မာတိကာသို့ ခုန်သွားရန်

တူနှစ်ကိုယ် လျောင်းမွေ့လို့

ဝီကီရင်းမြစ် မှ
တူနှစ်ကိုယ် လျောင်းမွေ့လို့
by စလေ ဦးပုည
1373တူနှစ်ကိုယ် လျောင်းမွေ့လို့စလေ ဦးပုည

တူနှစ်ကိုယ် လျောင်းမွေ့လို့၊
လောင်းလှေလေး နဝါ၊
စောင်း ပလွေ ဘာဂျာကို၊
သာအယာကျူး၍၊
ဆိုတီးလို့ ယိုယီးဖြာ၊
အိုစီးကာ မြန်းကြစို့ တစ်မေ့။

လှိုင်းကြက်နဲ့ဂယက်ဆော်၊
သရက်မော် အကွေ့၊
မျက်နှာတော် ကလေ့က၊
တထေ့ထေ့ မူလေဟန်၊
လှေငြိမ်အောင် ရေတိမ်ပဲ့ပါ ဖျာ့လို့၊
ပွေရှိန်နဲ့ ပြောသည့်အသံ။

လှိုင်းတက်လို့ လေထန်ပြီ၊
စနေနံ ကိုင်တက်နဲ့၊
ထိုင်လျှက်ပ ကုန်း၍ဆက်လှော်၊
ဖုန်းမေ့ ချက်ပေါ်၊
ခိုးယှက်လို့ မိုးသက်ဆော်ပြီ၊
တိုးဖက်တော်မူ စမ်းဖျာ့လေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။