မာတိကာသို့ ခုန်သွားရန်

လမင်းထက် နှစ်လေးသာ

ဝီကီရင်းမြစ် မှ
လမင်းထက် နှစ်လေးသာ
by စလေ ဦးပုည
3070လမင်းထက် နှစ်လေးသာစလေ ဦးပုည

ကောင်းခြောက်ဆယ်လေးရပ် (နှင့်) [မှ]၊‎
သွေးထပ်ထပ် ရုပ်ညီ၊‎
ရှေးနိပါတ် ထုတ်မှီသည်၊‎
ဖုဿတီ ထွတ်(ထွဋ်)ထား၊‎
ဗိမ္မာနတ် ကိန္နရီလို၊‎
တသိင်္ဂီ ယိုးတော့မမှား။‎

ဥမ္မာဒ ရုစာ(ဇာ)မယ်လို၊‎
နုရှာတယ် အသား၊‎
ကုမုနွယ် (မုခနွယ်) [သမုနွယ်] နှုတ်ဖျားက၊‎
ပတ္တမြား သဖွယ်၊ (ပတ္တမြား မြသဖွယ်)‎
ကြယ်ဥက္ကာ ညဉ့်ရောင်မီးလိုပ၊‎
ခင့် [မင့်] မောင်ကြီး ထင်လိုက်လှတယ်။‎

မြင့်ဆောင်ထီး ညောင်လယ်မှာ၊ (မြင့်ဆောင်ထီး အလယ်မှာ)‎
‎ရှုစဘွယ် ပဝင်းလို့၊‎
လမင်းထက် နှစ်လေးသာ၊‎
‎ဧမြလိုက်တာ၊‎
မြင်ရသူ [သူ့] ဖေသက်သာတယ်၊‎
ရွှေမျက်နှာ ကြည်လွန်းလို့လေး။ ။ (ရွှေမျက်နှာ ကြည်လွန်းလှလေး)‎


မှတ်ချက်

  • ( ) အတွင်းရှိစာသားမှာ ဦးတင့်ဆွေ၏ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်မှ မူကွဲဖြစ်သည်။‎
  • [ ] အတွင်းရှိစာသားများမှာ ဂီတဝိသောဓနီကျမ်း (ဒုတိယအကြိမ် ပုံနှိပ်ခြင်း)၊ အပိုင်း-၄၊ ပကဏ္ဏိက ကဏ္ဍ၊ တေးထပ်များ၊ (စာမျက်နှာ-၂၇၁)။ အမှတ်-၂၊ တေးထပ်မှ မူကွဲဖြစ်သည်။ ဘိုးသူတော်ဦးမင်းရေးသော တေးထပ်ဟု တွေ့ရသည်။
  • အချို့က ဤတေးထပ်ကို ဘကြီးတော် ခေါ် စစ်ကိုင်းမင်း၏ မိဘုရားခေါင်ကြီး နန်းမတော်မယ်နုအား မြှောက်ပင့် ချီးကျူးရေးသားသော ဘုန်းတော်ဘွဲ့ဟု ဆိုကြသည်ကို မှတ်သားဖူးပါသည်။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.