ပြာသိုလဘွဲ့ တေးထပ်
ပုံပန်းသွင်ပြင်
လပြာသိုလ် မကာရမှာ
ကြယ်ဖုသျှ ယှဉ်လာ
ဒွါဝီသ ပါဒ်ဖြာငယ်
ရိပ်ဆာယာ ခြောက်ဘဝါး။
ဆတ္တိံသ ညဉ့်နာရီမှာ
ဇောစမ္မီ နေ့မှန်လျက်သား။
ထီးတရာ့ ဦးသျှောင်ငယ်
အာဏာရောင် စက်သွား။
ရန်တကာ ပယ်ရှား၍
တိမ်ညွှန့်စား မြင်းပျံ။
ရိန္ဒမာ လှံကိုစွဲပါလို့
မြင်းခင်းပွဲ သဘင်ခံ။
စုံတောဝ မြိုင်ယံမှာ
ဖူးပွင့်တံ ညှာသီရုန်းလို့
မင်းကေကုံး ဆင်ပါဆို
ပန်းမြခွာညို။
ကြငှန်းမြင့် နန်းတင့်တဲ့ပျိုရယ်
ပန်းပွင့်ကို ယူစမ်းပလေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |