မာတိကာသို့ ခုန်သွားရန်

ကဏ္ဍ:တေးထပ်

ဝီကီရင်းမြစ် မှ

မြန်မာစာ‌ပေတွင် ကဗျာဟူ‌သော မူလပင်မ၌ လင်္ကာ၊ သီချင်းဟု အခက်အလက်ရှိရာ ‌တေးရိုး၊ ‌တေးဆန်းသည် သီချင်းစုတွင် ပါဝင်သည်။ သက္ကရာဇ် ၉၅၉ မှ ၁၁၁၃ ခုနှစ် အထိထွန်းကားခဲ့‌သော ‌ညောင်ရမ်း‌ခေတ်တွင် ‌တေးရိုးကဗျာ ‌ပေါ်‌ပေါက်လာခဲ့သည်။ ယင်း‌တေးရိုးတို့ကို ဆယ့်နှစ်ရာသီဖွဲ့ များကို ဖွဲ့ဆိုရာ၌ သုံး‌လေ့သုံးထရှိကြသည်။ ထို‌တေးရိုး၏ နမူနာကိုပြရ‌သော်- တန်ခူးဂိမှမှာ ဓာတ်‌တေဇယှဉ်မှီ၊ ခါမိဿချိန်ညီ၊ သဝဏီနက္ခတ်၊ စိတြမည်မကွာ၊ တာရာမှာ ‌ကေဝဓမှတ်။ ပန်းကံ့‌ကော်ရင်ခတ်တို့ ပွင့်ချပ်ကယ်စုံလင်၊ သင်းရနံ့ပျံ့ရွှင်၊ ‌ရေသဘင်ပွဲလမ်း၊ ထိန့်ရိုက်ဆင့်ကြူး‌ကြော်သည် သင်္ကြန်တော်ကျူးရင့်သည့်တမ်း။ ဟူ၍ဖြစ်သည်။

ထို‌တေးရိုးတွင်ပါရှိ‌သော ‌တေးသံကို အကွန့်အတက် ဆန်းပြားစွာဖြင့် ထပ်၍ထပ်၍ ဖွဲ့စည်းသီကုံး အပ်‌သောကဗျာကို ‌တေးထပ်‌ခေါ်သည်ဟု ယူဆကြသည်။

ကဏ္ဍ "တေးထပ်" မှ စာမျက်နှာများ

စုစုပေါင်း ၉၃ အနက်မှ အောက်ပါ စာမျက်နှာ ၉၃ ခုသည် ဤကဏ္ဍတွင် ရှိသည်။