သူပြောင်ယင်ခေါင်ကွန့်
ပုံပန်းသွင်ပြင်
သူပြောင်ယင် ခေါင်ကွန့်လို့
ကြောင်ဝံ့တဲ့ လူပါ
ရှောင်မတွန့် ကျောက်တော်မာယင်
နောက်တော်ပါသံချောင်း။
ပျော့ကြစို့ ညီလွယ်ယင်
ရွှေဆီဝယ် ချက်တဲ့ဖယောင်း။
အိုးတော်က မဲ့ပိန်ယင်
ရွဲ့လိမ်လိမ် စလောင်း။
သူချိုယင် ကြံချောင်းပါ့
ဉာဏ်စောင်း၍ ခါးမူ။
တမာပင်ထိပ်ဖျားက
ကြက်ဟင်းခါးသီးနိုင်တဲ့လူ။
သူမည်းက မှောင်ကူမယ်
သူဖြူယင် ဖြူချင်းပါ့။
ကြင်ချင်းကြင်မယ်ဆို
ကိုးဆလောက်ပို။
ဆိုးကြစို့ တကယ်ဆိုရင်
ဒမြဗိုလ်လုပ်နိုင်ငဲ့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |