နှစ်ကိုယ်တွေ့မှ ရွာပါ
ပုံပန်းသွင်ပြင်
အမ္ဗုန္ဓာ ဝဠာဟ (ဝလာဟ) (ဝလာက) ရယ်က၊
အာဏာပြပြင်းထန်၊
ငါသာပ တင်းပြန်တယ်၊
မင်းဆန်တဲ့ (မင်းဆန်ဆန်) ရွှေမိုး၊
ကိုးခွင်ပိတ် ပြာမှုန်တယ်၊
ရာဇဂုဏ် ခြိမ်းသံနှင့်ကြိုး(နှိုး)။
မကြည်သူ့ တကိုယ်ရေကို၊
အိုလေစေ (အိုသေစေ)မူပျိုး၊
ဆိုလေလေ သူတိုးလို့၊
ဆိုးပါနှင့်နတ်ဆွေ၊
မစုံသူဖေါ်(နှင့်)ဝေးခိုက်မို့၊
မျှော်တွေးလို့ ဆိုင်းငံ့ပါလေ (ငံ့လင့်ပါလေ)။
ပန်းသ တဲ့ သဉ်ညောင်ဘွေမှာ၊
ခင်မောင်မေနှစ်ကိုယ်တွေ့ခါမှ၊
ပိုသရွေ့ ရက်ပြန်တရာ၊
ချုန်းသွန်(သွန်း)လို့ရွာ၊
မုန်းပါဘူးမိုးဝဠာ(ဝလာ)ရယ်၊
ကိုးကမ္ဘာ(ကပ္ပာ)စွေအုန်းတော့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |