မာတိကာသို့ ခုန်သွားရန်

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

ဝီကီရင်းမြစ် မှ
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
by လယ်တီဆရာတော်
983ခွင့်သာခိုက်မှ မလိုက်ချင်လျှင်လယ်တီဆရာတော်

ငါးအာရုံ ဘင်အစု၊ ခင်မှုနဲ့ နေ့ကုန်
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း။

ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ မခန်း။

အောက်ဝီစိ သေခင်းအငူမှာ
ခေါင်းမပြူစတမ်း။

နှစ်အရှည် နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်။

ဒေသနာ ထင်အလင်းရယ်နှင့်
နင် အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့။

နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်။

အခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၃၁ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။