မာတိကာသို့ ခုန်သွားရန်

တခုလပ် တေးထပ်

ဝီကီရင်းမြစ် မှ
1271တခုလပ်အချုပ်တန်း ဆရာဖေ

ရှင်ဘို့မယ်တစ်သက်
မင်းဆက်က ငါးသွယ်၊
နှင်းမပျက် ရုံးချယ်(စုလျားခြယ်) သည်၊
ထုံးတစ်သွယ်(ထားတစ်သွယ်) ဥဒါန်း၊
ဝိဒေဟ မယ်ဥဒုံလို၊
နယ်လူ့ဘုံ ပြောကြစတမ်း။ (ငယ်နုပုံပြောဖို့တငြမ်း။)

သရေခေတ် ပြေဌာနီမှာ (နေသာကီမှာ)
ဘေဒါရီ တစ်ခန်း
ဝေသာလီ ကြငှန်းမတော့(ကြငှန်းက)
နန်းခြောက်ဆက်သာမာ၊
ကြက်တောင်ပြန် စကုပြတ်လိုပါ့ (ကြက်တောင်ပျံ စကုဗျပ်ကဲ့သို့)
တစ်ခုလပ် ကောင်းလေသည့်တာ။

သမုနတ် လောင်းလျာငယ်(သည်)၊
ကောင်းတာကို သူသိမှ (ကြောင်းရာကို သူသိလို့)၊
ယူမိသည့် ရွှေစာစောင်(ဆောင်)၊
နှင်းမဲ့ညာတောင်၊
တစ်ခုလပ် မာယာဆောင်လျှင်(နှောင်သည်)၊
ကညာတောင် သာဘူးကွဲ့လေး။ ။


မှတ်ချက်

  • (..) အတွင်း စာများသည် ဦးတင်မြင့် (ဝိဇ္ဇာ-ဂုဏ်ထူး) တည်းဖြတ်သည့် "ဦးပုည လက်ရွေးစင်စာများ" မှ မူဖြစ်ပါသည်။
  • ရှေးဟောင်းစာပေ သုတေသီတဦး ရေးသားသည့် “အချုပ်တန်း ဆရာဖေ၏ ကဗျာပေါင်းချုပ်” စာအုပ်၊ နောက်ဆက်တွဲ (၁)၊ စာမျက်နှာ-၁၆၀ တွင် “တခုလပ်” ခေါင်းစဉ်ဖြင့် ဖော်ပြထားသော ထေးထပ်မှ စာသားများ ဖြစ်ပါသည်။
  • ဤတေးထပ်ကို ဦးပုည စပ်ဆိုခဲ့သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် အချုပ်တန်းဆရာဖေ စပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဦးပုညရေးသည်ဟု မှားယွင်းစွာ မှတ်တမ်းတင်ထားသည်ဟု ရှေးဟောင်းစာပေသုတေသီတဦးရေးသားသည့် “အချုပ်တန်း ဆရာဖေ ၏ ကဗျာပေါင်းချုပ်” စာအုပ်၊ နောက်ဆက်တွဲ (၁)၊ စာမျက်နှာ-၁၆၀ တွင် “တခုလပ်” ခေါင်းစဉ်ဖြင့် တေးထပ်ပေါင်းချုပ်တွင် ပါဝင်သည့် တေးထပ်ဟု ဖော်ပြထားပါသည်။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.