မာတိကာသို့ ခုန်သွားရန်

တပို့တွဲလဘွဲ့ တေးထပ်

ဝီကီရင်းမြစ် မှ
1297တပို့တွဲလဘွဲ့ တေးထပ်အမတ်ကြီး ဦးပေါ်ဦး

ကုံရာသီ ယှဉ်နွှဲလို့
တပို့တွဲ မာသာ
ဇောဝီသ ပါဒ်သုံးဖြာသည်
ဘဝါးပ ဉ္စာ ရိပ်ကြူး။
ပေါက်လဲပွင့် မာလာငယ်
သည်ချိန်ခါ သင်းပျံ့ပျံ့မြူး။

ဆတ္တိံသ ညဉ့်နာရီမှာ
ဇောစမ္မီ နေ့ကူး။
စည်ခရာ တံမြွာကျူးပါလို့
အလှူးထူးသဘင်။
နှစ်အစဉ် သွေမလွဲပြီဘု
မီးပုံးပွဲ သည်ရာသီတွင်။

ကြယ်မာဃ မြူးရွှင်သည်
စန်းငွေစင် သော်တာလနှင့်
ၿမဲနိစၥ တူမကြာ
ပူးယှဉ်လျက်ပါ။
သန်းခေါင်ညဉ့် ချိန်ခါဝယ်။
ရှိန်အဝါ ထွန်းပါဘိလေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။