက်ယူ၍ “သမ္မုယှာမိ-ထက်ဝန်းကျင် (အစ အလယ်အဆုံး၌) တွေဝေပါ၏၊ ပမုယှာမိ-အစ၌ တွေဝေပါ၏”ဟု ပေး စေ၏။
သဗ္ဗာ...တာယဿူ။ ။ သဗ္ဗာ မုယှန္တိ မေ ဒိသာတိ မမ သဗ္ဗာ ဒိသာ နုပဋ္ဌဟန္တိ၊ ဒိသာမူဠှောသ္မီတိ ဉာပယတိ။ တာယဿူတိ အဃဿ တာယနေန, ဟိတဿ စ ဝိဓာယနေန ရက္ခဿူတိ အတ္ထော ဒဋ္ဌဗ္ဗော၊- ပဋိသံ-၃၇၇။
ဧသ ဗုဒ္ဓေါ မဟာရာဇ, ဧသ ဗုဒ္ဓေါ အနုတ္တရော၊ သရဏံ ဂစ္ဆ တံ ဗုဒ္ဓံ, တွဉ္စ မေ သရဏံ ဘဝ။
မဟာရာဇ၊ မြတ်သောမင်း! တွံ၊ အရှင်မင်းမြတ်သည်။ မံ၊ ကျွန် တော်မျိုးမကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ မာ ဂစ္ဆ၊ မဆည်းကပ် ပါနှင့်။ အဟံ၊ ကျွန်တော်မျိုးမသည်။ ယံ၊ အကြင်မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်ပါပြီ။ ဧသ (ဧသော)၊ ဤကျွန်တော်မျိုးမကိုးကွယ်ရာ မြတ်စွာဘုရားသည်။ ဗုဒ္ဓေါ၊ သိရန် မှန်က, မကျန်ရအောင်, လုံးဝသိမြင်, ဘုရားရှင်ပါတည်း။ ဧသ (ဧသော)၊ သည်။ အနုတ္တရော၊ မိမိထက် လွန်မြတ်သောပုဂ္ဂိုလ်ရှိ တော်မမူသော။ ဝါ၊ အမြတ်ဆုံးဖြစ်တော်မူသော။ ဗုဒ္ဓေါ၊ တည်း။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆ၊ ဆည်းကပ်ပါလော။ တွဉ္စ၊ အရှင်မင်းမြတ်သည်လည်း။ မေ၊ ကျွန် တော်မျိုးမ၏။ သရဏံ၊ သည်။ ဘဝ၊ လော။ (ဋ္ဌ-၈၃)
သာမာဝတိ မံ တာယဿု, တွဉ္စ မေ သရဏံ ဘဝ။
သာမာဝတိ၊ တီ! ဧသ (ဧသောအဟံ) ၊ ဤငါသည်။ ဘိယျော၊ လွန်စွာ။ ပမုယှာမိ၊ ၏။ မေ၊ ငါ၏ (စိတ်၌)။ ဝါ၊ အား။ သဗ္ဗာ၊ ကုန် သော။ ဒိသာ၊ တို့သည်။ မုယှန္တိ၊ ကုန်၏။ သာမာဝတိ၊ တီµ မံ၊ ကို။ တာယဿု၊ လော။ တွဉ္စ၊ လည်း။ မေ၊ ၏။ သရဏံ၊ သည်။ ဘဝ၊ လော။ (၈၄)
ဥပဓီဗန္ဓနော ဗာလော, တမသာ ပရိဝါရိတော၊
သဿတောရိဝ ခါယတိ, ပဿတော နတ္ထိ ကိဉ္စနံ။
(ဣဓ၊ ဤလောက၌။) (ယော) လောကော၊ အကြင်သတ္တဝါ အပေါင်းသည်။ ဘဗ္ဗရူပေါဝ (ဘဗ္ဗရူပေါ+ဣဝ) ၊ အရိယာဇာတ် အားဖြင့် ဖြစ်မည့်သူ၏အဖြစ်ဟူသော သဘောရှိသကဲ့သို့။ ဝါ၊ ကျွတ်ထိုက်သူ၏အဖြစ်ဟူသော သဘောရှိသကဲ့သို့။ (ဟုတွာ၊ ၍။) ဒိဿတိ၊ ထင်ရှား၏။ (သောပိ၊ ထိုသတ္တဝါအပေါင်းကိုသော်မှ လည်း)။ မောဟသမ္ဗန္ဓနော၊ မောဟသည် တုပ်နှောင်အပ်၏။ (တစ်နည်း) (သောပိ၊ သည်သော်မှလည်း။) မောဟသမ္ဗန္ဓနော၊ မောဟနှင့် စပ်နေ၏။ (ယသ္မာ၊ အကြင်ကြောင့်။) ဗာလော၊ ဗာလမည်တွင်,အန္ဓပုထုဇဉ်ကို။ တမသာ၊ မောဟတည်းဟူသောအမိုက် မှောင်သည်။ ပရိဝါရိတော၊ ထက်ဝန်းကျင် ပိတ်ဖုံးအပ်ပြီ။ (တသ္မာ၊ ကြောင့်။ သော၊ ထိုဗာလမည်တွင်, အန္ဓပုထုဇဉ်ကို။ ဥပဓိဗန္ဓနော၊ ကာမ ခန္ဓာ, ကိလေသာဟု, ၃ဖြာပြားဘိ, ဥပဓိတို့သည် တုပ်နှောင် အပ်၏။ (တတော ဧဝ၊ ထိုကြောင့်သာလျှင်။) သဿတော ဣဝ၊ အခါခပ်သိမ်း ထင်ရှားရှိသကဲ့သို့။ ဝါ၊ မြဲသကဲ့သို့။ ခါယတိ၊ သူ၏ စိတ်မှာ ထင်ရှားစွာ ဖြစ်ပေါ်နေ၏။ ပဿတော၊ ဝိပဿနာ, မဂ် ပညာဖြင့်, မှန်စွာသိမြင်, ပညာရှင်၏။ ဝါ၊ မှာ။ ကိဉ္စနံ၊ ဖိစီးနှိပ်စက် တတ်သော ရာဂစသော ကိလေသာသည်။ [ကိဉ္စတိ မဒ္ဒတိ အဘိဘဝတီတိ ကိဉ္စနံ။ သံ၊ဋီ၊၁၊၂၁၂။] နတ္ထိ၊ မရှိ။ (ဋ္ဌ-၈၅)
ဘဗ္ဗရူပေါဝ။ ။ အရိယာယ ဇာတိယာ ဘဝတိ ဇာယတီတိ ဘဗ္ဗော၊ “ဘဝတိ”ဟု ဝတ္တမာန်ဖြင့် ဆိုသော်လည်း အရိယာဖြစ်ဆဲကို မယူရ၊ အရိ ယာဖြစ်ခါနီးကို ယူရသည်၊ ဝတ္တမာန်၄မျိုးတွင် သမီပဝတ္တမာန်တည်း၊ (တစ်နည်း) “ဘဝိဿတိ ဇာယိဿတီတိ ဘဗ္ဗော-အရိယာဖြစ်မည့်သူ”ဟု ပြု(မဟာနိ၊ဋ္ဌ၊၂၅၉)၊ ဘဗ္ဗ၌ ဘာဝပ္ပဓာန, ဘာဝလောပကြံ၊ ရူပသဒ္ဒါ သဘာဝအနက်တည်း၊ “ဘဗ္ဗော+ရူပံ ယဿာတိ ဘဗ္ဗရူပေါ”ဟု ဆက်ပါ၊ ဆရာတို့အလို “ဘဝိတဗ္ဗောတိ ဘဗ္ဗော-သစ္စာ၄ပါးကို သိဖို့ ဖြစ်ထိုက်သူ”ဟု ပြုသဖြင့် “ဘဗ္ဗရူပေါဝ-သစ္စာ၄ပါးကို သိဖို့ ဖြစ်ထိုက်သူ၏ အဖြစ်ဟူသော သဘောရှိသကဲ့သို့”ဟု ပေးရမည်။ (ပါရာဘာ.၂, ၁၈၇)
နေတ္တိ၊ဋ္ဌ၊၁၂၄။ ။ ဥဒါန.ဋ္ဌအတိုင်း “ဘဗ္ဗရူပေါ+ဣဝ”ဟု ဖြတ်၍ ပေးခဲ့သည်၊ နေတ္တိ၊ဋ္ဌ၊၁၂၄၌ “ဘဗ္ဗရူပေါဝ ဒိဿတီ ဘဗ္ဗရူပေါဝ ဒိဿတီ ဘဗ္ဗရူပေါဝ ဒိဿတီတိ ဝိပန္နဇ္ဈာသယောပိ မာယာယ သာဌေယျေန စ ပဋိစ္ဆာဒိတသဘာဝေါ ဘဗ္ဗဇာတိကံ ဝိယ အတ္တာနံ ဒဿေတိ”ဟု ဖွင့်၏၊ ထို၌ “ဘဗ္ဗဇာတိကံ ဝိယ”ကို ကြည့်၍ “ဘဗ္ဗရူပေါဝ”ကို “ဘဗ္ဗရူပံ+ဣဝ”ဟုဖြတ်၊ နိဂ္ဂဟိတ်ချေ, တဒမိနာဒီနိ (မောဂ်-၄၇), တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် ပ၏ အ-ကို ဩ ပြု(နိဒီ-၂၆)၊ ထို အလို “လောကော-သတ္တဝါအပေါင်းသည်၊ မောဟသမ္ဗန္ဓနော-မောဟဟူ သော အကြောင်းရှိသော သံယောဇဉ်တို့နှင့် စပ်နေ၏၊ (အတ္တာနံ-မိမိကိုယ် ကို၊) ဘဗ္ဗရူပေါဝ (ဘဗ္ဗရူပံ+ဣဝ)-ကိုကဲ့သို့၊ ဒိဿတိ-မြင်စေ၏”ဟုပေး။
ဒိဿတိ။ ။ ဥဒါန.ဋ္ဌအလို ဒိသ+ဒိဝါဒိယ+တိ၊ ယကို ပုဗ္ဗရုပ်သ်ပြု၍ ပြီးစေရာ၏၊ နေတ္တိဋ္ဌအလို “ဒဿေတိ”ဟု ဖွင့်သဖြင့် ဒိသ+ယ+ကာရိတ် ဏေ+တိ၊ ကာရိတ်ပစ္စည်း ချေ၍ ပြီးစေရာ၏။
မောဟသမ္ဗန္ဓနော။ ။ ဥဒါန၊ဋ္ဌ၊၃၅၀၌ “မောဟေန ပလိဂုဏ္ဌိတော”ဟု ဖွင့်၏၊ “သမ္ဗန္ဓိတဗ္ဗောတိ သမ္ဗန္ဓနော၊ မောဟေန+သမ္ဗန္ဓနော မောဟ- သမ္ဗန္ဓနော”ဟုပြု၊ နေတ္တိ၊ဋ္ဌ၊၁၂၄၌ကား “အဝိဇ္ဇာဟေတုကေဟိ သံယောဇနေဟိ ဗန္ဓော”ဟု ဖွင့်သဖြင့် “မောဟော+ဟေတု ယေသန္တိ မောဟ-ဟေတုကာ-မောဟဟူသော အကြောင်းရှိသော သံယောဇဉ်တို့၊ မောဟ- ဟေတုကေဟိ+သမ္ဗန္ဓနော မောဟသမ္ဗနော”ဟုပြု၊ ဟေတုကပုဒ်ချေ၊ (တစ်နည်း) “မောဟေန+သမ္ဗန္ဓနော မောဟသမ္ဓနော-မောဟနှင့် စပ်နေ၏”ဟုပြု၍ မောဟအရ ဥပလက္ခဏနည်းဖြင့် သံယောဇဉ် ၁၀ပါးကိုယူ။
ဥပဓိဗန္ဓနော...ခါယတိ ။ ။ ဥပဓီယတိ ဧတ္ထာတိ ဥပဓေယော (သံ၊ဋ္ဌ၊၁၊၃၀)၊ ဗန္ဓိတဗ္ဗောတိ ဗန္ဓနော၊ ဥပဓီဟိ+ဗန္ဓနော ဥပဓိဗန္ဓနော၊ (တစ်နည်း) ဥပဓီသု ကိလေသာနံ ဗန္ဓနံ ယဿ ဗာလဿာတိ ဥပဓိဗန္ဓနော-ဥပဓိတို့၌ ကိလေသာတို့၏ တုပ်နှောင်ခြင်းရှိသူ(နေတ္တိဝိ-၁၉၄)၊ ဆန်းကြောင့် ဒီဃပြု၍ ဂါထာ၌ “ဥပဓီဗန္ဓနော”ဟု ရှိသည်၊ “ဥပဓိဗန္ဓနော-အပ်သော၊ ဗာလော-ကို၊ တမသာ-သည်၊ ပရိဝါရိတော-၏”ဟုလည်း အလွယ်ပေးနိုင်၏၊ အထက်၌ “ဗာလော တမသာ ပရိဝါရိတော”ကို ကာရဏဝါကျ, “ဥပဓီဗန္ဓနော”ကို ဖလဝါကျ, “သဿတောရိဝ ခါယတိ”ကို လဒ္ဓဂုဏဝါကျအနေဖြင့်ဖွင့်သော ဥဒါ န.ဋ္ဌ, ၃၅၀နှင့်အညီ ပေးခဲ့သည်။
သာမာဝတီဝတ္ထုပါဠိဂါထာ
အပ္ပမတ္တာ န မီယန္တိ, ယေ ပမတ္တာ ယထာ မတာ။
အပ္ပမာဒေါ၊ မပေါ့မဆ, နေထိုင်ရကြောင်း, ကောင်းသော သတိသည်။ အမတပဒံ၊ မအိုမသေ, အမြဲနေရန်, နိဗ္ဗာန်ရောက် ကြောင်း, ကောင်းသောအကျင့်တည်း။ ပမာဒေါ၊ မေ့လျော့ပေါ့ဆ, နေထိုင်ရကြောင်း, မကောင်းသော အကုသိုလ်စိတ္တုပ္ပာဒ်သည်။ မစ္စုနော၊ ထပ်တလဲလဲ, တသေတည်းသေရခြင်း၏။ ပဒံ၊ အကြောင်း တည်း။ အပ္ပမတ္တာ၊ မမေ့မလျော့, မပေါ့မဆ, နေထိုင်ကြတောင်း, သူတော်ကောင်းတို့သည်။ န မီယန္တိ၊ မကြာမီဘဝ, မဂ်ဖိုလ်ရကြ သဖြင့်, မသေကြရတော့ကုန်။ [န မီယန္တိ၊ မကြာမီကာလ, မဂ်ဖိုလ်ရ သဖြင့်, ဘဝပြတ်သုံး, မသေဆုံးရတော့ကုန်။] ယေ (သတ္တာ)၊ အကြင် သတ္တဝါတို့သည်။ ပမတ္တာ၊ မေ့လျော့ပေါ့ဆ, နေထိုင်ကြ၏။ (တေ သတ္တာ၊ မေ့လျော့ပေါ့ဆ, နေထိုင်ကြရှာ, ထိုသတ္တဝါတို့သည်။) မတာ ယထာ၊ သေသူများနှင့်, မခြားတမူ, အလားတူကြလေကုန် ၏။ (ပါ-၂၁)
အပ္ပမာဒေ ပမောဒန္တိ, အရိယာနံ ဂေါစရေ ရတာ။
