ရိုးစွဲချစ်သူ တေးထပ်
ပုံပန်းသွင်ပြင်
မျက်နှာကို ခြေနှင့်ကျောက်စေတော့၊
သွေမဖောက် ခုနော်၊
လင်ငါးယောက် ခုပေါ်စေ၊
ကျွန်တော်က မလွဲ၊
တသက်လုံး လင်ငယ်နေပါ၊
သည်မေကို ရိုးပြာကျစွဲ။
ချစ်လှလို့ သည်းညည်းခံသည်၊
ဆဲရေးသံကိုလဲ၊
အငြိမ့်သံ သည်ပွဲလို၊
စိတ်ထဲက ထင်တယ်၊
ကွာမည်ကို မဆိုလိုက်နှင့်၊
မယ်ရိုက်ရင် ဖုန်းခံပါ့မယ်။
ဘိနပ်နှင့် အရပ်လယ်မှာ၊
မပြတ်ကွယ် မယ်ရိုက်တော့၊
နာလိုက်တဲ့ စိတ်ကယ်နော်၊
ရွေးမျှမပေါ်၊
ခင်လေးက ကြင်ရေးမျှော်လျှင်၊
ထမီလျှော်ခိုင်းပါတော့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |