မာတိကာသို့ ခုန်သွားရန်

ရွှေဓားနှင့် သတ်လှည့်ပါ

ဝီကီရင်းမြစ် မှ
ရွှေဓားနှင့် သတ်လှည့်ပါ
by စလေ ဦးပုည
3029ရွှေဓားနှင့် သတ်လှည့်ပါစလေ ဦးပုည

သေလုပြီ အသက်ငဲ့၊
နေထွက်က နေဝင်။
လှငွေခက် ခိုင်သဇင်ကို၊
ရွှေမျက်မြင် အနီး။
နှုတ်ခွန်းရည် မကျူသာတယ်၊
ပူဗျာပါ သောကလောင်မီး။
ဖြေတတ်ဘူး နေနတ်ညှာ၊
သေသတ်လာ အပြီး။
ရွှေမြတ်စွာ တစ်သီးနှင့်၊
မနီးရ ပြင်ပြင်။
ရေဆိုလျှင် မြေမပြားပါဘု၊
ရွှေဓားနှင့် သတ်ပါ့တင်တင်။
လေလျားတဲ့ ပပြားပင်လို၊
တအားပြင် မခိုခသူမို့၊
စိုရတဲ့ ရွှေမျက်ရည်၊
သွေးဖြစ်လုပြီ။
နန်းစစ်တဲ့ နေသာကီနှယ်၊
မသေမှီ ကယ်ဦးဖျလေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။