ပဏ္ဍိတာ၊ လောကအကြောင်း, ဓမ္မအကြောင်းကို, ကောင်း ကောင်းမြင်သိ, ပညာရှိတို့သည်။ ဧဝံ ဝိသေသတော၊ မမေ့သော သူ, မေ့သောသူတို့, မတူကွဲပြား, ဤကဲ့သို့သောအထူးအားဖြင့်။ ဉတွာ၊ နိဗ္ဗာန်အထိ, အပါယ်ထိအောင်, မိမိရရ, သိကြသည်ဖြစ် ၍။ အပ္ပမာဒမှိ၊ မမေ့မလျော့, မပေါ့မဆ, နေထိုင်ရကြောင်း, ကောင်းသောသတိ၌။ (ဌတွာ၊ နောက်ပြန်မလည်, အခြေတည်၍။ အပ္ပမာဒံ၊ စ၍တည်မိ, ထိုသတိကို။ ဝဍ္ဎေုန္တာ၊ တစ်ဆင့်ထက် တစ် ဆင့်, ရင့်ထက်ရင့်အောင်, မလင့်ပုံသေ, တိုးပွားစေကုန်လသော်။) အပ္ပမာဒေ၊ မမေ့မလျော့, မပေါ့မဆ, နေထိုင်ရကြောင်း, ကောင်း သော သတိ၌။ ပမောဒန္တိ၊ ဝမ်းမြောက်ရွှင်ပြ, နှစ်သက်ကြကုန်၏။ အရိယာနံ၊ ဘုရားပစ္စေကာ အရိယာသာဝကတို့၏။ ဂေါစရေ၊ ကျက်စားရာမှန်, သတိပဋ္ဌာန်စရှိ, ဗောဓိပက္ခိယတရား, လောကုတ္တရာတရား၌။ ရတာ၊ အမြဲရွှင်ပျော်, မွေ့လျော်တော်မူကြကုန်၏။ (ပါ-၂၂)
ဖုသန္တိ ဓီရာ နိဗ္ဗာနံ, ယောဂက္ခေမံ အနုတ္တရံ။
တေ ဓီရာ၊ အပ္ပမာဒ, အခြေရ၍, အပ္ပမာဒ၌, နှစ်ခြိုက်မွေ့ လျော်, ရွှင်ပျော်ကြတောင်း, ထိုပညာရှိသူတော်ကောင်းတို့သည်။ ဈာယိနော၊ ကသိုဏ်းအစရှိသောအာရုံ, အနိစ္စအစရှိသော လက္ခ ဏာ, နိဗ္ဗာန်၏ တထလက္ခဏာကို စူးစိုက်စွာ ရှုကုန်သည်။ သာတတိကာ၊ မပြတ်ဖြစ်ဘိ, ကာယိက စေတသိက, ဝီရိယရှိကြသည်။ နိစ္စံ ဒဠှပရက္ကမာ၊ အမြဲခိုင်တင့်, အဆင့်ဆင့်လျှင်, အမြင့်တက် ကြောင်း, ကောင်းသောဝီရိယရှိကြသည်။ (ဟုတွာ)။ ယောဂက္ခေမံ၊ ယောဂ၄-ပါးတို့ဖြင့် ဘေးမရှိသော။ (ယောဂအားလုံး, ဘေးကုန်ဆုံးရာဖြစ်သော)။ အနုတ္တရံ၊ မိမိထက် လွန်မြတ်သောတရားမရှိသော။ ဝါ၊ အမြတ်ဆုံးသော။ နိဗ္ဗာနံ၊ အသင်္ခတ, အမတဓာတ်, နိဗ္ဗာန် မြတ်ကို။ ဖုသန္တိ၊ ဖလသမာ, ဝင်စားကာဖြင့်, ကောင်းစွာပိုင်ပိုင်, ထိရောက်နိုင်ကြကုန်၏။ (ပါ-၂၃)
သာမာဝတီဝတ္ထုဂါထာနိဿယပြီးပြီ။