မာတိကာသို့ ခုန်သွားရန်

မောင်းမတထောင် တေးထပ်

ဝီကီရင်းမြစ် မှ
မောင်းမတထောင်
by စလေ ဦးပုည
2852မောင်းမတထောင်စလေ ဦးပုည

ကိုယ့်လင်ကိုယ်သာ ချစ်စေလို့၊
ထုံးအသစ် မထင်၊
လောဘနှင့်တောထချင်၊
ဒေါသဝင်စိတ်ထား၊
‎ဧကန္တ လမ်းမှန်ထင်၊
ကျမ်းဂန်တွင် ရှိကြရဲ့လား။

ယောက်ျားကို မျှစားဝေ၊
ကုသိုလ်တွေ အများ၊
သဘောဉာဏ် ယူသင့်သားနှင့်၊
ရန်စကား သူကြွယ်၊
အင်မတန် လင်မာန်ရောက်၊
ဆင်ရန်ပေါက် နင်းပြန်တော့တယ်။

‎ဝိဓူရ မတ်ဘုန်းကြွယ်ငယ်၊
အသိမ်းဝယ် မဆိုထားပါနှင့်၊
မယားကြီး တထောင်စံ၊
ကျမ်းထွက်အမှန်၊
မောင်လိုနုတဲ့ ပုထုဇန်ကို၊
မယ်ဆိုရန် ရှိဘူးကွဲ့လေး။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.