ဝါဆိုလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်
ပုံပန်းသွင်ပြင်
ဝါဦးပြင်ပြင် သွင်တနဲ
မင်ခဲစျာန်ကြွ ပျံသကို
ဆင်မြဲရန်က တဉာဏ်ဖိုတယ်
မခံချင်ငို ညိုမတဲ့။
ကိုးတန်ခြုံလို့ သံလှုံ့ညီအောင်
အမ္ဗုန်ဝသီ ဖန်တီးနိုင်တော့ခဲ့။
မာလာပုန်းညက် ပွင့်မှန်ကူငယ်
မမူတမူ ခိုင်အနွဲ့။
မကြူ့တကြူ ကြိုင်တလှဲ့နှင့်
ဂနိုင်ပိုင်ချဲ့ ဘုရင်ခံ။
ဘက်နှုန်းမသွေ ဘွေကာသမှာ
တာရာဂဇ ငွေလပြုပ္ပါသဠ်။
သာစုံခတဲ့ သမျှမှန်ဝယ်
ပဝရနိဗ္ဗာန် ရည်သန်ပွားလို့
ငါးပဉ္စ သင်္ဂါယနာ
တင့်ထူးဧကရာ။
ရှင်တော်မြင့်နှင့် ပဉ္စင်လျာကို
သဘင့်မင်္ဂလာ မြှောက်ပြီးချိန်ပလေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |