မာတိကာသို့ ခုန်သွားရန်

သနပ်ခါးပင်ဘွဲ့ တေးထပ်

ဝီကီရင်းမြစ် မှ
သနပ်ခါးပင်ဘွဲ့ တေးထပ်
by နတ်မောက် ဦးကြော့
3602သနပ်ခါးပင်ဘွဲ့ တေးထပ်နတ်မောက် ဦးကြော့

ပုလဲရည် ငွေနှင်းပျို့၊
လေသွင်းချို့သုတ်ခါ
ရွှေတွင်းမြို့ဥတ္တရာဝယ်၊
ရုက္ခမာ သာမော၊
နွဲ့ကြူးဆင့် ကဲထူးလှိုင်သည်၊
လဲဘူးမြိုင် ပန်းစုံတဲ့တော။

စိမ့်စမ်းကျ ထွေထွေသွန်၊
ရေတံခွန်ကျလျှော၊
ဟေမဝန်မြကြော၊
နံ့သာတောရင့်မှုံ၊
လှလိုက်တာပင်သနပ်ခါး၊
ရှင်နတ်များစိုက်ထားသည့်ပုံ။

အရိုးက ကတိုးထုံသည်၊
အခိုးစုံ ပင်စည်လျှောက်ပါလို့၊
အခေါက်က လေးတရာ၊
မွှေးတဲ့နံ့သာ၊
ရွှေတသန်း ဘွေမန်းညာမှာ၊
ရွှေဂန္ဓာဆင်မြန်းဘို့လေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။