လောကကို ကြောက်ပြီ
ပုံပန်းသွင်ပြင်
ရှေးကုသိုလ် စန်းမထခင်မို့၊
အလှမ်းကျတာပါ၊
စွမ်းသမျှ စွမ်းပါသော်၊
ရှမ်းဗမာ မမျှ၊
ဘယ်သူက ပါစင်ခြုံစေ၊
ဖူလုံရုံ ကုပ်မဲ့ဘဝ။
ထုံးခြောက်ဆင် ပုခန်းလာကို၊
အချမ်းသာထင်ရ၊
ကွမ်းတရာ မရွှင်ပြသူမို့၊
အတွင်ပ ရက်ခွာ၊
ဓိပ္ပာယ်ကုန် အပြစ်ကင်းချင်လို့၊
ရှစ်သီတင်း စောင့်ရတော့သာ။
ဖြစ်ရင်းက မဖြောင့်တာကို၊
တအောက်လျာ သက်တမ်းမို့၊
တက်လမ်းကို ဇောမဆီ၊
သြောချပါပြီ၊
မော်ကြွားခိုက် သဘောဖီတယ်၊
လောကီကို ကြောက်လွန်းလို့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |