မာတိကာသို့ ခုန်သွားရန်

ကံကြုံလှီခိုက် တေးထပ်

ဝီကီရင်းမြစ် မှ
ကံကြုံလှီခိုက် တေးထပ်
by စလေ ဦးပုည
899ကံကြုံလှီခိုက် တေးထပ်စလေ ဦးပုည

ငွေစန္ဒီ သိမ်ကြွေ့မှ၊
တိမ်ငွေ့တဲ့ ပုံညီ။
ကံကုသိုလ် ကြုံလှီလှသည်၊
ဂုဏ်သီသီ နွဲ့တုံး။
မကြည်သူ့မျက်နှာကို၊
သက်သာအောင် ရေးယူကြဦး။
ကြံရက်နှင့် သည်ကိုယ်မှာ၊
ချစ်ကြည်ညို မဆုံး၊
မညှာဟန် သာဆုံးက၊
မုန်းမာန်ရိပ် ပါပါ၊
မြေနိမ့်ရာ လှံထား၊
ကြံအားပေ့ ပုံလက္ခဏာ၊
မျက်နှာထား တစ်ဆိတ်မာရင်၊
လိပ်ပြာတော် သေးသူမို့၊
အရေးယူစေချင်၊
ဘုန်းလက်ရှိခင်၊
မီးခတဲ့ ရွှေရင်ကို၊
ချစ်ရေစင်ဖြန်းပါမှလေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။