မာတိကာသို့ ခုန်သွားရန်

ငါသိကြား သိပါရဲ့ကွယ်

ဝီကီရင်းမြစ် မှ
ငါသိကြား သိပါရဲ့ကွယ်
by စလေ ဦးပုည
1041ငါသိကြား သိပါရဲ့ကွယ်စလေ ဦးပုည

ရွှေဝတိန် ဘုံအုပ်
စာလုပ်တိုင်း ငါပါ
ဘယ်တော့ကမှ လူ့ရွာကို
မရှုတာမရှိ။

စိတ်ညစ်တိုင်း အပြစ်တင်သည်
ငါဘုရင် မိုးကအသိ။

အကျင့်တန်စာဂီမှာ
တဆံခြည် မရှိ။

ဘယ်သူမှာ ဘာမရှိတယ်လို့
ငါမသိထင်တယ်
ဘယ်ဖူးစာ ဘယ်မှာငြားတာလဲ
ငါသိကြား သိပါရဲ့ကွယ်။

ကယ်သင့်မှ ငါကယ်မယ်
တကယ်ပင် ဧကန်မှတ်ပါတော့
၀တိန်ရပ် ငါးဘုံစံ
မကောင်းမှု ကျုပ်ကြံလျှင်
ရွှေစာရံ စူးပါစေ့လေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။