မာတိကာသို့ ခုန်သွားရန်

တပို့တွဲလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်

ဝီကီရင်းမြစ် မှ
1298တပို့တွဲလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်စာရေးကြီး ဦးမောင်ကလေး

နှင်းရည်ဖျန်းခြွေ ထန်းလေ လှုံ့သည်
ချမ်းစေတမုံ့ ထုံ့နဂိုရ်
ဆန်းပွေတမုံ့ မှုံ့အညိုဝယ်
မအုံ့သလို ခိုရောင်ညွန့်။
မပီကလာ့ ပီကလာငယ်
ပလီပလာ နညှင်းသံကကွန့်။

ဟမာ ထွတ်စ ကျေးဝတ်စံသည်
ဆွေးညွတ် တဘန် ကြံဟန်လွန့်။
ပေါက်လဲငုံတံ ဂုဏ်လျှံဖွံ့လို့
စုံယံတသွန့် ခေါင်တံခွန်။
ချိန်မင့်ဘာရီ မာဃီစန်းတို့
တညီစိတ်ဝမ်း တည့်မွန်းထိန်ထိန်ဝှန်။

ယာဂုပွဲနှင့် တင့်ကဲလွန်အောင်
မီးဘုန်းတော်မွန်သာသည်သို့ထက်
တာရှည်တကိုယ့် လုံငြမ်းမမြင်
တုန်ချမ်းထွေစွအင်။
ဂိမှောလှုံ့တဲ့ မိန်ဘုံခွင်ကို
ဂဠုန့်သခင် ကြွမြန်းပါတော့လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။