ညစ်မည့်သူ တေးထပ်
ပုံပန်းသွင်ပြင်
ညစ်မယ်ဆိုရေပစ်၊ (ညစ်မယ်လို့ညစ်ရင်ဖြင့်)
မသစ်တဲ့မျက်နှာ၊
မဖြောင့်ဘူး ထင်ပါလျှင်၊
ဝင်္ကပါ သည်က၊
သူဆန်းလျှင် မှော်ရုံခွင်မှာ၊
ရွှေသမင် လုပ်တဲ့လူပ။
ဆိုးကြစို့ ဆိုပြန်သော်၊
ဗိုလ်ခံခေါ်ဓားပြ၊
သူမာလျှင် စိန်မကပါဘူး၊
သူတင်းကပြတ်မယ်၊
သူဝါလျှင် လည်ပင်းမှာ၊
နနွင်းဘူး ဆွဲလို့သာလွယ်။
သူစိမ်းက မြအလယ်၊
ထည်ခြုံထည်စိမ်းငယ်နှင့်၊ (ထည်ခြုံမယ်အစိမ်းနှင့်)
ဖန်စိမ်းမှန်ကိုကာ၊ (ဖန်စိမ်းမှန်ကိုသာ)
လိမ်းငဲ့ဒုတ္ထာ၊
ဟုတ်မယ်လို့ဟုတ်ပါလျှင်၊
မှုတ်ပါမယ် လက်တင်လို့လေး။ (ဟုတ်ပမယ်လက်လှမ်းလို့လေး)
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |